သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-12
ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU အစည်းအဝေး ပြုလုပ်ခွင့်ရဖို့အတွက် ကြိုးစားနေတယ်လို့ CSSU အလှည့်ကျ သဘာပတိ စိုင်းအိုက်ပေါင်းက ပြောပါတယ်။
2018-09-12
အရင်စစ်အစိုးရလက်ထက်က တည်ထောင်ခဲ့တဲ့ ပညာရေးကောလိပ်တွေမှာ ကျင့်သုံးနေတဲ့မူဝါဒကြောင့် ကျောင်းသား ၉ဝ ရာခိုင်နှုန်းလောက် နစ်နေရတဲ့အတွက် ဒီမူဝါဒ ပြင်ဆင်ပေးဖို့ ကျောင်းသားတွေတောင်းဆို နေကြပါတယ်။
2018-09-12
မွန်ပြည်သစ်ပါတီဌာနချုပ် စစ်သင်တန်းကျောင်းကို ရိက္ခာပစ္စည်း သွားရောက်လှူဒါန်းခဲ့တဲ့ မွန်သံဃာတော် ဦးဥက္ကံသကို မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ ချောင်းဆုံမြို့နယ် သာသနာရေး ဦးစီးမှူးက မနေ့က သွားရောက်သတိပေးခဲ့တယ်လို့ သိရပါတယ်။
2018-09-12
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ ဗဟိုဦးစီးစနစ်ကို ပြန်သွားနေပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်မှုမျိုးနဲ့ တူနေတယ်လို့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးနဲ့ သမ္မတ ပြောရေးဆိုခွင့်ရှိသူ တာဝန်တွေထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်က ပြောလိုက်ပါတယ်။
2018-09-12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ မြို့နယ်လဝက ဦးစီးမှူး အနေနဲ့ ဒေသခံ တိုင်းရင်းသားတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာမှာ တံစိုးလက်ဆောင် တောင်းခံတာကို အရေးယူပေးဖို့ ရှိမရှိ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ မေးမြန်းဆွေးနွေးခဲ့ပါတယ်။
2018-09-12
ပညာရေးကောလိပ် ကျောင်းသားတွေဟာ ပညာဆက်လက်သင်ယူခွင့်ရရှိရေးနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက အခက်အခဲတွေ ဖြေရှင်းပေးဖို့ ထားဝယ်ပညာရေးကောလိပ်က ကျောင်းသား ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2018-09-12
လွှတ်တော်ကိုယ်စားလှယ်တွေကို စည်ပင်တည်းခိုဆောင်မှာ မထားဘဲ လွှတ်တော်ကိုယ်စားလှယ် အဆောင်တွေ ဆောက်လုပ်ပေးဖို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။
2018-09-12
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယအစိုးရက ၅ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်းအထိ ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vikram Misri က ဒီနေ့ ပြောလိုက်ပါတယ်။
2018-09-12
ရိုက်တာ သတင်းထောက် ၂ ဦးနဲ့ ဒုရဲအုပ် မိုးရန်နိုင်တို့ကို ဟံသာဝတီ ဦးဝင်တင် ဖောင်ဒေးရှင်းက နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး ဒီနေ့ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
2018-09-12
သတင်းမီဒီယာကောင်စီရွေးချယ်ရေးအဖွဲ့ကို မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ကန့်ကွက်လိုက်ပြီး သတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်မှာမဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2018-09-12
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ NLD အစိုးရဟာ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရနဲ့ အုပ်ချုပ်ပုံမတူဘဲ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဗဟိုဦးစီးစနစ်နဲ့ တူနေတယ်လို့ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
2018-09-12
အစိုးရက ကျင်းပခွင့် တားမြစ်ပိတ်ပင်ထားတဲ့ ရှမ်းပြည်ညီညွတ် ရေးကော်မတီ CSSU အစည်းအဝေး ပြုလုပ်ခွင့်ရဖို့အတွက် ဆက်လက်ကြိုးစားနေတယ်လို့ CSSU အလှည့်ကျ သဘာပတိ စိုင်းအိုက်ပေါင်းက ပြောပါတယ်။
2018-09-12
အပစ်ရပ် NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ ဌာနချုပ်က စစ်သင်တန်းကျောင်းကို ရိက္ခာပစ္စည်း သွားရောက်လှူဒါန်းခဲ့တဲ့ မွန်သံဃာတော် ဦးဥက္ကံသ(ခေါ်) ဦးဇင်းဇော်လတ်ကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက သတိပေးခဲ့တယ်လို့ သိရပါတယ်။
2018-09-12
ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာဒေသဖြစ်တဲ့ မိုးကုတ်မြို့ကို နိုင်ငံခြားသားဧည့်သည်တွေ အလွယ်တကူသွား လာနိုင်ဖို့အတွက် ကန့်သတ်ချက်တွေကို အခု စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ဖယ်ရှားလိုက်တယ်လို့ မန္တလေးတိုင်း ဟိုတယ်နဲ့ ခရီးသွားလာရေး ညွန်ကြားမှုဦစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
2018-09-12
တနင်္သာရီမြို့နယ်မှာ နှစ်လနီးပါး ရေကြီးနစ်မြုပ်ခဲ့တာကြောင့် ပျက်စီးသွားတဲ့ လယ်ဧက ၂ ထောင်ကျော်အတွက် လယ်သမားတွေ မျိုးစပါး ထက်ဝက်နီးပါး လိုအပ်နေတယ်လို့ သိရပါတယ်။