သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-10
ကရင်ပြည်နယ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်တာဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသားဖြစ်တယ်လို့ ကရင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင် ကပြောပါတယ်။
2017-11-09
ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ထပ်တိုးဘတ်ဂျက်တွေကို တောင်းခံရာမှာ စက်မှုဝန်ကြီးဌာနပိုင် “မြင်းခြံသံမဏိစက်ရုံ” ကို စမ်းသပ်လည်ပတ်ဖို့အတွက် ငွေကျပ် ၄ ဘီလီယံကို ဝန်ကြီးဌာနက တောင်းခံခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တချို့က ဝေဖန်ခဲ့ကြပါတယ်။
2017-11-09
ရခိုင်အရေးမှာ တရုတ်နိုင်ငံက မြန်မာဘက်က ဖေးဖေးမမရှိရတဲ့ အကြောင်းရင်းနဲ့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီး ဆက်စပ်နေပုံ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ စတာတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-11-09
ရခိုင်ပြည်နယ်အတွင်း NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ ၃ လအတွင်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
2017-11-09
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲမှာ တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ အရပ်သားတွေပါတဲ့ ကုန်တင်စက်လှေကို AA ရခိုင့်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့နဲ့ အရပ်သားတစ်ဦး သေဆုံးပြီး အရပ်သား ၃ ဦး ဒဏ်ရာရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2017-11-09
ရခိုင်ပြည်နယ်မှာ NVC နိုင်ငံသားစိစစ်ရေးလုပ်ဆောင်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သူ ၁၈ ဦးအထိ အသတ်ခံခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2017-11-09
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်တို့ အပြီးသတ်ဆွေးနွေးဖို့ အချက်အနည်းငယ် သာ ကျန်တော့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-11-09
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေး အမှုနဲ့ပတ်သက်ပြီး အာမခံလျှောက်ထားတာကို ဒီကနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် တရားရုံးက ပယ်ချလိုက်ပါတယ်။
2017-11-09
ရခိုင်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်ထဲမှာ မနေ့ မနက်က တပ်မတော်သားတွေပါတဲ့ စက်လှေနဲ့ ကုန်တင်လှေ ၂ စီး ရှေ့ဆင့်နောက်ဆင့် ခုတ်မောင်းနေစဉ် AA ရခိုင်တပ်မတော်က ကုန်းပေါ်ကနေ ပစ်ခတ်ရာမှာ တပ်မတော်သားတချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာသူတွေလည်းရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2017-11-09
ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် မပြုဖို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သက်ဆိုင်ရာ ရဲစခန်းတွေကို ညွန်ကြားစာပေးပို့ထားပါတယ်။
2017-11-09
အချိန်ပိုကြေးပေးဖို့ တောင်းဆိုတဲ့ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာရှိတဲ့ ပင်လယ်စာစက်ရုံက မြန်မာနိုင်ငံ သားအလုပ်သမား ၆၀ ကို ထိုင်းအလုပ်ရှင်က မနေ့က အလုပ်ထုတ်လိုက်ပါတယ်။
2017-11-09
မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် Cardinal Charles Maung Bo ကာဒီနယ်လ် ချားလ်စ် မောင်ဘို က ပုပ်ရဟန်းမင်းကြီး Francis ဖရန့်စစ်ကို မြန်မာနိုင်ငံ ကြွရောက်နေစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ခေါ်ဝေါ်သုံးစွဲခြင်း မပြုဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
2017-11-09
လူငယ်လူရွယ်တွေ အကျင့်စာရိတ္တပျက်ပြားစေကာ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ တာတွေကြောင့် အိုင်တီနည်ပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက် ပါတယ်။
2017-11-09
ကရင်ပြည်နယ်မှာ အစိုးရက ဆောက်လုပ်မယ်လို့ ပြင်ဆင်နေတဲ့ ကျောက်မီးသွေး စီမံကိန်းကို ဝေဖန်မယ်လို့ သတင်းထွက်နေတဲ့ ကြောင်ကနဲဒုံးအဖွဲ့ကို ကရင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြည်နယ်အာဏာပိုင်တွေက ဖျော်ဖြေခွင့်မပြုဘဲ ပိတ်ပင်လိုက်ပါတယ်။
2017-11-09
အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြောဆိုလှုပ်ရှားနေတဲ့ BROUK ခေါ် ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှု စတာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။