သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-03
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက် စိမ်းတူးဖော်ရေးကုမ္ပဏီတချို့ ဖောက်ခွဲတိုက်ခိုက်ခံရတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က သူတို့အဖွဲ့ရဲ့ လက်ချက်မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
2015-07-03
ဘာသာ၊ သာသနာညှိုးနွမ်းစေမှုနဲ့ တရားစွဲ ဆိုခံထားရတဲ့ စာရေးဆရာ ဦးထင်လင်းဦး က သူ့ကိုချမှတ်ထားတဲ့ ထောင်ဒဏ် ၂နှစ်နဲ့ ပတ်သက်ပြီး အယူခံဝင်ရာမှာ မုံရွာခရိုင်တရားရုံးက ဇူလိုင် လ ၁ရက်နေ့က ပယ်ချလိုက်ပါတယ်။
2015-07-03
ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်ခဲ့တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြ ခဲ့တဲ့ ကျောင်းသားတွေထဲက ကိုပိုင်ရဲသူကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
2015-07-03
အခြေခံလုပ်ခလစာကို တစ်ရက်ကျပ် ၃၆၀၀ အပြင် သွားလာစရိတ်၊ နေထိုင်စရိတ်နဲ့ တခြားခံစားခွင့်တွေပါ ပေးမယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ၅ဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2015-07-03
နိုဝင်ဘာလမှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ ယှဉ်ပြိုင်ကျင်းပမယ့် တစ်နိုင်ငံလုံးက လွှတ်တော် အသီးသီးအတွက် မဲဆန္ဒနယ်စာရင်းအပြည့်အစုံ ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-07-03
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲပြီး ဖမ်းဆီးထားတဲ့ ကျောင်းသူ ကျောင်း သားတွေကို လွှတ်ပေးရေးအတွက် မတ်လ ၂၇ ရက်နေ့က မြင်းခြံမြို့မှာ ဆန္ဒပြခဲ့သူတွေကို မြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထား ပါတယ်။
2015-07-03
လူ့အခွင့်အရေးလှုပ်ရှားသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ နော်အုန်းလှကို ရန်ကုန် အလုံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသမှာ တောင်သူဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးတာနဲ့ ပတ်သက်ပြီး အမှုမှန်ဖော်ထုတ်ပေးဖို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် သူတို့နှစ်ဦးကို အလုံမြို့နယ် အပါအဝင် မြို့နယ်သုံးခုက တရားစွဲဆိုထားပါတယ်။
2015-07-03
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ ဇွန်လ ၃ဝ ရက်နေ့ က ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ ဆန္ဒပြတောင်းဆိုခဲ့တဲ့ အပေါ် ကန့်ကွက်သူတွေရှိသလို ထောက်ခံသူတွေလည်း ရှိနေပါတယ်။
2015-07-03
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရား လွှတ်တော်ချုပ်တွေကို လွှတ်တော်သက်တမ်းအတိုင်းထားဖို့၊ သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တွေထဲက သာ ရွေးချယ်ဖို့... စတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ် စုစည်းတင်ပြထားပါတယ်။
2015-07-03
အခုဆက်ပြီး “ကျေးလက်ပြည်သူတစ်ဦးရဲ့ တစ်နေ့တာ” အထူးအစီအစဉ်ကို တင်ဆက်မှာဖြစ်ပါတယ်။ ဒီကနေ့ထုတ်လွှင့်မယ့် အစီအစဉ်မှာတော့… အညာကျေးလက်ဒေသတွေမှာ နေစရာအိမ်တွေခြံတွေ ဆောက်ဖို့အတွက် သစ်မာဈေးကြီးလာတာနဲ့အမျှ ထန်းပင်ထန်းလုံးတွေကနေ သစ်ထုတ်လုပ်ပြီး အသုံးပြုလာကြတဲ့အကြောင်း ထန်းသားထုတ်သူတစ်ဦးနဲ့ တစါနေ့တာတွေ့ဆုံခဲ့ပုံကို RFA အဖွဲ့သားကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2015-07-03
လူငယ်တွေအကြားမှာ အသိပညာတွေဖလှယ်နိုင်မယ့် BarCamp နှီးနှောဖလှယ်ပွဲကို ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့က နည်းပညာတက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2015-07-03
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ရှမ်းပြည်နယ် မူဆယ်ခရိုင် ကောင်းခါးရွာမှာအသတ်ခံရတဲ့ ကချင်ကျောင်းဆရာမ ၂ ဦးကိစ္စနဲ့ပတ်သက်ပြီး အမှုမှန်ဖေါ်ထုတ်ရေး အကူအညီအပေးနေတဲ့ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ တရားရေးဝန်ထမ်းများ နဲ့ ရပ်မိရပ်ဖများရဲ့ အကြံပြုချက်တွေ့ရှိချက်တွေကို အာဏာပိုင်တွေက လက်မခံဘူးလို့ သိရပါတယ်။
2015-07-03
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) မှာ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းရဲ့ သဘောထားနဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ကိုယ်စားလှယ်အဖြစ် က ပြန်လည်ရုပ်သိမ်းပေးဖို့ ကော်မရှင်ထံ တင်ပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အခု ပြည်ထောင်စုလွှတ်တော်မှာ တင်ထားတဲ့ မူကြမ်းမှာတော့ အဲဒီပုဒ်မကို ပယ်ဖျက်ထားပါတယ်။
2015-07-03
မြဝတီနဲ့ ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်အနီးမှာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေ မနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။
2015-07-03
မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့ အစည်းအားလုံး ကလေးစစ်သား စုဆောင်း သုံးစွဲနေတာတွေ အမြန်ဆုံးရပ်ဆိုင်းကြဖို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် နိုင်ငံတကာ ကလေးစစ်သား များဆိုင်ရာအဖွဲ့ Child Soldiers International က မနေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။