သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-27
မကွေးတိုင်း ပွင့်ဖြူမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ ကြေးရုပ်တု စိုက်ထူဖို့ မြို့နယ် စည်ပင်သာယာရေးကော်မတီနဲ့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ ညှိနှိုင်းဆောင်ရွက်နေပေမယ့် ကြေးရုပ် သယ်ယူလာပြီး ၁ဝ ရက်ကြာတဲ့အထိ အတည်တကျ နေရာချထားလို့ မပြီးသေးဘူးလို့ သိရပါတယ်။
2017-07-27
မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အကူအညီပေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို တောင်းခံထားပြီလို့ သိရပါတယ်။
2017-07-27
တပ်မတော်ကို အစိုးရစစ်တပ် သို့မဟုတ် စစ်တပ်လို့ မသုံးနှုန်းစေချင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်အောင်ရဲဝင်းက သတင်းမီဒီယာကောင်စီအပြင် စာနယ်ဇင်း အဖွဲ့တွေနဲ့ ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
2017-07-27
အမေရိကန်သံရုံးကို ပြီးခဲ့တဲ့နှစ်က ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံထားရသူ လေးဦးရဲ့ အမှုကိုစစ်ဆေးရာမှာ ကြန့်ကြာလို့ဆိုပြီး ကမာရွတ်မြို့နယ် တရားရုံးနဲ့ မြို့နယ်တရားသူကြီး ဒေါ်စိုးစိုးမိုးကို အမျိုးသားရေးလှုပ်ရှားသူတွေက ဒီကနေ့ ကမာရွတ် တရားရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။
2017-07-27
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ ငဝန်မြစ်ရေမြင့်တက်နေတဲ့အတွက် မြို့နယ်အတွင်းက ကျေးရွာအုပ်စုပေါင်း ၆ဝ လောက် ရေနစ်မြုပ်နေပါတယ်။
2017-07-27
စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဇူလိုင်လဆန်းပိုင်းကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ရေနစ်မြုပ်မှုကြောင့် လယ်ဧကပေါင်း ၁ သောင်း ၈ ထောင်ကျော် ပျက်စီးသွားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။
2017-07-27
တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ကြက်မွေးမြူရေးခြံမှာ ကြက်ငှက်တုပ်ကွေး( H5N1) ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် ဒီကနေ့ကစပြီး အခြေခံပညာစာသင်ကျောင်းတွေကို ၅ ရက်တိတိ ပိတ်ထားဖို့ တိုင်းအစိုးရအဖွဲ့က ညွှန်ကြားလိုက်ပါတယ်။
2017-07-27
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံကြီးမှာ ရာသီတုပ်ကွေးပိုး H1N1 ကြောင့် ဆေးကုသမှှု ခံယူနေတဲ့ လူနာသုံးဦးထဲက ၂ ဦး သေဆုံးသွားပါတယ်။
2017-07-26
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ ရာသီတုပ်ကွေး A(H1N1) ရောဂါ ဖြစ်ပွားသူ ၃ ဦးတွေ့ရှိထားတဲ့အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို တိုင်းဒေသကြီးအစိုးရက ဆောင်ရွက်နေပါတယ်။
2017-07-26
ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှု နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံ သား ၂ ယောက်က မိသားစုဝင်တွေနဲ့ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ဆုံရာမှာ အခု နောက်ဆုံးအယူခံနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရနဲ့ ရှေ့နေတွေက အတတ်နိုင်ဆုံးကူညီဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
2017-07-26
တပ်မတော် စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိ တဲ့ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေကို တခြား အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် သုံးစွဲတာ ရေးသားဖော်ပြတာတွေ မလုပ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သဘော ထားထုတ်ပြန်လိုက်ပါတယ်။
2017-07-26
ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံကြီးက ကလေးလူနာနှစ်ယောက်မှာ ရာသီ တုပ်ကွေးပိုး A(H1N1) နဲ့ H3N2 တွေ့ရှိထားတယ်လို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင် က ပြောပါတယ်။
2017-07-26
ဇူလိုင်လ ၂၄ ရက်နေ့က RFA မြန်မာပိုင်းက ထုတ်လွှင့်ခဲ့တဲ့ “ဘားအံနဲ့ မန္တလေးက မဘသဆိုင်း ဘုတ်တွေကိစ္စ ညှိနှိုင်း သွားမည်” သတင်းမှာ နောက်ခံ အချက်အလက် အဖြစ် ဖော်ပြရာမှာ... “မြန်မာနိုင်ငံမှာ ၁၉၈ဝ ပြည့်နှစ်က ကျင်းပတဲ့ ဂိုဏ်းပေါင်းစုံသံဃာ့ညီလာခံက ချမှတ်ထား တဲ့ ရွှေကျင်၊ မိုးကုတ်၊ လယ်တီ စတဲ့ ဂိုဏ်းကြီး ကိုးဂိုဏ်း ကိုသာ သံဃာ့အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ် ထားတာဖြစ်ပါတယ်” လို့ မှားယွင်းဖော်ပြမိခဲ့ပါတယ်။
2017-07-26
ဧရာဝတီတိုင်းဒေသကြီးမှာ သွေးလွန် တုပ်ကွေးဖြစ်ပွားသူ ၁ သောင်းကျော် ရှိနေပြီး သေဆုံးသူ ၂၂ ယောက်ရှိနေတဲ့အတွက် တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ သေဆုံးသူ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
2017-07-26
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက် ရပ်ကွက်မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၄ ရက်နေ့က ဒါးပိုင်ကယ်ဆယ်ရေး စခန်းကလာတဲ့ မွတ်ဆလင် ၇ ဦးကို ခဲနဲ့ ဝိုင်းပစ်ပေါက်တာကြောင့် ၁ ဦး သေဆုံးခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။