သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-09
ကယားပြည်နယ် ၈၈ မျိုးဆက်အင်အားစု အဖွဲ့ဝင် ၁၀၀နဲ့ မျိုးဆက်သစ်လူငယ်တွေ၊ စိတ်ပါဝင်စား သူတွေ စုစုပေါင်း အယောက် ၆၅၀ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေအဖြစ် ဒီကနေ့ အဆိုပြုလွှာ တင်လိုက်ကြပါတယ်။
2017-08-08
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အနီးမှာ အခုလ ၅ ရက်နေ့က တပ်မတော်ယာဉ် တန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံတွေနဲ့ မန်တုံမြို့ကနေ အခြားဒေသတွေကို သွာရောက်မယ့် ခရီးသည်တွေကို တပ်မတော်ဘက်က ဒီကနေ့အထိသွားလာဖို့ ကန့်သတ်ထားတာကြောင့် အခက်ခဲတွေရှိနေတယ်လို့ မန်တုံမြို့မှာ နေထိုင်တဲ့ တအာင်းပလောင်အမျိုးသားပါတီ(ဗဟို)ဥက္ကဌ ဦးအိုက်မုန်း ကပြောပါတယ်။
2017-08-08
စိန်နဲ့မြ ကို အထူးကုန်စည်ခွန်ကောက်ခံရာကနေ ကင်းလွတ်ခွင့်ပြုဖို့နဲ့ ရွှေစင်ရွှေတုံးတွေကို ကုန်သွယ်လုပ်ငန်းခွန်ကနေ ကင်းလွတ်ခွင့်ပြုဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2017-08-08
ရာသီတုပ်ကွေးရောဂါ H1N1 ဟာ ပြီးခဲ့တဲ့ ၅ နှစ်တာကာလထက် ဖြစ်ပွားနှုန်း ၂ ဆကျော်ရှိတဲ့ အတွက် ထူးကဲအဆင့် outbreak လို့ သတ်မှတ်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ပြောပါတယ်။
2017-08-08
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေအကြား မနေ့က တင်းမာမှုဖြစ်ပွားခဲ့ပြီး အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အခြေအနေတွေကို အချိန်မီထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
2017-08-08
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ မန်တုံမြို့မှာ ဒေသခံတွေ သွားလာမှုတွေကို သြဂုတ် ၅ ရက်ကစပြီး တပ်မတော်က ပိတ်ထားတဲ့အတွက် အခက်ခဲဖြစ်နေတယ်လို့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကနေ သိရပါတယ်။
2017-08-08
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ အခု လ ၆ ရက်နေ့ ညက ရဲတပ်သားတစ်ဦးက နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အမျိုးသား နှစ်ဦး သေဆုံးပြီး သုံးဦးကတော့ ဒဏ်ရာရရှိသွားပါတယ်။
2017-08-08
ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၉ နှစ်ပြည့်အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်း သားဟောင်းတွေက ဦးစီးပြီး ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာ ကျင်းပပြီး သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ဖို့ အပါအဝင် အချက် ၃ ချက်ကို အစိုးရနဲ့ လွှတ်တော် ကို တောင်းဆိုလိုက်ပါတယ်။
2017-08-08
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြေညာချက်တစ်စောင်ကို ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2017-08-08
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို ဂုဏ်ပြုတဲ့ အနေနဲ့ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာနိုင်ငံ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်သင့်သလားဆိုတဲ့ အယူအဆနဲ့ ပတ်သက်ပြီး အရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေရဲ့ သဘောထား အမြင်တွေကို RFA သတင်းထောက် ကိုထက်အာကာက စုစည်းတင်ပြထားပါတယ်။
2017-08-08
ဒီကနေ့ ကျရောက်တဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၉ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး မြို့ကြီးတွေအပြင် နိုင်ငံအနှံ့အပြားမှာ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။
2017-08-08
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြိုတိုင်းရင်းသား ၈ ဦး သတ်ဖြတ်ခံရပြီးနောက်ပိုင်း လုံခြုံမှုနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
2017-08-08
ပြီးခဲ့တဲ့အပတ်က အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ အောက်နန်းရွာအနီးက ရခိုင်ရွာ ၄ရွာက ဒေသခံ၆ ၉၄ ဦး နယ်ခြားစောင့်တပ်တွေရှိတဲ့ရွာကို ထွက်ပြေးခဲ့ကြပါတယ်။
2017-08-08
သဘာဝပတ်ကျင် ထိခိုက်မှု ရှိနိုင်တယ်လို့ ထောက်ပြဝေဖန်နေကြတဲ့ ဧရာဝတီမြစ်ကမ်းပါးက အမရပူရဖွံဖြိုးရေး မြို့ပြစီမံကိန်းနဲ့ ပတ်သက်လို့ စီမံကိန်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ရဲဝင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်း ထားပါတယ်။
2017-08-08
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုအတွက် ဒီနေ့ရုံးချိန်းမှာ တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေကို ချမ်းမြသာစည်အမှတ်(၁၀) ရဲစခန်းက နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ်မ (၅၀၅ (ခ) နဲ့ ဖမ်းဆီးလိုက်တာကြောင့် အမှုကို စစ်ဆေးနိုင်မှု မရှိခဲ့ပါဘူး။