သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-27
ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် တရားစွဲခံထားရသူ ၆ ဦးဟာ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ အာမခံလျှောက်ထားရာ ပယ်ချခံလိုက်ရပါတယ်။
2015-01-27
တောင်သူဒေါ်ခင်ဝင်း သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခမှာ လုံခြုံရေးတာဝန်ကျခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်အားလုံးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က မနေ့ကစပြီး စစ်ဆေးမေးမြန်းနေပါတယ်။
2015-01-27
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၁ မှာ တပ်မတော် အင်ဂျင်နီ ယာတပ်ရင်းက သိမ်းထားတဲ့ မြေဧက ၁၀၀ ကျော်မှာ တပ်သား ၄၀၀ လောက်က ဒီနေ့ ခြံစည်းရိုးဝင်ခတ် ရာ နေထိုင်နေသူတွေက တားမြစ်တာကြောင့် ရိုက်နှက် မှုတွေဖြစ်ပွားခဲ့ပါတယ်။
2015-01-27
အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြနေတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ အစိုးရတို့ နှစ်ဘက်ညှိနှိုင်းဆွေးနွေးကြဖို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2015-01-27
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့အဝင်က နန်းမြင့်ရွာအနီးမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ တားဆီးခဲ့ပါတယ်။ အဲ့ဒီဆန္ဒပြကျောင်းသား ကျောင်း သူတွေနဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ ၁ နာရီကျော်ကြာ ညှိနှိုင်းဆွေးနွေးပြီးနောက် ပိတ်ဆို့ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို မြို့ထဲ ဝင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
2015-01-27
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၁ မှာ တပ်မတော် အင်ဂျင်နီယာတပ်ရင်းက သိမ်းထားတဲ့ မြေဧက ၁ဝဝ ကျော်မှာ တပ်မတော်သား ၄ဝဝ လောက်က ခြံစည်းရိုးဝင်ခတ်ရာ ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။
2015-01-26
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ခေတ်မီအဆင့်မြင့် ဆေး ရုံနှစ်ရုံ ဆောက်လုပ်ဖို့ ထိုင်းနိုင်ငံက တတိယအကြီးဆုံး ပုဂ္ဂလိက ဆေးရုံလုပ်ငန်းဖြစ်တဲ့ THG ခေါ် သွန်ဘူရီ ဆေး ရုံလုပ်ငန်းနဲ့ ဂမုန်းပွင့် ကုမ္ပဏီတို့ လာမယ့်သီတင်းပတ် အတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြမယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
2015-01-26
မြန်မာနိုင်ငံ ရဲတံခွန် စွမ်းအင်လုပ်ကွက်မှာ ရှိတဲ့ သဘာဝဓါတ်ငွေ့ပမာဏဟာ မျှော် လင့်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန် ကုန်ခမ်းလာနေကြောင်း ထိုင်းအစိုးရပိုင် PTT ရေနံ ကုမ္ပဏီက စွမ်းအင်ဝန်ကြီးဌာနကို အကြောင်းကြားခဲ့ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။
2015-01-26
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် တဲ့အနေနဲ့ ခရီးရှည်ချီတက်နေကြ တဲ့ ကျောင်းသားတွေ မနေ့ညက ညအိပ်တည်းခိုတဲ့ မြင်းခြံ စွန်းလွန်းဂူကျောင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။
2015-01-26
မကွေးမြို့က မြေလတ်ဒေသ တက္ကသိုလ်ကျောင်းသား များသမဂ္ဂနဲ့ မြေလတ်ဒေသ ဗကသ အဖွဲ့ဝင် စုစုပေါင်း တစ်ရာကျော်ဟာ အမျိုးသားပညာရေးဥပဒေကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။ ဆန္ဒပြ ကျောင်းသားတွေဟာ မန္တလေးမြို့ ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြနေတဲ့ ကျောင်း သားတွေနဲ့ ပခုက္ကူမြို့မှာ သွားရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။
2015-01-26
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ကို ရောက်ရှိခဲ့ပါတယ်။
2015-01-26
မြန်မာ့သမိုင်းပညာရှင် “ဇေယျာကျော်ထင် ဒုဗိုလ်မှူးကြီးဘရှင်” ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားအကြို ဟောပြောပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-26
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေနဲ့ ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းဘောလုံးကွင်းမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2015-01-26
တနင်္သာရီတိုင်းအတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲခွင့်ရဖို့အတွက် ထားဝယ်ခရိုင် လေးမြို့နယ်က ဒေသခံ တစ်ထောင်နီးပါး ဇန်နဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စီးဆင်းလာတဲ့ ရေဆိုးတွေကြောင့် ဆားလင်းကြီးမြို့နယ် ဖောင်းကားနဲ့ တောင်ပလူကျေးရွာက လယ်မြေဧက ၃၀ နီးပါး ပျက်စီးနေတယ်လို့ ဒေသခံတောင် သူတွေက ပြောပါတယ်။