သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-09
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့က စံပြ မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဦးကျော်ဝင်းရဲ့ညီဖြစ်သူ ဦးကျော်လင်းက ဇန်နဝါရီလ ၉ ရက် ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2021-01-09
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ NLD အစိုးရလက်ထက် လွှတ်တော်ဟာ၊ ပထမအကြိမ်လွှတ်တော်ထက် အစိုးရကို အပြန်အလှန် ထိန်းကျောင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်၊ အကာအကွယ်ပေးတဲ့ လွှတ်တော်ဖြစ်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေ၊ နိုင်ငံရေးလေ့လာသူတွေနဲ့ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေက သုံးသပ်ဝေဖန် လိုက်ပါတယ်။ NLD ပါတီပြောခွင့်ရသူနဲ့ ကိုယ်စားလှယ်တချို့ကတော့ ဒီဝေဖန်ချက်တွေအပေါ် လက်မခံပါဘူး။
2021-01-08
မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဦးဝင်းမြင့်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့အပေါ် စာချွန်တော်အမိန့်ထုတ်ပြီး စစ်ဆေးပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကို တိုင်ကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ရဲ့ ဖြေရှင်းပြောကြားမှုတွေ အပေါ် ရှင်းလင်းသုံးသပ်ချက်နဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို တင်ပြထားပါတယ်။
2021-01-08
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပဖို့ ကျန်နေသေးတဲ့ မြို့နယ်တွေမှာ အစိုးရနဲ့ ရခိုင့်တပ်တော် AA တို့ကြား ခိုင်မာတဲ့ သဘောတူညီချက်ရအောင် တွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2021-01-08
စစ်ကိုင်းတိုင်း၊ ကသာခရိုင်က အင်းတော်လေးကန်ပတ်လမ်း ဖောက်တဲ့နေရာမှာ မြေယာဆုံးရှုံးလို့ ကန့်ကွက်နေတဲ့ လယ်သမားတွေကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ဇန်နဝါရီလ ၇ ရက် မနက်က ဖမ်းဆီးအမှုဖွင့်ပြီး အဲဒီနေ့ညဘက်မှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2021-01-08
မြန်မာနိုင်ငံမှာ ဆေးဝါးတွေကို ပြည်တွင်းမှာထုတ်လုပ်မှု အနည်းငယ်ရှိသလို ပြည်ပနိုင်ငံတွေကနေ တရားဝင်ရော တရားမဝင်ပါ တင်သွင်းရောင်းချနေမှုတွေလည်း ရှိပါတယ်။ ဆေးဝါးနဲ့ပတ်သက်တဲ့ ဥပဒေတွေ ပြဌာန်းထားပေမဲ့ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေပါတယ်။
2021-01-08
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာ သွားလာ လှုပ်ရှားနေထိုင်သူ အသက် ၃၇ နှစ်အရွယ် မင်းမျိုးထွန်းမှာ အများနဲ့ မတူတဲ့ အချက်တစ်ခု သိသိသာသာ ရှိနေပါတယ်။ အဲဒါကတော့ သူ့မှာ ခြေထောက် တစ်ဘက်သာ ရှိခြင်းပါပဲ။
2021-01-08
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ဘုရားပေါင်းနဲ့ တောင်ပေါက်ကျေးရွာက လူနေအိမ် ၁၈၀ ကျော် မီးရှို့ဖျက်ဆီးခံရမှုအတွက် တရားမျှတမှုရဖို့ ဒေသခံတွေက မျှော်လင့်နေပါတယ်။
2021-01-08
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော်ကြား တိုက်ပွဲတွေမဖြစ်ရေး တွေ့ဆုံညှိနှိုင်းဖို့ အကြောင်းကြားပေမယ့် တပ်မတော်ဘက်က အကြောင်းမပြန်ဘူးလို့ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောပါတယ်။
2021-01-08
အီရန်နိုင်ငံမှာ အဖမ်းခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသားပိုင် ရေနံတင်သင်္ဘော ပေါ်က မြန်မာ သင်္ဘောသား (၁၁) ယောက် လွတ်မြောက်ရေး ကူညီဆောင်ရွက် ပေးဖို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်က အီရန်သံအမတ်နဲ့ သွားရောက် တွေ့ဆုံပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
2021-01-08
နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (AA) အပါအဝင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ Bilateral ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းနေတဲ့ကိစ္စ၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လေးဦးကို တရားစွဲထားတဲ့ ကိစ္စတွေ အပါအဝင် အရေးကြီးတဲ့ ကိစ္စတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
2021-01-08
အီရန်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ တောင်ကိုရီးယား လောင်စာဆီတင်သင်္ဘော HANKUK CHEMI ပေါ်က မြန်မာသင်္ဘောသား ၁၁ ယောက် လွတ်မြောက်ဖို့အတွက် သင်္ဘောသားစေလွှတ်ထားတဲ့ ကုမ္ပဏီကတဆင့် အသေးစိတ် စုံစမ်းနေပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကူအညီ တောင်းထားတယ်လို့ မြန်မာရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချမ်းမြေ့က ပြောပါတယ်။
2021-01-08
ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ရဖို့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်လေးဖွဲ့နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
2021-01-08
ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ တပ်မတော်ဘက်က တောင်းဆိုနေပေမယ့် လုံခြုံရေးဆိုင်ရာ အာမခံချက်တော့ ပေးထားတာမရှိဘူးလို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2021-01-08
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်က အသက် ၃၁ နှစ်အရွယ် ဦးကျော်လှိုင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စုံစမ်းစစ်ဆေးနေပြီလို့ မိသားစုက ဒီနေ့ပြောပါတယ်။