သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-06
နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပ မယ့်ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ၊ အမေရိ ကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျအပါအဝင် သံရုံးပေါင်း (၁၁) ခုက ဒီကနေ့ မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2015-11-06
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ခရီး စဉ်တွေဟာ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သာသွားတဲ့ ခရီးစဉ်တွေ ဖြစ် ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေ မဟုတ်ဘူးလို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကိုပြောပါတယ်။
2015-11-06
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ၆၅ ရာခိုင်နှုန်း ကနေ ၈ဝ ရာခိုင်နှုန်းအထိ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းကြောင်း ပါတီရဲ့ပူးတွဲ ဥက္ကဌ ဦးဌေးဦးက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2015-11-06
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်နဲ့ မကွေးတိုင်းဒေ သကြီး ဂန့်ဂေါမြို့နယ်တို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-11-06
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်း ဦးခင်မောင်စိုးက တင်ပြပါလိမ့်မယ်။
2015-11-06
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်တွေကို ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေမှာ ထုတ်ပေးနေရာ လာရောက်ထုတ်ယူသူ နည်းပါးနေသလို တချို့ထုတ်ယူသူတွေထဲမှာ တစ်ယောက်ကို သက်သေခံ လက်မှတ် တစ်ခုထက်ပိုရနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
2015-11-06
ကြိုတင်မဲကောက်ခံမှုတွေမှာ မဲမသာမှုတွေရှိနေတဲ့အတွက် တရားမျှတမှုအတွက် စိုးရိမ်စရာ ဖြစ်လာနေတယ် လို့ နိုင်ငံရေးပါတီတချို့ကပြောပါတယ်။
2015-11-06
နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအတွေအနေနဲ့ မဲသွားပေးတဲ့ အခါ ပါတီ အမှတ်တံဆိပ်ပါတဲ့ အကျီ ၤ၊ ဦးထုတ် ၊ ခေါင်းစီး ၊ စတေကာ အစရှိတာတွေကို မဲရုံပရဝုဏ် အတွင်း ဝတ်ဆင်သွားလာခွင့် မရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန့်ကြားချက် ထုတ်ပြန်ထားပါတယ်။
2015-11-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ နိုဝင်ဘာလ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-06
ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တို မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ နောက်ဆုံးအကြိမ် မဲဆွယ် စည်းရုံးခဲ့ပါတယ်။
2015-11-06
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲရက် မတိုင်ခင် နောက်ဆုံးအကြိမ်အဖြစ် ကားတွေဆိုင်ကယ်တွေနဲ့ မဲဆွယ် စည်းရုံးခဲ့ကြပါတယ်။
2015-11-06
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာဖို့အတွက် ဥရောပသမဂ္ဂ ရွေးကောက် ပွဲ လေ့လာရေးအဖွဲ့က ကာလတို လေ့လာသူ ၆၂ ယောက် စေလွှတ်တဲ့ အစီအစဉ်ကို ရန်ကုန်မြို့ Inya Lake ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2015-11-06
မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခရမ်းကျေးရွာနဲ့ ဟံသာဝတီကျေးရွာတွေ မှာ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရုပ်ရှင် သရုပ်ဆောင်ဗေလု၀ က လှည့်လည်မဲဆွယ်ခဲ့ပါတယ်။
2015-11-06
ဆက်သွယ်ရေးပုဒ်မနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကဗျာဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဒီကနေ့ ရန်ကုန် ကမာရွတ်မြို့နယ်တရားရုံး ဝင်းထဲမှာ ဖမ်းဆီးလိုက်ပါတယ်။