သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-05
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုကျော်ကိုကိုနဲ့ ဒုတိယ ဥက္ကဌ ကိုလင်းထက်နိုင်ကို မတရားဖမ်းဆီးထားတာဖြစ်တဲ့ အတွက် ပြန်လွှတ်ပေးဖို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့နဲ့ AHRC ခေါ် အာရှလူ့အခွင့်အရေး ကော်မရှင်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2015-11-05
ဆက်သွယ်ရေးဥပဒေနဲ့ ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ ကဗျာဆရာ မောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူကို ဒီကနေ့ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးဝင်းထဲမှာ ဖမ်းဆီး လိုက်ပါတယ်။
2015-11-05
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ မယ့် ရွေးကောက်ပွဲကို စောင့်ကြ့ည်လေ့လာဖို့အတွက် အီးယူ ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ EU EOM က ကာလတို လေ့လာသူ ၆၂ ဦးကို မြန်မာနိုင်ငံနေရာအနှံ့ အပြားကို ဒီနေ့ စေလွှတ်လိုက်ပါတယ်။
2015-11-05
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်မျှ တတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပေါ်ရေးအတွက် အာမခံချက်ပေးဖို့ စိတ်ဝင်စားခြင်းမရှိဘူး လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2015-11-05
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှာ မပါဝင်တဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ မိုင်းလားအဖွဲ့ NDAA တို့ ပါဝင်လာရေးအတွက် UNFC အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရေး ဒါမှမဟုတ် အဖွဲ့ သစ်တစ်ခုဖွဲ့စည်းရေးကို UWSA ဋ္ဌာနချုပ် ပန်ဆန်း ညီလာခံမှာ ဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။
2015-11-05
ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နဲ့ မိုင် ၂ဝ အကွာလောက်က လုံကန်ရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
2015-11-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနဲ့ ဟာသအနုပညာရှင် ဦးမေတ္တာတို့က NLD ပါတီ လွှတ်တော်ကိုယ်စာလှယ်လောင်းတွေကို ဆန္ဒမဲပေးဖို့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ဒီနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-11-04
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ မော်လမြိုင်မြို့က ရပ်ကွက်တွေနဲ့မြို့နယ်အတွင်းက ကျေးရွာတွေမှာ ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-11-04
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှာ တပ်မတော်သားတွေ ကြိုတင်မဲပေးနေကြသလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း အချုပ်ကျနေသူတွေနဲ့ ထောင်ဝန်ထမ်းတွေ ဒီနေ့ ကြိုတင်မဲပေးကြပါတယ်။
2015-11-04
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ တရားမဝင် စီတန်းလှည့်လည်မှု စတဲ့ပုဒ်မ ၇ ခုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်ကို ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2015-11-04
မြန်မာနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တွေ ၊ နောက်လာမယ့် အစိုးရသစ်တွေအနေ နဲ့ နိုင်ငံတွင်းက ကလေးတွေကို ဗဟိုပြု ဦးစားပေးပြီး၊ ကလေးတွေရဲ့ဘဝ အစကောင်းအောင် ဖန်တီးပေးကြဖို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF နဲ့ Save the Children ကလေးများ ကူညီစောင့်ရှောက်ရေးအဖွဲ့တို့က တိုက်တွန်းလိုက်ကြ ပါတယ်။
2015-11-04
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ် မှာ အင်္ဂါနေ့က ကြိုတင်မဲ စတင်ပေးရာမှာ မဲလာပေးသူ ၅၆ ဦးဟာ ဟိုင်းကြီးကျွန်း မှာ နေထိုင်သူတွေဖြစ်တယ်လို့ မဲရုံကိုစောင့်ကြည့်နေတဲ့ NLD ပါတီဝင်တွေက ပြောပါတယ်။
2015-11-04
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ လူထုထောက်ခံမှုအများဆုံး ပါတီဖြစ်ပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုကြောင်း ရိုက်တာသတင်း ကဖေါ်ပြပါတယ်။
2015-11-04
ရန်ကုန်တိုင်း သာကေတမြို့နယ် မဲဆန္ဒနယ် မှာ ရွေးကောက်ပွဲဝင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေဟာ ဆိုက်ကား အစီးရေ ၃ ရာကျော်နဲ့ မဲဆွယ် စည်းရုံးခဲ့ ကြပါတယ်။
2015-11-04
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။