သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-07
နယ်သာလန်နိုင်ငံ သဟိတ်မြို့ အခြေစိုက် ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque နဲ့ Balukhali ဒုက္ခသည် စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohammad Khaled တို့က မနေ့က ကြိုဆိုလိုက်ပါတယ်။
2018-09-07
ရခိုင်ပြည်နယ်က ကျေးရွာ ၂၃ ရွာမှာ ပြန်လည်ထူထောင်ရေးအတွက် လေ့လာဆန်းစစ်မှုတွေကို ကွင်းဆင်းစတင်ရန် အဆင့်သင့်ဖြစ်နေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်တွေက ဂျနီဗာမြို့မှာ စက်တင်ဘာလ ၇ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာလိုက် ပါတယ်။
2018-09-07
မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေကို မောင်းထုတ်ခဲ့မှုကို အရေးယူစစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ လုပ်ထုံး လုပ်နည်း ပြည့်စုံမှုမရှိတဲ့အပြင် ဘက်လိုက်မှု သံသယဖြစ်ဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ပြတ်ပြတ်သားသား ပယ်ချလိုက်တယ်လို့ မြန်မာအစိုးရက သောကြာနေ့ မနေ့က ကြေညာလိုက် ပါတယ်။
2018-09-07
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်က တရုတ်လုပ်ငန်းရှင်ရဲ့ ဖုယင်အထည်ချုပ်စက်ရုံမှာ သပိတ် မှောက်နေတဲ့အလုပ်သမားတွေအရေးက ၁၈ ရက်ကြာလာပေမယ့် ဖြေရှင်းလို့မရသေးပဲဖြစ်နေ ပါတယ်။
2018-09-07
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာ မြန်မာ့နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က လူပုဂ္ဂိုလ်တွေ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-09-07
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က ဖမ်းဆီးသွားတဲ့ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေက ရှမ်းပြည်နယ် နမ့်ခမ်းမြို့လယ် ဘုရားပန်ပွဲကွင်းမှာ စက်တင်ဘာလ ၇ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2018-09-07
မြန်မာနိုင်ငံကို ICC ခုံရုံးတင်မယ်ဆိုပြီး ပြောဆိုနေတဲ့ကိစ္စ အပါအဝင် ရခိုင်အရေးနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို နေပြည်တော်က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2018-09-07
မကွေးတိုင်း ဆောမြို့နယ် ကျောက်မြောင်းကျေးရွာ အနီးမှာ “ထွန်းရာဇာ” ကုမ္ပဏီက တူးဖော်လုပ်ကိုင်နေတဲ့ ကျောက်မီးသွေးတွင်းမှာ မနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားတဲ့အတွက် ၄ ဦးသေဆုံးပြီး တွင်းထဲမှာ ၄ ဦး ပိတ်မိနေပါတယ်။ လက်ရှိအချိန်ထိ ဌာနဆိုင်ရာတွေ၊ လူမှု့အဖွဲ့အစည်းတွေက ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ဆောင်ရွက်နေပါတယ်။
2018-09-07
မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုရှင်းလင်းရေး လုပ်ဆောင်မှုတွေနဲ့ စွဲချက်တင်မယ်လို့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC က စောစောပိုင်းမှာ ပြောထားပေမဲ့၊ မနေ့ကထုတ်ပြန်လိုက်တဲ့ ICC ကြေညာချက်မှာတော့ လူတွေကို နယ်စပ်ဖြတ်ကျော် နှင်ထုတ်ခဲ့လို့ဆိုတဲ့ အကြောင်းပြချက်ကိုသာ ပေးထားပါတယ်။ ဒါဟာ မြန်မာအစိုးရ အကြပ်အတည်းတွေ့အောင် နည်းပေါင်းများစွာနဲ့ ကြံစည်ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။
2018-09-07
ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က စုံစမ်းစစ်ဆေး တရားစီရင်ပိုင်ခွင့် ရှိလာမယ်ဆိုရင် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လု့ိ တိုင်းရင်းသားတွေက ရှုမြင် သုံးသပ်ကြနေပါတယ်။
2018-09-07
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ ပတ်သက်လို့ ဧပြီလ ၁၃ ရက်နေ့နဲ့ သြဂုတ်လ ၉ ရက်နေ့တွေမှာ အစိုးရက ထုတ်ပြန်ထားတဲ့အတိုင်း ရပ်တည်သွားမှာဖြစ်ပြီး အသွင်ကူးပြောင်းရေးအတွက် အမျိုးသားညီညွတ်ရေးကို အခြေခံကာ ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2018-09-07
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။
2018-09-07
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံ၊ အမ်းမြို့နယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရေထုညစ်ညမ်းမှု အခြေအနေကို အတိကျသိရအောင် အစိုးရက စုံစမ်းစစ်ဆေးပေးဖို့ နေပြည်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို ဒေသခံတွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2018-09-07
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့က အမျိုးသမီးတစ်ယောက်ကို တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဖမ်းဆီးအရေးယူထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားတွေကြားမှာ လူမှုကွန်ရက်ကနေ လူမျိုးမုန်းတီးရေးစာတွေ ဖြန့်ဝေလာတာ တွေ့ရပါတယ်။
2018-09-07
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က ဖမ်းဆီးသွားတဲ့ နန်းမိုဟွမ် လွတ်မြောက်ရေး အတွက် နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေက ရှမ်းပြည်နယ် နမ့်ခမ်းမြို့လယ် ဘုရားပန်ပွဲကွင်းမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။