သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-02
ကရင်ပြည်နယ် ဘားအံမြို့နယ်က ကော့သင်းရှုးကျေးရွာက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောဂျော်နီဟာ မနေ့ညက သူ့ရဲ့ နေအိမ်ဝင်းထဲမှာ အမည်မသိသေနတ် သမားတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် သေဆုံးသွား ခဲ့ပါတယ်။
2015-07-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးခံထားရသူတွေထဲက ၈ ဦးကို ကျောက်တော်မြို့နယ် တရားရုံးက ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-07-02
အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေ ချမှတ် ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူ နော်အုန်းလှကို ချွင်းချက်မရှိ အမြန် ဆုံးပြန်လွှတ်ပေးဖို့ KWO ကရင်အမျိုးသမီးအစည်းအရုံးနဲ့ KWEG ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တို့ က တောင်းဆိုလိုက်ပါတယ်။
2015-07-02
အကျဉ်းထောင်အတွင်း ဆေးလိပ်နဲ့ ကွမ်းယာကို ယူဆောင်ခဲ့မှုနဲ့ သာယာဝတီ အကျဉ်းထောင် က ကျောင်းသား ၇ ဦးဟာ မနေ့ကစပြီး တိုက်ပိတ် ခံလိုက်ရပါတယ်။
2015-07-02
၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင် တဲ့မူကြမ်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တို့နဲ့ သက်ဆိုင်တဲ့ ဇယားပါ ပြဌာန်းချက်တွေမှာ ဖြည့်စွက်ထားတာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ထောက်ခံဆွေးနွေးကြပါတယ်။
2015-07-02
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို နိုင် ငံတော်သမ္မတက တိုက်ရိုက်ရွေးချယ် ခန့်အပ်တာ ကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဒီနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦးက ဆွေးနွေးခဲ့ပါတယ်။
2015-07-02
ပြည်သူတွေအကြား အမုန်းတရားအခြေခံတဲ့ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့အတွက် ရှမ်းပြည် တောင်ပိုင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံလူငယ်တွေနဲ့ ဒီမိုကရေစီအင်အားစု လူငယ်တွေစုစည်းပြီး တောင်ကြီးမြို့မှာ လှုပ်ရှားမှုတခုပြုလုပ်ခဲ့ကြပါတယ်။
2015-07-02
ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်း-ကျဲအိုဘိခ်ထောင်ဟာ အမေရိကန်နိုင်ငံမှာကျင်းပမယ့် ချင်းအမျိုးသား ညီလာခံကို တက်ရောက်ဖို့နဲ့၊ အမေရိကန်လွှတ်တော်နဲ့ အုပ်ချုပ်ရေးပုံစံတွေ ကို လေ့လာဖို့ ရောက်ရှိနေပါတယ်။
2015-07-02
၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်နေ တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ % လွှတ်တော်ကနေ နှုတ်ထွက်ပေးဖို့ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ၃ဝ ကျော်လောက်က ဆန္ဒပြ တောင်းဆိုခဲ့တဲ့အပေါ် ကန့်ကွက်သူတွေရှိသလို ထောက်ခံသူတွေလည်း ရှိနေပါတယ်။
2015-07-02
ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ တကသအဖွဲ့ဝင်ကိုပိုင်ရဲသူနဲ့ ကိုနန်းလင်းတို့ရဲ့ အမြင်တွေကလည်း RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-07-02
လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေ ကြေညာရာမှာ အမှား အယွင်းတွေ များလွန်းနေတာဟာ စဉ်းစား စရာဖြစ်နေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ စုံစမ်းသင့်ကြောင်း အမျိုးသားဒီမိုကရေစီ ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-07-02
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သားတွေအနေနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒပေးဖို့ စာရင်းပေး သွင်းနိုင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ကြေညာ ချက် ထုတ်ပြန်ထားပါတယ်။
2015-07-01
အနည်းဆုံး လုပ်အားခသတ်မှတ်ရေး အမျိုး သားကော်မတီက အဆိုပြုသတ်မှတ်တဲ့ ကျပ် ၃၆၀၀ နှုန်းထားကို အလုပ်ရှင်တွေဘက်ကရော အလုပ်သမားတွေဘက်ကပါ ကန့်ကွက်ဖို့စီစဉ်နေ ကြပါတယ်။
2015-07-01
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ချက်အရ တိုင်းရင်းသား ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး၊ တိုင်းဒေသကြီးနဲ့ ပြည် နယ်လွှတ်တော်က ရွေးချယ်သူကိုသာ ဝန်ကြီးချုပ် အဖြစ်ခန့်ထားရေးစတဲ့ ကိစ္စရပ်တွေကို ပြည်ထောင် စု လွှတ်တော်မှာ ဆွေးနွေးနေကြပါတယ်။
2015-07-01
၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအပေါ် မြန်မာပြည်သူလူထုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလောက် စိတ်ဝင်စားမှုမရှိသလို တက်အားတက်ကြွမှုတွေလည်း သိပ်မတွေ့ရဘူးလို့ လေ့လာသူတွေက ပြောပါတယ်။