သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-07
အမျိုးသမီးပေါင်း ထောင်သောင်းချီပြီး တရုတ်ပြည်မှာ ရောင်းစားခံနေရတဲ့ဖြစ်ရပ်ဆိုးတွေကနေ ကာကွယ်နိုင်အောင် ကချင်နဲ့ ရှမ်းပြည်နယ်က စစ်ပွဲတွေရပ်ဖို့ အမေရိကန် သုတေသီတွေက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။
2018-12-07
၂ဝ၁၈ မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေသစ်နဲ့ ဆက်စပ်ကြေညာချက်ကြောင့် ဘိုးစဉ်ဘောင်ဆက် ဓားမဦးချလုပ်ကိုင်လာတဲ့ တိုင်းရင်းသားတွေ မြေယာအရေးအတွက် စိုးရိမ်ပူပန်နေကြပါတယ်။
2018-12-07
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် အရပ်သားအစိုးရ တက်လာတာ အခုဆိုရင် သက်တမ်းတဝက် ရှိလာချိန်မှာ - အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ကြီးမားလွန်းတာ ကြောင့် ထင်သလောက် အပြောင်းအလဲတွေ မဖြစ်ရတာလို့ ယူဆသူတွေလည်း ရှိပါတယ်။
2018-12-07
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဟာ နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေနဲ့ ဒီနေ့တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။
2018-12-07
ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်က ဦးဆောင်ဆန္ဒပြခဲ့သူ သုံးဦးကို မြစ်ကြီးနားမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ်ခြောက်လနဲ့ ငွေဒဏ်ငါးသိန်းစီ ချမှတ်လိုက်ပါတယ်။
2018-12-07
ကျောင်းလုံခြုံရေး ချပေးဖို့၊ ပျက်စီးနေတဲ့ သန့်စင်ခန်းများပြုပြင်ပေးဖို့နဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားဖို့အတွက် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့က တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပေ မယ့် တိုင်းအစိုးရက လျစ်လျူရှုနေတာကြောင့် ဝန်ကြီးချုပ် အလိုရှိကြောင်း ပို့စတာတွေကပ်ပြီး ဒီနေ့ မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
2018-12-07
ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်က ဆန္ဒပြခဲ့ရာမှာ ဦးဆောင်သူ ၃ ဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်း ဒီနေ့ အမိန့်ချလိုက်ပါတယ်။
2018-12-07
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင် ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့အပေါ် အစိုးရ အကြီးအကဲတွေက ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2018-12-07
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေ နည်းဥပဒေတွေကို ခေတ်နဲ့အညီ ပြန်လည်ပြင်ဆင် ရေးဆွဲပြဌာန်းနိုင်ဖို့အတွက် မြို့နေပြည်သူတွေရဲ့ သဘောထားသိနိုင်ဖို့ ပြည်သူ့အသံကြားနာပွဲကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ကစပြီး ၃ ရက်တာ ကျင်းပနေပါတယ်။
2018-12-07
တောရိုင်းတိရစ္ဆာန်တွေ မျိုးတုံးခြင်းမှကာကွယ်ရန်နဲ့ ဆင်အပါအဝင် အခြားသော တောရိုင်း တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေ ရောင်းဝယ်ဖောက်ကားနေတာတွေကို ထိရောက်စွာ အရေးမှုတွေပြုလုပ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။
2018-12-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအုပ်စု ထိပ်တူးပေါက်တောင်တန်းအနီးမှာ မနေ့ညနေက မြေမြှုပ်မိုင်းပေါက်ကွဲတာကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ ၂ ဦး သေဆုံးခဲ့ ပါတယ်။
2018-12-07
မြန်မာ-အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်နဲ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေ ထဲမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဒီဇင်ဘာလ ၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့ မနေ့ကအထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းဌာနက ထုတ်ပြန်ပါတယ်။
2018-12-07
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2018-12-06
ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်း ကမ္ဘာတဝှမ်းမှာ လူ့အခွင့်အရေး ကာကွယ်သူပေါင်း ၃၅ဝဝ ထက်မနည်း အသတ်ခံခဲ့ရပြီး အဲဒီထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ အခုနှစ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2018-12-06
ဒီတပတ်အစီအစဉ်မှာ… ကချင်ပြည်နယ် အပါအဝင် ဒေသအသီးသီးမှာရှိတဲ့ RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။