သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-28
" မှတ်မှတ်သားသား စကားများ " အစီအစဉ် ကိုကျော်မင်းထွန်း စီစဉ်တင်ဆက်ထားပါတယ်၊
2013-09-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားတွေကို မန္တလေးနဲ့ နယ်မြို့တွေမှာလည်း ကျင်းပကြခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-09-28
အစိုးရက လယ်ယာမြေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ ပတ်သက်ပြီး ဒီနေ့ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-09-27
ဖမ်းဆီးခံထားရတဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) WON နဲ့ အမျိုးသမီးများအဖွဲ့ချုပ် WLB တို့ နှစ်ဖွဲ့က သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ စာရေးသားတင်ပြလိုက်ပါတယ်။
2013-09-27
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အရေးတယူဖြေရှင်းမှုမရှိရင် မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ထိခိုက်လာနိုင် တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများအဖွဲ့က သတိပေးပြောကြားလိုက်ပါတယ်။
2013-09-27
ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ အထိ ဖြစ်လာအောင်ကြိုးပမ်းဖို့ ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိပ်ပိုင်းခေါင်းဆောင်တို့ဟာ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြတယ်လို့ KNU ခေါင်းဆောင်တွေက ပြောပါတယ်။
2013-09-27
ယခင်ခေတ်အဆက်ဆက် အစိုးရတွေ လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ လယ်ယာမြေ ပြဿနာတွေကို မိမိတို့အစိုးရအနေနဲ့ ဖြေရှင်း သွားမှာဖြစ်ကြောင်းနဲ့ လယ်မဲ့ယာမဲ့ဖြစ်ခဲ့တဲ့ တောင်သူ လယ်သမားတွေကို နေရာချပေးနိုင်တဲ့အထိ ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-27
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် အတွင်း ကျေးရွာပေါင်း ၂၂ ရွာ က တောင်သူလယ်သမား ၃ဝဝ လောက် ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ ကသာမြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။
2013-09-27
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင် ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မှာ လျှောက်လှမ်းနေတယ်လို့ မဆိုနိုင်သလို၊ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာလည်း တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-09-27
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ "သီချင်း" အဖြစ်အရွေးခံရတဲ့ "ရောင်စုံဥယျာဉ်" သီချင်းနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဲပေးခဲ့ပြီး ဆုရရှိခဲ့တဲ့ "အောင်ဆန်းမျိုး ဟေ့ဗမာ" သီချင်းကိုရေးခဲ့သူ တေးရေးဆရာ ကိုလင်းထက်ကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာကို ကြည့်ရှုနိုင်ပါတယ်။
2013-09-26
သမိုင်းဆိုတာဖျောက်ဖျက်လို့ မရတာကြောင့် ရွှေဝါရောင်တော်လှန်ရေးမှာ အဓမ္မ အကြမ်းဖက် နှိပ်ကွပ်ခဲ့တာတွေအတွက် အစိုးရက သံဃာတော်တွေကို တောင်းပန်ပြီး တိုင်းပြည် တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်သွားသင့်တယ်လို့ ဒီနေ့ကျရောက်တဲ့ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည် ဆုတောင်းပွဲမှာ ရွှေတွံတေး ဆရာတော်က မိန့်ကြားလိုက်ပါတယ်။
2013-09-26
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားညီလာခံနဲ့ အစိုးရကကျင်းပဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။