သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-25
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ တပ်မတော်စစ်ကြောင်းတချို့က ပိုင်ရှင်မရှိတဲ့ လူနေအိမ်တွေကနေ ပစ္စည်းတွေ ယူဆောင်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့ တချို့က ပြောကြပါတယ်။ တပ်မတော်ဘက်ကတော့ ဒီလိုဖြစ်ရပ်တွေမရှိကြောင်း တုံ့ပြန်ပါတယ်။
2020-11-25
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တချို့ကို ဧရာဝတီတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ကန့်ကွက်လွှာတွေ တင်သွားမယ်လို့ ဒီနေ့ပြောပါတယ်။
2020-11-25
၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရှမ်းပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် ဘယ်သူ့ကိုမှ အမုန်းမပွားသလို အမှုဖွင့်တာလည်း မလုပ်လိုဘူးလို့ ဦးထိုက်ဇော်ရဲ့ ဇနီး ဒေါ်ဥမ္မာထွေးက ပြောပါတယ်။
2020-11-25
နှင်းဆီပါတီမှာ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဦးကျော်မြင့်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) နဲ့ စွဲထားရာမှာ အမှုနယ်မြေစီရင်ပိုင်ခွင့် အငြင်းပွားမှုရှိတာကြောင့် တခြားမြို့နယ်မှာ ပြောင်းစွဲဖို့ မန္တလေး ချမ်းအေးသာစံတရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2020-11-25
မန္တလေးတိုင်း မိုးကုတ်မြို့အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် တပ်မတော်သား တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်ဦးရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-11-24
ကိုဗစ်ရောဂါကာလ ဖမ်းဆီးမှုများနေတဲ့အချိန် မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၉ဝ ကျော် ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရပါတယ်။
2020-11-24
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ လာမယ့် နှစ်အတွင်း လူဦးရေအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်း နဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကျန် ၆ဝ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ NITAG နိုင်တက် ခေါ် အမျိုးသား ကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က RFA ကို ပြောပါတယ်။
2020-11-24
ရွေးကောက်ပွဲကာလကစပြီး တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားတယ်၊ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ လောလောဆယ် ရှိမနေဘူး လို့ တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကို ဒီကနေ့ပြောပါတယ်။
2020-11-24
မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေကြောင်း တုံ့ပြန်လိုက်ပါတယ်။
2020-11-24
နိုင်ငံရေး တက်ကြွလှုပ်ရှားပြီး နာမည်ကျော်ကြားထင်ရှားတဲ့ ပညာတတ် မျက်နှာသစ် လူငယ်ကိုယ်စားလှယ်လောင်း အများအပြားဟာ ပါတီငယ်တွေကနေ ရွေးကောက်ပွဲဝင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ရလဒ် မကောင်းပေမယ့် ဒေသအရေး၊ နိုင်ငံ့အရေးအတွက် ဆက်လက် လုပ်ဆောင်စရာတွေ အများကြီး ရှိနေတယ်လို့ ဒီလူငယ်တွေက ပြောပါတယ်။
2020-11-24
အလုပ်ကိုင်အခွင့်အလမ်း ပေါများလာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်လာရေးနဲ့ ခရီးသွားလုပ်ငန်း တိုးတက်လာရေးတို့အတွက် အစိုးရသစ်က ဖန်တီးပေးနိုင်မယ်လို့ မွန်လူထုက မျှော်လင့်နေပါတယ်။
2020-11-24
တိုင်းနဲ့ပြည်နယ်အသီးသီးက ဖွံ့ဖြိုးမှုနောက်ကျတဲ့မြို့နယ်တွေမှာ လူထုဗဟိုပြု စီမံကိန်းတွေလုပ်ဖို့ မြန်မာနဲ့ အီတလီအစိုးရအပါအဝင် ကမ္ဘာ့ဘဏ်က ရန်ပုံငွေ ချထားပေးတာကို မြို့နယ် ၆၀ ကျော်မှာ အကောင်ဖော်ဆောင်ရွက်နေပြီး ပိုလျံငွေနဲ့ ရန်ပုံငွေထပ်ရလို့ နောက်ထပ် ၁၃ မြို့နယ်မှာ လုပ်ငန်းထပ်မံတိုးချဲ့ဖို့ ပြည်ထောင်စုအစိုးရ က ဆုံးဖြတ်လိုက်ပါတယ်။
2020-11-24
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကရင်နိုင်ငံရေးပါတီ လေးခုက အမတ်လောင်း ၁၁၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အဲဒီထဲက တစ်ယောက်ပဲ ပြည်နယ် လွှတ်တော်တစ်နေရာအတွက် ရွေးကောက်ခံခဲ့ရပါတယ်။
2020-11-24
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရက္ခိုင့်တပ်တော် AA ရဲ့ ဗိုလ်လောင်း ရှစ်ဦး ကျဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနား ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဦးအစံမောင် ဆိုသူကို အာဏာပိုင်တို့က သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ဖမ်းဆီး အမှုဖွင့်ထားကြောင်း ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2020-11-24
လက်ရှိ အစိုးရသက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးဝင်းဌေးကို RFA သတင်းထောက် ကိုစိုးသိမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။