သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-20
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့ကို ထပ်မံတိုးချဲ့ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ စာပေးပို့ထားကြောင်း နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။
2017-11-20
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့ အမေရိကန်လွှတ်တော်အမတ်တွေဟာ မောင်တောဒေသအရေးနဲ့ပတ်သက်ပြီး စစ်တွေအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ စစ်တွေဟိုတယ်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-11-20
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ လွတ်မြောက်ရေးအတွက် ဆရာတော် လွတ်မြောက်ရေး ကြိုးစားနေတဲ့အဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-11-20
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ မနေ့က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်မတော်ဘက်က ရခိုင်ပြည်နယ်အတွင်း ဟယ်ရီကော်ပတာအသုံးပြုပြီး ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်ပါတယ်။
2017-11-20
တရုတ်နိုင်ငံက ကြိုးစားနေတဲ့ကုန်လမ်းရေလမ်း ခေတ်သစ်စီးပွားရေးပိုးလမ်းမကြီး စီမံကိန်းမှာ မြန်မာနိုင်ငံက လက်တွဲပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ သမ္မတ ဦးထင်ကျော် က ပြောလိုက်ပါတယ်။
2017-11-20
မြန်မာနိုင်ငံကို ရှေ့သီတင်းပတ် လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် အရေးကိစ္စကို ဦးစားပေးဆွေးနွေးမှာ မဟုတ်ဘူးလို့ ခရီးစဉ်နဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2017-11-20
ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပြောဆို ခဲ့ရတဲ့အပေါ် အလွန့်အလွန်အားတက်မိကြောင်း၊ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် ချမှတ်စီစဉ်ထားတဲ့ လုပ်ငန်းစဉ်အဆင့်တွေကိုလည်း ကြိုဆိုကြာင်း အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖက်ဒရီကာ မိုဂါရီနီ က ပြောပါတယ်။
2017-11-20
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဦးအောင်မြင့် ကို ပါတီစည်းကမ်းတွေ မလိုက်နာတာနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ထိခိုက်စေတဲ့ အတွက်ဆိုပြီး ပါတီတာဝန်ကနေ တစ်နှစ်ရပ်ဆိုင်းလိုက်ပါတယ်။
2017-11-20
ကချင်ပြည်နယ် ဗန်းမော်ခရိုင်က စစ်ဘေးဒုက္ခသည် ၈၄ ယောက်ကို မန်စီမြို့နယ် မံခန်ရေခူး ရွာအနီးက တန်ဖိုးနည်းအိမ်ယာမှာ မိသားစုတွေအလိုက် နေရာချထားပေးပြီး ပြည်နယ်လူမှုရေး ဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က မနေ့က ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
2017-11-20
စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာရှိတဲ့ မြို့တွေကို တရုတ်နိုင်ငံက ငလျင်ပညာရှင်တွေနဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ မြေငလျင်ဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်နေပါတယ်။
2017-11-20
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်မတော်ဘက်က ဟယ်ရီကော်ပတာအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်မတော် AA က သတင်းထုတ်ပြန်ပါတယ်။
2017-11-20
ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူအ ထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး 'ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ' လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစ်စောင်ကို ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2017-11-20
မွန်ပါတီတစ်ခုတည်း မပေါင်းစည်းနိုင်သေးတာကြောင့် ကော့ကရိတ်မြို့နယ်က မွန်အမျိုးသားပါတီ ခေါင်းဆောင်တွေနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်တွေဟာ မူလပါတီတွေ ကနေ ဒီနေ့ နုတ်ထွက်လိုက်ပါတယ်။
2017-11-20
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆို ခံထားရတဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ပြန်လည်လွတ်မြောက်စေဖို့၊ သင်္ကန်းပြန် ဝတ်နိုင်ဖို့အတွက် မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခအမှု ကူညီစောင့်ရှောက်သူများ အဖွဲ့က ဒီကနေ့ ရန်ကုန်မြို့က City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-11-20
၁၃ ကြိမ်မြောက် ASEM နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၁ မှာ ကျင်းပခဲ့ပါတယ်။