သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-04
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက်ညီအောင် ကြိုးပမ်းသွားရမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ပြောလိုက်ပါတယ်။
2021-01-04
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်က ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေ ရပ်နားထားတာ ၁၀ လနီးပါး ကြာမြင့်နေပြီဖြစ်လို့ ရန်ကုန်မြို့ကနေ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ပြန်ချင်သူတွေ အခက်အခဲဖြစ်နေပါတယ်။
2021-01-04
ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက စည်သူဘွဲ့ကို ချီးမြှင့်လိုက်ပါတယ်။
2021-01-04
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးဖို့ ရှမ်းပြည်နယ်ကျိုင်းတုံမြို့နဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့တို့မှာ တွေ့ဆုံမယ်လို့ အစိုးရက အဆိုပြုထားပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ အကြောင်းပြန်တာ မရှိသေးဘူးလို့ ကြားခံအဖွဲ့ဖြစ်တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက RFA ကို ပြောပါ တယ်။
2021-01-04
တပ်မတော်က အာဏာသိမ်းလိုက်ပြီဆိုပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်စိုးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) နဲ့ မနေ့က တရားစွဲဆို အမှုဖွင့်ထားတယ်လို့ ဒလမြို့နယ် ရဲစခန်းမှာ ဒီနေ့ တာဝန်ကျတဲ့ တာဝန်မှူးက RFA ကို ပြောပါတယ်။
2021-01-04
ဇန်နဝါရီလ ၄ ရက်နေ့ ဒီနေ့ လွတ်လပ်ရေးနေ့မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်း ထောင်ရှေ့မှာ အကျဉ်းသားတွေ လွတ်မြောက်လာမလားဆိုတဲ့ အမြင်နဲ့ သွားရောက် စောင့်ဆိုင်းသူတချို့ရှိခဲ့ပေမယ့် လွတ်မြောက်လာသူ မရှိပါဘူး။
2021-01-04
မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှု ကျဆင်းလာလို့ သီးသန့် စောင့်ကြည့်ရေးစင်တာတွေကို လျော့ချသွားနိုင်တော့မယ်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2021-01-04
တိုင်းရင်းသားပါတီနဲ့ တွေ့ဆုံဖို့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တာဝန်ပေးထားတဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မွန်ညီညွတ်ရေးပါတီ (MUP) တာဝန်ရှိသူတွေ ဒီနေ့တွေ့ဆုံဖို့ သဘောတူထားပေမယ့် နေရာညှိနှိုင်းလို့ အဆင်မပြေတာကြောင့် တွေ့ဆုံပွဲ ပျက်သွားခဲ့ပါတယ်။
2021-01-03
ရက္ခိုင့်တပ်တော် AA အဖွဲ့ရဲ့ နှစ်လကျော်ကြာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီ ကိုယ် စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောက သူတို့သုံးဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်ကြောင့် မျိုးဆက်သစ်တွေ နိုင်ငံရေးကို ကြောက်သွားမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။
2021-01-03
NLD အစိုးရ သက်တမ်း ငါးနှစ်တာကာလ နောက်ဆုံးလက်ကျန် ၂၀၂၀ ပြည့်နှစ်အတွင်း ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအကြိမ် အစည်းအဝေးကို အချိန်တစ်နှစ်ကျော်ကြာ ရပ်တန့်ခဲ့တဲ့ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်လည်အစပြုပြီး ကပ်ရောဂါကာလ အခက်အခဲကြားမှာ ကျင်းပနိုင်ခဲ့ပါတယ်။
2021-01-02
ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်း စတင်ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ မဟာချိုင်က မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ကျော်ဟာ ယာယီဆေးကုသဆောင် ဖွင့်ထားတဲ့နေရာမှာ ဆေးကုသမှု ခံယူနေပါပြီ။
2021-01-02
ဒီတစ်ပတ်အတွက် RFA စကားဝိုင်းအစီအစဉ်မှာ "ရဲအဖမ်းခံတဲ့ နာမည်ကြီးဝရမ်းပြေးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2021-01-02
အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် - ၁၉) ကာကွယ်ဆေးကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံးထိုးပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
2021-01-02
ခုနစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP) က ပြည်ပဆက်ဆံရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ ခိုင်ဝင်းလှိုင်ဟာ ဇန်နဝါရီ ၁ ရက် မနေ့က ပြန်လွတ်လာတယ်လို့ ALP က ကြေညာချက်ထုတ်ပါတယ်။
2021-01-02
၂၀၂၀ ပြည့်နှစ်အတွင်း လေထုညစ်ညမ်းမှု၊ အပူချိန်စံချိန်တင်မြင့်တက်မှု၊ မိုးရနည်းမှုစတဲ့ ပြဿနာတွေကြောင့် ရင်ဆိုင်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ ကချင်ပြည်နယ် အင်းတော်ကြီးကန် နဲ့ ဖားကန့်ဒေသ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်း တင်ပြထားပါတယ်။