သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-08
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုအတွင်း သေဆုံးသူ ၁၀၀၀ ထက်မနည်းရှိနိုင်ပြီး၊ သေဆုံးသူ အများစုဟာ လူနည်းစု ရိုဟင်ဂျာမွတ်ဆလင်တွေလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ယန်ဟီးလီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2017-09-08
စစ်တွေမြို့ကို ရောက်ရှိနေတဲ့ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ကို ထင်ရှားကျော်ကြားတဲ့ မဏိရတနာ ပရိပတ္တိစာသင်တိုက်က ဘဒ္ဒန္တသောမ ဆရာတော်ကြီးနဲ့ အလိုတော်ပြည့်ကျောင်းတိုက် က ဆရာတော် အရှင် ဘဒ္ဒန္တပညာဇောတတို့က ဒီကနေ့ လက်ခံတွေ့ဆုံခဲ့ပေမယ့် တခြား ဆရာတော်တွေက ငြင်းဆိုခဲ့ပါတယ်။
2017-09-08
မွန်ပြည်နယ်အစိုးရ လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးဌာနက ဝန်ထမ်း ၃၃ ဦး ကို မြေယာပြဿနာတွေမှာ ပါဝင်ပတ်သက်တာတွေကြောင့် လက်ရှိအစိုးရသစ်လက်မှာ အရေးယူထားတယ်လို့ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး က ပြောပါတယ်။
2017-09-08
မြန်မာနိုင်ငံဒေသတချို့မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ကချင်ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့တွေအနေနဲ့ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြဖို့ ပြည်နယ်ရဲတပ် ဖွဲ့ရုံးက ညွှန်ကြားထားပါတယ်။
2017-09-08
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ လောက်ဟာ လုပ်ငန်းခွင် ကျွမ်းကျင်ကြေး နဲ့ နှစ်ပြည့်ကြေး တိုးမြှင့်သတ်မှတ်ပေး ဖို့ အပါအဝင် အချက် ၁၄ ချက်ကို တောင်းဆို ဆန္ဒပြနေကြပါတယ်။
2017-09-08
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သံရုံးကို နေပြည်တော်မှာ ရွှေ့ပြောင်း ဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ နေပြည်တော်က Grand ACE Villa မှာ တရုတ်သံရုံးရဲ့ ယာယီ ဆက်ဆံရေးရုံးကို ဒီကနေ့ ဖွင့်လှစ်လိုက်ပါတယ်။
2017-09-08
မွန်ပြည်နယ်မှာရှိတဲ့ ရာဘာစက်ရုံတွေ အစိုးရက သတ်မှတ်ထားတဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် EMP အတိုင်း လိုက်နာဆောင်ရွက်မှုမရှိရင် ချိုးဖေါက်တဲ့ စက်ရုံတွေကို ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
2017-09-08
ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို ဖုံးကွယ်ပြီးတော့ အကြမ်းဖက်မှုတွေ ဆက်လက်လုပ်ဆောင်လာအောင် အားပေးလှုံ့ဆော်လို့ဆိုပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးရွှေမောင်ကို ဘူးသီးတောင်မြို့နယ် ရဲစခန်းမှာ ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။
2017-09-08
ရခိုင်ပြည်နယ် မောင်တောဒေသ နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး အဲဒီဒေသ ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ မနီလာသိန်းကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2017-09-08
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို သြဂုတ် ၇ ရက်နေ့က သွားရောက်ခဲ့တဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်တွေကို မြို့ခံ ၇၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။
2017-09-08
ရခိုင်ပြည်နယ် မောင်တောဒေသကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတွေ ထောင်နဲ့ချီ ရှိနေပါတယ်။
2017-09-08
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ နိုင်ငံအနှံ့မှာရှိတဲ့ ကွန်ယက်တွေနဲ့ လေးကြိမ်မြောက် တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ သာသနာ့ရိပ်သာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-09-08
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်မှာ အာမခံနဲ့ တရားရင်ဆိုင်နေတဲ့ ပြင်စာကျေးရွာက တောင်သူတွေနဲ့ ဒီတောင်သူတွေကို ကူညီပေးနေတဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၁ ဦးကို ပြင်ဦးလွင်ခရိုင် တရားရုံးက အာမခံ ရုပ်သိမ်းလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် အာမခံ ရုပ်သိမ်းခံထားရတဲ့ ဦးမျိုးဝင်းက တရားရုံးရှေ့မှာ စက်တင်ဘာလ (၇) ရက်နေ့ ဒီကနေ့ ဆန္ဒပြခဲ့ပါတယ်။
2017-09-08
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ အဓိကနေရာတွေကနေ ပါဝင်ခဲ့သူတွေထဲက ဆရာတော် ဦးပညာဇောတ၊ အရင် ရဟန်းဘဝမှာ ဦးဃောသိတ အဖြစ်ကနေ အခုလူဝတ်လဲထားတဲ့ ကိုချိုနိုင်၊ ကဗျာဆရာအောင်ဝေးနဲ့၊ ဓာတ်ပုံသတင်းထောက် လောအယ်စိုးတို့ လေးဦးဟာ လက်ရှိမှာ အမေရိကန် ပြည်ထောင်စုမှာ အခြေချ နေထိုင်နေကြပါတယ်။
2017-09-07
မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတိုင်းကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။