သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-08
ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုဒဏ်ကြောင့် တစ်နှစ်အတွင်း လူတစ်သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ILO က ထုတ်ပြန်ထားပါတယ်။
2022-02-08
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက်ညက စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်ပွားပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
2022-02-08
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ကိုအောင်ခန့်ဦးနဲ့ မိသားစုဝင်တွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
2022-02-08
ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်ထောင်ခန့် ထွက်ပြေးခဲ့ပါတယ်။
2022-02-08
KNU နယ်မြေထဲမှာ ဇန်နဝါရီလထဲ စစ်ကောင်စီက ၃၉၉ ယောက် သေဆုံးခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
2022-02-08
ထားဝယ်ထောင်တွင်း တရားရုံးကနေ ဖေဖော်ဝါရီ ၈ ရက် ဒီနေ့အထိ ပုဒ်မ အမျိုးမျိုးနဲ့ စွပ်စွဲခံရပြီး အမိန့်ချခံရသူပေါင်း ၁၇၂ ယောက်ရှိပါတယ်။
2022-02-07
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတွေဟာ ပြေလည်အောင် ဖြေရှင်းဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတဲ့အကြောင်း ဆောင်းပါးရှင် Larry Jagan ရဲ့ရေးသားချက်ကို ဘန်ကောက်ပို့စ်သတင်းစာမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။
2022-02-07
အာဆီယံသံတမန် မြန်မာပြည်လာရင် NLD ပါတီဝင်တွေနဲ့ တွေ့ဆုံခွင့်ရရှိမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံး အရာရှိတစ်ဦးကပြောပါတယ်။ ဝေဖန်သူတွေကတော့ စစ်ကောင်စီက တွေ့ခွင့်ပေးမယ့် NLD ပါတီဝင်တွေဟာ အမှန်တကယ် NLD ပါတီကို ကိုယ်စားပြုတဲ့သူဖြစ်ပါ့မလား ဆိုတဲ့အချက်ကို ထောက်ပြနေကြပါတယ်
2022-02-07
ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှန်ယန်ရွာနဲ့ ဆွမ်ပီယန်ရွာတွေအနီး ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ပူတာအို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်နဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာဒေသခံ ၆ဝဝဝ လောက် ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုံရှန်ယန်ရွာသားတဦးက RFA ကို ပြောပါတယ်။
2022-02-07
သြစတေးလျနိုင်ငံခြားရေးဝန်ကြီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ပါမောက္ခ ရှောင်တားနဲလ် ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတိုက်တွန်းခဲ့တာ အခုလွတ်မြောက်လာပြီလို့ မစ္စတာဟွန်ဆန်က စောစောပိုင်းမှာ ပြောခဲ့တာပါ။
2022-02-07
စာအုပ်အဟောင်းတန်းမှာ ဖွင့်လှစ်ရောင်းချသူ အများစုဟာ စာအုပ်ရောင်းတဲ့သက်တမ်း ၂၅ နှစ်ကနေ အနှစ် ၃၀ နီးပါးအထိရှိကြပြီး ရသစာပေ၊ သုတစာပေအပါအဝင် ခေတ်အဆက်ဆက်ထွက်ရှိခဲ့တဲ့ စာအုပ်အဟောင်းမျိုးစုံကို ရောင်းချကြပါတယ်။
2022-02-07
ရန်ကုန်မြို့လယ် လူစည်ကားတဲ့နေရာတွေမှာ လူငယ်တွေ ဦးဆောင်ပြီး “နီတဲ့သွေး ရက်သတ္တပတ်လှုပ်ရှားမှု” ကို ခုနစ်ရက်ဆက်တိုက် လုပ်ဆောင်နေပါတယ်။
2022-02-07
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဦးမင်းသူ တို့ကို စစ်တပ်က တရားစွဲထားတဲ့ ရွေးကောက်ပွဲ မသမာမှုအတွက် ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2022-02-07
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြန်ဖြစ်နေပါတယ်။
2022-02-07
စစ်ကောင်စီတပ်သားတွေအနေနဲ့ ကျည်ဆန်တချို့ ရောင်းချချင်တယ်ဆိုရင် ဆက်သွယ်နိုင်တယ် CDF မင်းတပ်က ဒီနေ့ကြေညာချက်ထုတ်ပါတယ်။