သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-06
စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်ရပ်တစ်ခုမှာ ကိုမိုးသောက်ဆိုတဲ့ လူငယ်ဟာ ညာဘက်လက်တစ်ဖက် ဆုံးရှုံးလိုက်ရပေမယ့် စိတ်ဓာတ်မကျဘဲ အာဏာရှင် တော်လှန်ရေးမှာ ဆက်ပါဝင်သွားမယ်လို့ စိတ်ဆန္ဒပြင်းပြနေပါတယ်။
2023-09-06
အောင်ဘာလေသိန်းဆုထီနဲ့ အောင်ဘာလေအွန်လိုင်းသိန်းဆုထီဆိုပြီး အောက်တိုဘာ ၁ ရက်နေ့ကစ တစ်ရက်တည်းမှာပဲ တစ်လနှစ်ကြိမ် သီးခြားစီခွဲဖွင့်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
2023-09-06
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နှစ်ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ (KNU) က စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-09-06
မန္တလေးမှာ ကျူးကျော်ဆိုတဲ့သတ်မှတ်ချက်နဲ့ အိမ်ပေါင်း ထောင်နဲ့ချီပြီး ဖယ်ရှားဖျက်ဆီးခံရတာကြောင့် အသက်သေဆုံးရတဲ့သူတွေတောင် ရှိတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် က အိမ်ဖျက်ခံရတဲ့သူ တစ်ယောက်က ပြောပြပါတယ်။
2023-09-06
စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်စစ်ဆေးတာခံခဲ့ရတဲ့ ကလေးမြို့နယ်၊ ပြည်တော်သာရွာခံ မဒိုဒိတ်ဟွဲဟာ မန္တလေးမြို့ကို ဆေးကုသဖို့အသွား စက်တင်ဘာ ၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ပြောပါတယ်။
2023-09-06
အရာတော်မြို့နယ် မကျီးစုရွာသား သုံးဦးကို အနောက်မြောက်တိုင်းစစ်ဌာနချုပ် စစ်ခုံရုံးက ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ပြောပါတယ်။
2023-09-06
ကန့်ဘလူမြို့နယ်မှာ စက်တင်ဘာ ၄ ရက်နေ့ကတည်းက အင်အားနှစ်ရာခန့်ပါတဲ့ စစ်ကြောင်း ရွာတွေထဲ စီးနင်းဝင်ရောက်နေတာကြောင့် ဒေသခံတစ်သောင်းနီးပါး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-09-06
အင်းတော်မြို့နယ် စစ်ခုံရုံးကနေ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား သုံးဦး၊ စုစုပေါင်း လေးဦးကို စက်တင်ဘာ ၂ ရက်က ထောင်တစ်သက်နဲ့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
2023-09-06
အာဆီယံရဲ့ မြန်မာ့အရေးသုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမစွက်ဖက်ဖို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
2023-09-05
အာဆီယံအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက်တွေကို ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် အရေးယူဆောင်ရွက်မှုတွေလည်း တစ်ပြိုင်တည်းလုပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်ပါတယ်။
2023-09-05
အာဆီယံ ထိပ်သီးညီလာခံ ပထမနေ့ စက်တင်ဘာလ ၅ ရက်မှာ ၂၀၂၆ ခုနှစ်မှာ ကျရောက်မယ့် မြန်မာနိုင်ငံရဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးနေရာကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူပြီး တာဝန်ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2023-09-05
၂ဝ၂၅ ခုနှစ်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်လို့ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၅ရက်နေ့မှာ AFP ကို ပြောလိုက်ပါတယ်။
2023-09-05
ဖမ်းဆီးမိသူ ၂၆၉ ဦးထဲမှာ တရုတ်နိုင်ငံသား ၁၈၆ ဦးပါဝင်ပြီး အဲဒီထဲက ၂၁ ဦးဟာ ယွမ်သန်း ၁၂၀ (အမေရိကန်ဒေါ်လာ ၁၆.၅ သန်း) လိမ်လည်မှုမှာ အဓိကပါဝင်ဆောင်ရွက်ခဲ့သူတွေဖြစ်တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2023-09-05
အာဏာသိမ်းပြီး နောက်ပိုင်းမှာ တရုတ်လူမျိုးတွေ ဦးဆောင်တဲ့ ငွေလိမ်ဂိုဏ်းတွေဟာ ရန်ကုန်မြို့လယ်ကောင်မှာပါ ရုံးခန်းဖွင့်လုပ်ကိုင်နေကြပြီလို့ ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ဖူးသူတွေက ပြောပါတယ်။
2023-09-05
မြန်မာစစ်ကောင်စီကို လက်နက်၊ ငွေကြေးနဲ့ သံတမန်ပိုင်းဆိုင်ရာ ထောက်ပံ့နေတဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် မိုဒီကို ဖိအားပေးတားမြစ်ကြဖို့ G20 အဖွဲ့ဝင်နိုင်ငံတွေကို Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။