သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-05
အာရပ်ပင်လယ်ကွေ့ ၅နိုင်ငံက ကာတာနိုင်ငံကို မနေ့က စပြီး အဆက်အသွယ်တွေဖြတ်လိုက်ပါ တယ်။ ဒါဟာ IS အဖွဲ့တွေကို ထောက်ပံ့လို့ဖြစ်တယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကာတာနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သောင်းလောက် အလုပ်လုပ်နေကြပါတယ်။
2017-06-05
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဆိုတဲ့နာ မည်ကို မသုံးစွဲဖို့ ကြေညာချက်ထုတ်ပြန်ပြီးနောက် မဘသအနေနဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းဆိုတဲ့ အမည်နဲ့ ဆက်လက် ရပ်တည်သွားမယ်လို့ ကြေညာ ထားပါတယ်။
2017-06-05
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုဒေသမှာ အကြီးဆုံးမြို့ဖြစ်တဲ့ မာရာဝီမြို့ကို သိမ်းပိုက်လိုက်တဲ့အထိ နယ်မြေသစ်ချဲ့ထွင်လာနေတဲ့ IS လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ရေး အကြမ်းဖက်အဖွဲ့ဟာ မြန်မာနိုင်ငံအနောက်ခြမ်းကို ပစ်မှတ်ထားလာနိုင်ချေရှိ၊ မရှိ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြပါလိမ့်မယ်။
2017-06-05
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆-ဃ ဟာ သတင်းသမားတွေအတွက်သာမက လူ့အဖွဲ့စည်းတခုလုံးကို ခြိမ်းခြောက်နေတဲ့ ပုဒ်မဖြစ်နေတယ်လို့ ထောက်ပြနေကြပါတယ်။
2017-06-05
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်ဟာ ကနေဒါနိုင်ငံနဲ့ ဆွီဒင်နိုင် ငံ တို့ကို တရားဝင် ချစ်ကြည်ရေးခရီးစဉ် အဖြစ် မနေ့ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကနေ ထွက်ခွာ သွားပါတယ်။
2017-06-05
The Voice သတင်းစာ အယ်ဒီတာချုပ်နဲ့ သရော်စာရေးသားတဲ့ ဗြိတိသျှကိုကိုမောင် တို့အမှုကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက ညှိနှိုင်းဆောင် ရွက်နေစဉ်အတွင်း တရားစွဲဆို ဖမ်းဆီးလိုက်တဲ့အတွက် တပ်မတော်အနေနဲ့ တိုင်ကြားလွှာကို ပြန်လည်ရုပ်သိမ်းပေးဖို့ စာနယ်ဇင်းကောင်စီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-06-05
မွန်စာပေကို အဓိကသင်ကြားပေးနေတဲ့ မွန်အမျိုး သားကျောင်း၁၃၀ ကျော် ကို ထောက်ပံ့ပေးဖို့ ပြည်ထောင်စုအစိုးရထံ တောင်းဆို ထားတယ်လို့ မွန်အမျိုးသားကျောင်း Mon National Education Center တာဝန်ရှိသူတွေက ပြောပါတယ်။
2017-06-05
လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း စဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့ အမျိုးသားကျန်းမာရေး အာမခံစနစ် တည်ထောင်ဆောင် ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-06-05
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်အတွင်းက အစ္စလာမ် ဘာသာဝင်တွေ ဝတ်ပြုဆုတောင်းတဲ့ နေရာ ၃ ခုဟာ ဘာသာရေး အဆောက်အဦးတွေ မဟုတ်တဲ့အတွက် စုဝေးပြီး ဝတ်ပြု ဆုတောင်းတာတွေ ဆက်မလုပ်ဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ဒီလ ၃ ရက်နေ့က တားမြစ်လိုက်ပါတယ်။
2017-06-05
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နဲ့ မောင်တောမြို့နယ်မှာ တိုင်းရင်းသား စံပြကျေးရွာ ၃၆ ရွာ တည်ထောင်ထားကြောင်း နယ်စပ်ရေး ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2017-06-05
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ရဲ့အကြံပြုချက်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဖျက်သိမ်းလိုက်တဲ့ ဒုက္ခ သည်စခန်းအခြေအနေကို ပြန်လည်စိစစ်ပေးဖို့ စစ်တွေမြို့ခံ လူငယ်တွေက ကော်မရှင်အဖွဲ့ဝင်တွေနဲ့ စစ်တွေဟိုတယ်မှာ ဒီနေ့တွေ့ဆုံစဉ် တင်ပြခဲ့ပါတယ်။
2017-06-05
အမျိုးဘာသာ သာသနာထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ မဘသကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်နဲ့ ပြောင်းလဲရပ်တည် မယ်ဆိုရင် ဖောင်ဒေးရှင်းရဲ့ဖွဲ့စည်းပုံနဲ့ ရပ်တည်ချက်ကို မဟနထံ တင်ပြရမှာဖြစ်တယ်လို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော် ဦးကေသရာဘိဝံသက မိန့်ကြား ပါတယ်။
2017-06-04
ဇွန်လ ၁ ရက် နေ့ကနေ မနက်ဖြန်ဇွန်လ ၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ တာ့ခ် ခရိုင်အ တွင်းက စက်ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်း ခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့အလုပ်သမားနဲ့ ကလေးအလုပ် သမားတွေကို စီမံချက်အရဖမ်းဆီးမှုတွေ ဆောင် ရွက်နေပါတယ်။
2017-06-04
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ မှာ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေကြတဲ့ အခြေအနေတွေကို ပြည်နယ်သယံဇာတ နဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
2017-06-04
တရားသူကြီးကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာကြောင့် အဖမ်းခံနေရတဲ့ တရားရုံး ချုပ်ရှေ့နေ ဦးဇော်ဝင်းရဲ့ အမှုနဲ့ ပတ်သက်ပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကထဲက တရားရုံးချုပ်ရှေ့နေများနဲ့ တရားသူကြီးတွေကြားက ပြဿနာဖြစ်တယ် လို့ ဝေဖန်တာတွေရှိနေပါတယ်။