သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-02
ရခိုင်ပြည်နယ် မောင်တော ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချခံထားရတဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးရွှေမောင် နဲ့ ဒေါ်ခင်ခင်လွင်တို့ကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော် မရှင်ကလည်း ပယ်ချလိုက်ပါတယ်။
2015-09-02
လွှတ်တော်ကိုယ်စားလှယ်တွေဟာ အခွန် အကောက်ဆိုင်ရာကိစ္စတွေ၊ ဘတ်ဂျက် ကိစ္စတွေမှာ နားလည်မှု နည်းပါးတယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
2015-09-02
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဉ်စီးခတွေကို အနည်းဆုံး ငွေကျပ် တစ်ရာကနေ လေးရာအထိ ပြောင်းလဲကောက်ခံဖို့အတွက် မ.ထ.သ (ဗဟို) က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ သိရပါတယ်။
2015-09-02
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ရာနှုန်းပြည့် အာမခံကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီနေ့ ပြောလိုက်ပါတယ်။
2015-09-02
လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁ဝ(င) ပါပြဌာန်းချက် ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိ သလို နိုင်ငံသားအခွင့်အရေးကို ထိခိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြော လိုက်ပါတယ်။
2015-09-02
ချင်းပြည်နယ်၊ ဟားခါးမြို့က အိမ်ခြေ ၈ဝဝ ကျော်ကို နမ်ဟောင်ကမ်းတောင်ကြော တစ်လျှောက်မှာ မြို့သစ်တည် ပြီး နေရာချထားဖို့အတွက် နိုင်ငံတော်သမ္မတက ညွှန်ကြားထားတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ က ပြောပါတယ်။
2015-09-02
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်မှာ ပြီးခဲ့တဲ့ ၅ ရက်လောက်ကစပြီး မိုးဆက်တိုက်ရွာ နေတာကြောင့် ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ကျေးရွာ ၁ဝဝ နီးပါး မှာ ရေဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။
2015-09-02
မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသမှာ လက်ရှိ အနေအထားထက်ပိုပြီး ဆိုးဝါးတဲ့ ရေကြီးရေလျှံ တာတွေကြုံတွေ့ဖို့ အလားအလာနည်းပါးသွားပြီလို့ မိုလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြော ကြားလိုက်ပါတယ်။ ဒါပေမဲ့ မုန်းချောင်းတလျှောက် က ဒေသခံပြည်သူတွေကတော့ ရေဘေးအတွက် စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
2015-09-02
မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ သမဝါယမဦးစီးဌာနက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ရဖို့အတွက် မူလပိုင်ရှင် တောင်သူ ၂ဝ ကျော်က မန္တလေးမြို့ ပြည်သူ့ဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2015-09-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ရေဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေးအတွက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အထောက်အပံ့နဲ့သာ ရပ်တည်နေရပြီး၊ ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီတွေ အများကြီးလိုအပ်နေပါတယ်။
2015-09-02
လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေ မရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ရန်ကုန်ကျောက်တံတားမြို့နယ် တရားရုံးမှာ ဒီကနေ့ ၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2015-09-02
ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မွေးဖွားစဉ်က မိဘနှစ်ပါး နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ ပြဋ္ဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘဲ နိုင်ငံသားအခွင့်အရေးကို ထိခိုက်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။
2015-09-02
ကိုနေရိန်ကျော်တင်ပြတဲ့ "လူငယ့်အကြံ၊ လူငယ့်အသံ" အစီအစဉ် ဖြစ်ပါတယ်။
2015-09-01
ရခိုင်အမျိုးသားပါတီ ANP က ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်တွေ အပါအဝင် ပါတီဝင် ၃၇ ဦးဟာ ပါတီ စည်းကမ်းကို မလိုက်နာတဲ့အတွက် ထုတ်ပယ်လိုက်ကြောင်း ANP ပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2015-09-01
အစ္စလမ်ဘာသာဝင်တွေနဲ့ စုစည်းထားတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ရွေးကောက်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ဦး အမည်စာရင်း တင် သွင်းထားရာမှာ ၁၇ ဦးပယ်ချခံရတဲ့အတွက် ၁ ဦး သာ ရွေးကောက်ပွဲဝင်ခွင့်ရမှာ ဖြစ်ပါတယ်။