သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းထောက်တွေ ထောင်ဒဏ်အပြစ်ပေးခံရတာဟာ သတင်းထောက်တွေဖြစ်လို့ မဟုတ်ဘဲ အစိုးရလှို့ဝှက်ချက် ဥပဒေကို သူတို့ ချိုးဖေါက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley နစ်ကီး ဟေးလီ က လူမျိုးတုံးရှင်းလင်းမှု ဖေါ်ထုတ်ခဲ့သူတွေ ထောင်ဒဏ်အပြစ်ပေးခံရတာကို တရားမျှတလေဟန် ပြောဆိုခဲ့တဲ့အတွက် မယုံကြည်နိုင်စရာပါပဲလို့ မနေ့က ဝေဖန်လိုက်ပါတယ်။
2018-09-13
ရှမ်းပြည်နယ် လားရှိုးမြို့မှာ အသစ်ဖွင့်လှစ်မယ့် ရေပန်းဥယျာဉ်အတွက် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ အလုပ်သမားတချို့ လုပ်ခမရကြဘူးလို့ တိုင်ကြားတာတွေ ရှိနေတဲ့အတွက် လားရှိုးခရိုင် အလုပ်သမားဥပဒေ စိစစ်ရေးရုံး တာဝန်ရှိသူတွေက လုပ်ငန်းရှင်နဲ့ ညှိနှိုင်းဖြေရှင်းပေးနေပါတယ်။
2018-09-13
ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်တဲ့အတွက် ရေစီးနဲ့မျောပါပြီး သေဆုံးခဲ့တဲ့ထဲမှာ ကိုယ်ဝန် ၈ လ ရှိနေတဲ့ ဒေါ်စိုးသန်းလည်း ပါဝင်ပါတယ်။ ဒေါ်စိုးသန်းရဲ့မိခင်နဲ့ သားဖြစ်သူတို့ကို သူတို့နေထိုင်တဲ့ ရေတာရှည် မြို့နယ် ဆွာမင်းလမ်း ကျေးရွာအုပ်စု ကြာအင်းကျေးရွာကို RFA က သွားရောက်တွေ့ဆုံပြီး အဖြစ်အပျက်ကို မေးမြန်းခဲ့ပါတယ်။
2018-09-13
မန္တလေးမြို့မှာ အခုလပိုင်းတွေအတွင်း ဖြစ်ပေါ်နေတဲ့ ခိုးဆိုးလုယက်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံတွေ ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးမယ့်ပွဲကို တိုင်းအစိုးရက ခွင့်ပြုချက် မပေးခဲ့ဘူးလို့ သိရပါတယ်။
2018-09-13
မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ရာဇဝတ်မှုခင်းတွေ ထူပြော များပြားလာနေဆဲ ဖြစ်နေပါတယ်။ သာမန် လူထုအတွင်း စီးပွားရေး ကျဆင်းလာနေတာ၊ မူးယစ်ဆေးဝါး ပြဿနာနဲ့ လုံခြုံရေးဝန်ထမ်းအင်အား မလုံလောက်တဲ့ အခြေအနေတွေကလည်း မှုခင်းတွေ များပြားလာစေတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
2018-09-13
ရိုက်တာသတင်းထောက်နှစ်ယောက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတာဟာ သတင်းထောက်တွေဖြစ်လို့ ထောင်ဒဏ် အပြစ်ပေးတာမျိုး မဟုတ်ဘဲ နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း တရားရုံးက ဆုံးဖြတ်တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရတာ ဖြစ်တယ်လို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ဒီနေ့ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
2018-09-13
ကချင်ပြည်နယ်အတွင်း ယာယီရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြစ်ဆုံတစ်လျှောက်က ကျေးရွာတွေမှာ တရုတ်ကုမ္ပဏီဘက်က စည်းရုံးရေးဆန်ဆန် ဟောပြောတာတွေ၊ အသိပညာပေးတာတွေ လာရောက်လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-09-13
ကမ္ဘာကျော် စတားဘတ် (Starbucks ) ကော်ဖီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်ကို ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။
2018-09-13
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံလိုက်ရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက “နိုင်ငံရေးအကျဉ်းသား” အဖြစ် သတ်မှတ်ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
2018-09-13
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှာ တရားခံတွေ လွတ်မြောက်ဖို့အတွက် တိုင်းဥပဒေ အရာရှိချုပ် အပါအဝင် ဥပဒေအရာရှိ ၆ ဦးကို မိသားစုက ငွေကျပ် သန်း ၇၂ဝ ကျော်အထိ လာဘ်ငွေ ပေးခဲ့ရတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။
2018-09-13
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဥပဒေအရာရှိချုပ်နဲ့ တရားသူကြီး အပါအဝင် ဥပဒေအရာရှိ ခြောက်ဦးကို လာဘ်ငွေရယူမှုနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။
2018-09-13
အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြားမှာ ကိုယ်ပိုင်နယ်မြေ သီးသန့် မသတ်မှတ်နိုင်သေးတဲ့အတွက် နှစ်ဖက်လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့ နယ်မြေအစည်းအခြားနဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့လိုတယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U တာဝန်ရှိသူက ပြောလိုက်ပါတယ်။
2018-09-13
ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်မိုင်မှာရှိတဲ့ PA အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် ဘတ် ၈ သန်း ( မြန်မာငွေကျပ် သန်းပေါင်း ၃၈၀ ကျော်) ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ပေးခဲ့ပြီးဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2018-09-13
ကမ္ဘာကျော် စတားဘတ် (Starbucks ) ကော်ဖီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကို ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။
2018-09-13
မြစ်ဆုံရေကာတာ စီမံကိန်းကို ဆောင်ရွက်ဖို့ တရုတ်အစိုးရပိုင် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း SPIC ကုမ္ပဏီက ရေကာတွေရဲ့ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး မြစ်ဆုံအနီးက ကျေးရွာတွေကို လာရောက်ဟောပြောခဲ့တယ်လို့ သိရပါတယ်။