သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-28
ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ တပ်မတော်ကိုထောက်ခံပြီး ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခု မနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီက ဒေါ်မိုးမိုးခိုင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို အစိုးရက အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။
2020-12-28
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် လွယ်အံကျေးရွာအုပ်စုအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပန်လော့ရွာ အပါအဝင်အနီးအနားက ရွာသူရွာသားတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးလာကြရပါတယ်။
2020-12-28
ကရင်ပြည်နယ်၊ ဘားအံမြို့အနီး သံလွင်မြစ်အနောက်ဘက်မှာ ဖြစ်ပေါ်နေတဲ့ ရေအရောင် ပြောင်းလဲမှု ပြဿနာဟာ ကျောက်မီးသွေးနဲ့ ဆက်စပ်မှုမရှိတဲ့အပြင် အဲဒီရေဟာ သောက်သုံးဖို့ သင့်တော်တယ်လို့လည်း ကရင်ပြည်နယ်အစိုးရက ပြောပါတယ်။
2020-12-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအခြေစိုက်ရာ နေပြည်တော် ဇေယျာသီရိမြို့နယ်မှာရှိတဲ့ စစ်ဆေးရုံရဲ့စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ တပ်မတော်သားနဲ့ တပ်မိသားစုဝင်တွေ ၄ ရက်အတွင်း ၁၄၁ ဦးထိ ရှိလာတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက RFA ကိုပြောပါတယ်။
2020-12-28
အာကာသလွန်းပျံယာဉ်ရဲ့ မလိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဟာ ရခိုင်ပြည်နယ်၊ မာန်အောင်နဲ့ သံတွဲမြို့နယ်အနီး ပင်လယ်ပြင်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ ညပိုင်းမှာ ကျရောက်ခဲ့ပြီး နေအိမ်တွေ တုန်ခါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-12-28
ရွေးကောက်ပွဲ တရားမဲ့ ပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြိုင်ဘက်အာဏာရပါတီ NLD ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က တဆင့် ကန့်ကွက်လွှာ တင်သွင်းထားတဲ့ အမှုပေါင်း ၂၀၀ နီးပါး ရှိတယ်လို့ USDP ပါတီက ပြောပါတယ်။
2020-12-28
မွန်လူငယ်တွေ အသက် ၁၈ နှစ်ပြည့်ပြီးရင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှာ စစ်ပညာသင်ယူပြီး တာဝန်ထမ်းဆောင်ဖို့ မွန်လူငယ်နေ့ ဖြစ်မြောက်ရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။
2020-12-28
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေဟာ ရန်ကုန်မြို့ အနောက်ပိုင်းခရိုင် ရဲစခန်းမှာ ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မနက်ပိုင်းက လာရောက် အဖမ်းခံခဲ့ပါတယ်။
2020-12-27
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာလလယ်ကစလို့ ကိုဗစ်-19 ကပ်ရောဂါ ရောဂါပိုးစတွေ့တဲ့ ထိုင်းနိုင်ငံ မဟာချိုင်မှာ ရောဂါပိုး ကူးစက်ခံရပေမယ့် လက္ခဏာမပြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပိုးမရှိသူတွေကို သီးသန့် ခွဲမထားတဲ့အတွက် ကူးစက်သူဦးရေ တိုးလာမှာကို စိုးရိမ်နေရပါတယ်။
2020-12-26
ဒီတစ်ပတ်အတွက် RFA စကားဝိုင်းအစီအစဉ်မှာ "၂၀၂၀ ခုနှစ်ရဲ့ ငြိမ်းချမ်းရေး ခရီးစဉ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-12-26
အိန္ဒိယဆေးကုမ္ပဏီ Serum Institute ကနေ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး ဝယ်ယူနိုင်ဖို့ နှစ်နိုင်ငံအစိုးရ ကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2020-12-25
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေဟာ ဒုက္ခသည်စခန်းမှာ လုံခြုံရေးလိုအပ်ချက်တွေအပြင် တခြားအခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။
2020-12-24
တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ် ထိစပ်နေတဲ့ဒေသမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြေမြှုပ်မိုင်း ထိခိုက်ဒဏ်ရာရသူတွေ ၁၅ ဦးထက်မနည်းရှိခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ လှုပ်ရှားနေတဲ့ အဲဒီနေရာမှာ မြေမြှုပ်မိုင်း ရှင်းလင်းဖျက်ဆီးမှု မရှိသေးတာကြောင့် ဒေသခံတောင်သူတွေ ခြံမသွားရဲဘဲ အထိတ်တလန့်ဖြစ်နေတုန်းပါ။
2020-12-24
ထိုင်းနိုင်ငံမှာ လတ်တလော ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁၂၀၀ ကျော်မှာ မြန်မာရွှေ့ပြောင်းလုပ်သားက ၁၁၀၀ ကျော် ပါဝင်ပါတယ်။ ဒီလို ကူးစက်မှု များလာချိန်မှာ မြန်မာ အလုပ်သမားတွေဟာ အလုပ်ရှင်ရဲ့ စွန့်ပစ် ခံရတာတွေ ရှိလာတဲ့အပြင် ခွဲခြားဆက်ဆံ ခံနေရပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းအစိုးရက တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေကို တရားဝင်လက်မှတ် လုပ်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။
2020-12-24
ကိုဗစ်ကြောင့် ဒေါ်လာ သန်းပေါင်း ၂၃ဝဝ လောက် ဆုံးရှုံးခဲ့ရတဲ့ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်နာလန်ထူဖို့ အတွက် ကိုဗစ်အလွန်မှာ အကောင်အထည်ဖော်မယ့် လမ်းပြမြေပုံ စီမံကိန်းတခုကို အစိုးရက ရေးဆွဲထားပါတယ်။