သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-11
အပစ်ခတ်ရပ်စဲရေး NCA မှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆွေးနွေးဖို့ ကျန်နေတဲ့အချက်တွေ ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မနေ့ညက စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။
2017-12-10
၂ဝ၁၇ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန် အလုံမြို့နယ်က သခင်မြ ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
2017-12-10
အနောက်ကမ္ဘာမှာ မျက်နှာငယ်ရတဲ့ လူနည်းစု တစ်မျိုးရှိနေပြီး ဒီလူတွေကို ခွဲခြားဆက်ဆံ တဲ့ နိုင်ငံတွေကို လူ့အခွင့်အရေးအဖွဲ့တွေ က ဝေဖန်ထောက်ပြနေပါတယ်။
2017-12-10
ဒီကနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ အလုံမြို့နယ်က သခင်မြပန်းခြံမှာ ကျင်းပခဲ့ပါတယ်။
2017-12-10
စစ်ဖြစ်ပွားရာ တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု တွေရှိနေကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာကြတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွ လိုအပ်နေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က မနေ့က ကျင်းပတဲ့ ၁၈ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2017-12-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကျေးရွာသစ်တစ်ရွာ တည်ထောင်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေပေးဖို့ ကျေးရွာသစ် တည်ထောင်ရေးဦးဆောင်အဖွဲ့က ရခိုင်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားပါတယ်။
2017-12-10
ပရဟိတအဖွဲ့ ၄၀ လောက် စုပေါင်းပြုလုပ်တဲ့ Clean Yangon အမှိုက်ကောက်လှုပ်ရှားမှုကို ဒီနေ့ ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံမှာ စတင်ပြုလုပ်ခဲ့ပါတယ်။
2017-12-10
ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေးအခြေအနေတွေကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေက ဒီနေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ၆ ရက်ကြာ သွားရောက်လေ့လာသွားမယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် က ဒီနေ့ ပြောပါတယ်။
2017-12-10
လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိစ္စရပ်တွေကို တပ်မတော်နဲ့ အလွတ်သဘော ဆွေးနွေးနိုင်ဖို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ က စီစဉ်နေတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီနေ့ ပြောပါတယ်။
2017-12-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ တည်ထောင်မယ့် " ရမ္မာဝတီ "လို့ အမည်ပေးထား တဲ့ ကျေးရွာသစ်မှာ နေထိုင်ဖို့ အိမ်ထောင်စု ၃၀၀ စာရင်းပေးထားတယ်လို့ ကျေးရွာသစ် တည်ထောင်ရေး ဦးဆောင်အဖွဲ့က ဒီနေ့ ပြောပါတယ်။
2017-12-10
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းရင်းကျေးရွာအုပ်စု၊ ဝိန့်နန်းရွာ အနီးတဝိုက်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ အစိုးရတပ်မတော်တို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဆရာ/ဆရာမ အယောက် ၃၀ ကျော်ဟာ နမ္မတူမြို့နယ်ပညာရေးမှူးရုံးမှာ ခိုလှုံနေကြပါတယ်။
2017-12-10
နိုဝင်ဘာလကစပြီး ကြက်သွန်နီဈေးနှုန်းတွေ တဖြည်းဖြည်း မြင့်တက်လာရာ အမြင့်ဆုံးဈေးအနေနဲ့ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်ထိ မြင့်တက်နေတယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှာရှိတဲ့ ကြက်သွန် ပွဲရုံပိုင်ရှင်တွေက ဒီနေ့ ပြောပါတယ်။
2017-12-10
လက်ရှိအစိုးရလက်ထက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိသာတဲ့တိုးတက်လာမှု မရှိသေးကြောင်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ကျင်းပရေးကော်မတီ(ရန်ကုန်)က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-12-09
ဒီဇင်ဘာလ ၉ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " မြန်မာနဲ့ တရုတ် ဆက်ဆံရေးအပေါ် သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးအောင်သူငြိမ်း ( မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar) ) နဲ့ ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ) တို့က ပင်တိုင်ဆွေးနွေးမှာ ဖြစ်ပါတယ်။
2017-12-09
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ဒုက္ခ သည်စခန်းတွေမှာ နယ်မြေမတည်ငြိမ်တဲ့ အတွက် နေရပ်မပြန်နိုင်ကြသေးတဲ့ ဒုက္ခသည်ဦးရေ ၇ဝဝ ဝန်းကျင် ကျန်ရှိနေပါတယ်။