သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-05
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက သိမ်းယူထားတဲ့ မြေဧက ခြောက်ရာကျော်ကို ပြန်လည်ရရှိဖို့ တောင်သူတွေက မျှော်လင့်နေကြပါတယ်။
2018-12-05
မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်မရှိဘူးလို့ ဝေဖန်နေတာတွေကို လက်မခံကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေဟာ ငွေကြေးပံ့ပိုးသူတွေရဲ့ သဘောထားနဲ့သြဇာအတိုင်း ရပ်တည်နေရပြီး ဘက်လိုက်မှု ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က ပြောလိုက်ပါတယ်။
2018-12-05
အစိုးရရဲ့ မြေယာဥပဒေသစ်ကို အကောင်အထည်ဖော်ရာမှာ အထောက်အထား စာရွက်စာတမ်း မရှိသူတွေ၊ မိရိုးဖလာ၊ ထုံးတမ်းစဉ်လာပိုင်ဆိုင်ထားသူနဲ့ အရပ်စကားနားလည်မှုနဲ့ ပိုင်ဆိုင်ထား သူတွေအတွက် အကာအကွယ်ပေးနိုင်မယ့် အချက်တွေကို ပြန်လည်ထည့်သွင်းစဉ်းစားပေးဖို့ အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းသွားမယ်လို့ အမေရိကန် သံအမတ်ကြီး Scot Marciel က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2018-12-05
မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့်မရှိဘူးလို့ ဝေဖန်နေတာတွေကို လက်မခံကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေဟာ ငွေကြေးပံ့ပိုးသူတွေရဲ့ သဘောထားနဲ့ သြဇာအတိုင်း ရပ်တည်နေရပြီး ဘက်လိုက်မှုရှိကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားလိုက်ပါတယ်။
2018-12-05
နမ္မတူမြစ်ပေါ်မှာ ဆောက်လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိတာ၊ တာဝန်ခံမှု မရှိတာ၊ ဒေသတွင်းမှာ စစ်ပဋိပက္ခတွေ ရှိနေတာကြောင့် အထက်ရဲရွာရေအားလျှပ်စစ်နဲ့ အထက်ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်းတွေကို ရပ်ဆိုင်းပေးဖို့ လွှတ်တော် ကိုယ်စား လှယ်တွေ၊ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2018-12-05
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာနဲ့ အနွေးထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2018-12-05
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရန်ကုန်မြို့မှာ အခြေစိုက်တဲ့ ချင်းပြည်နယ် တီးတိန် (ဇိုးမီး) အဖွဲ့က ချင်းသူရဲကောင်းဘွဲ့ကို ပေးအပ်ခဲ့ပါတယ်။
2018-12-05
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်မှာ အစိုးရတပ်မတော်၊ PNLO ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ ပန်ပိကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။
2018-12-05
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့့်ကွက်ခဲ့လို့ အိမ်ထောင်ဦးစီးတွေ ထောင်ကျနေတာကြောင့် စားဝတ်နေရေး ခက်ခဲတာကို အစိုးရတာဝန်ရှိသူတွေ သိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တောင်းရမ်းအလှူခံတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2018-12-05
မြန်မာ-ထိုင်းအစိုးရတို့ ပူးပေါင်းပြီး ထိုင်းရောက် မြန်မာအလုပ်သမားတွေ နိုင်ငံကူးလက်မှတ်လျှောက် ထားနိုင်အောင် အချက်လက်စုဆောင်းစင်တာ ဖွင့်လှစ်ပေးသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
2018-12-05
ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေး နဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။
2018-12-04
မကြာသေးခင်က အစိုးရ အတည်ပြုလိုက်တဲ့ မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကြောင့် ကချင်စစ်ဘေးဒုက္ခသည်တွေ မူရင်းနေရပ်ဇာတိက မြေယာတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်နေကြပါတယ်။
2018-12-04
ယာယီရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံ ၂၄ ရုံကို ရှေ့ဆက်ဘယ်လိုဆောင်ရွက်မယ်ဆိုတာ လွှတ်တော်မှာ အမြန်ဆုံးလာရောက်တင်ပြဖို့ ပြည်သူ့လွှတ်တော်က ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ပြည်ထောင်စုအစိုးရကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-12-04
တစ်နှစ်ကို ကျပ်ငွေဘီလီယံ ၄၀၀ ကျော် နှစ်စဉ် အရှုံးပေါ်နေလို့ ရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ ရုံနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ထားတဲ့ အခြေအနေကို လွှတ်တော်ထံ ပြန်လည်တင်ပြဖို့ ပြည်သူ့လွှတ်တော်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှုဖံ့ွဖြိုးတိုးတက်ရေးကော်မတီ က ဒီနေ့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2018-12-04
မြန်မာနိုင်ငံမှာ HIV ပိုးကူးစက်ခံရသူ ၂၀၁၇ ခုနှစ်မှာ တစ်သောင်းတစ်ထောင်ကျော်ရှိပြီး ကချင်ပြည်နယ်ထဲမှာပဲ တစ်နိုင်ငံလုံးရဲ့ ၁၈ ရာခိုင်နှုန်းရှိနေကြောင်း တွေ့ရှိရတယ်လို့ ခု/ခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် (နေပြည်တော်) စီမံချက် မန်နေဂျာ ဒေါက်တာ ထွန်းညွှန့်ဦးက ပြောပါတယ်။