သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-11-06
အကျဉ်းထောင်လက်စွဲ ဥပဒေပါ အကျဉ်းသားခံစားခွင့်တွေ ရရှိဖို့အတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အစားအသောက် ပါဆယ်ထုတ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြန်လည် ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2011-11-06
အခုတပတ် ဦးကျော်မင်းထွန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ အာစီယံ စတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ပိုမို ချဉ်းကပ်ဆက်ဆံလာတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ထားတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အခြေအနေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာကို ဆွေးနွေးထားကြပါတယ်။
2011-11-05
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအစိုးရ ပူးတွဲ အကောင်အထည် ဖော်နေတဲ့ ကုလားတန်မြစ် စီမံကိန်းအတွက် ကန်ထရိုက်ရရှိထားတဲ့ Essar ကုမ္ပဏီ က စစ်တွေမြို့ဆိပ်ကမ်း တည်ဆောက်နေရာမှာ မြို့ ကျက်သရေဆောင် စစ်တွေပွိုင့်ကမ်းခြေမှာ သဲတွေ တိုက်ယူနေတယ်လို့ သိရပါတယ်။
2011-11-05
အစိုးရက ရုတ်သိမ်းထားတဲ့ အသက်မွေးဝမ်းကျောင်း လိုင်စင်တွေကို ပြန်ထုတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သမ္မတဦးသိန်းစိန်ကို တောင်းဆိုလိုက်ကြပါတယ်။
2011-11-05
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ပြဋ္ဌာန်းချက်တရပ် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
2011-11-04
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် Georgetown တက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့တဲ့ ဒီဆွေးနွေးပွဲကို အမေရိကန် အစိုးရ အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်နဲ့ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးဌာနက မူဝါဒရေးရာ အရာရှိတွေ အပါအဝင် နိုင်ငံတကာ တက္ကသိုလ်နဲ့ အဖွဲ့အစည်း အသီးသီးက ကျွမ်းကျင် ပညာရှင် အယောက် ၂၀ကျော်က ဟောပြောခဲ့ပါတယ်။
2011-11-04
မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် ထိပ်တန်း သံအရာရှိ နှစ်ဦးဖြစ်တဲ့ Michael Posner နဲ့ Derek Mitchell တို့ရဲ့ခရီးစဉ် အပြီးမှာ မြန်မာနိုင်ငံကို အကူအညီတွေ ပိုမိုပေးသွားဖို့ ကတိပြု ပြောကြားလိုက်ပါတယ်။
2011-11-04
အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုတွေ လုံလောက်မှု မရှိသေးကြောင်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
2011-11-04
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ Mr. Vijay Nambir က ၅ ရက်ကြာ ခရီးစဉ်အပြီး ဒီကနေ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2011-11-04
အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြကြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို သောက်ရေ ဖြတ်လိုက်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2011-11-04
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်တို့ ဒီကနေ့ မနက်ပိုင်းက နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။
2011-11-04
အားရစရာ အပိုင်းတွေရှိပေမဲ့ တိုင်းရင်းသား အရေးကိစ္စတွေမှာ ပြုပြင်ပြောင်းလဲ တိုးတက်ဖို့ လိုသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက ဒီနေ့ ပြောလိုက်ပါတယ်။
2011-11-04
မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြဖို့ မလေးရှား လုပ်ငန်းရှင်တွေကို မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်က တိုက်တွန်းလိုက်ပါတယ်။
2011-11-03
အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း၊ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စ မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောလိုက်ပါတယ်။
2011-11-03
နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ြငိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။