သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-01-15
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ လမ်းကြောင်းမှန်ကို သွားတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ရေရှည် ငြိမ်းချမ်းရေးရဖို့နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ်လို့ ပြင်သစ် နိုင်ငံခြားရေးနဲ့ ဥရောပရေးရာဝန်ကြီး Mr. Alain Juppe က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ တွေ့ဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။
2012-01-15
မြန်မာအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သတင်းထောက်တွေ အပါအဝင် အကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ကြေညာချက် ထုတ်ပြန်ပါတယ်။
2012-01-14
လွတ်ငြိမ်းချမ်းသာခွင့်အရ ပူတာအို ထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်ကျော်ဦးဟာ နေအိမ်ကို ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူ ရုတ်တရက် ကွယ်လွန်သွားတာ ကြုံတွေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။
2012-01-14
ဒီအပတ် တနင်္ဂနွေ စကားဝိုင်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့က မိုင်းဆတ်ထောင်က လွတ်လာတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဇင်လင်းတို့ရဲ့ အတွေ့အကြုံနဲ့ ခံစားမှုအမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
2012-01-14
ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်တဲ့ KNU ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ဟာ မနေ့ညက နေပြည်တော်ကို ရောက်ရှိသွားပြီး အပစ်ရပ်ရေးကိစ္စကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ အသေးစိတ် ထပ်မံ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။
2012-01-14
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ သရက်ထောင်ကနေ ဇန်နဝါရီ ၁၃ ရက်နေ့မှာ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ရန်ကုန်အပြန် လမ်းတလျှောက် မြို့ရွာတိုင်းက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။
2012-01-14
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂ဝဝ ကျော် လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ အိုဘားမားက ကြိုဆိုလိုက်ပြီး ဒီအတွက် မြန်မာနိုင်ငံ မှာ သံအမတ်ကြီးတစ်ဦး ပြန်လည်ခန့်ထားမယ်လို့ အမေရိကန်အစိုးရက ပြောကြားလိုက်ပါတယ်။
2012-01-13
သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုကို အကောင်းမြင် ပြောကြားလိုက်ပြီး မိမိအနေနဲ့ တိုင်းပြည်အတွက် တတ်စွမ်းသမျှ ဆောင်ရွက်မှာ ဖြစ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
2012-01-13
သမ္မတဦးသိန်းစိန်ရဲ့ ဇန်နဝါရီ ၁၂ ရက် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် အရ ဒီကနေ့ လွတ်မြောက်လာသူတွေ ထဲမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ မနီလာသိန်းနဲ့ ကိုဂျင်မီ စသူတို့ ပါဝင်သလို တိုင်းရင်းသားခေါင်းဆောင်တွေထဲက ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့လည်း ပါဝင်ပါတယ်။
2012-01-13
အမေရိကန် ရီပတ်ဘလီကင်ပါတီ အထက်လွှတ်တော်အမတ် မစ္စတာ မစ်ချ် မက်ကောနဲလ်ဟာ လာမယ့် သီတင်းပတ် အစောပိုင်းမှာ မြန်မာ နိုင်ငံကို သွားမယ်လို့ မနေ့က သတင်းထုတ်ပြန်လိုက် ပါတယ်။
2012-01-13
ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပါဝင်တဲ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး ကို မြန်မာအစိုးရက ရုတ်တရက် ဖျက်သိမ်းလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ ထပ်မံညှိနှိုင်းမယ်လို့ အီတာလျံ-ထိုင်း ကုမ္ပဏီက ပြောလိုက်ပါတယ်။
2012-01-12
ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီကနေ့ စတင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2012-01-11
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် Asia Society အဖွဲ့ကြီးက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အဖွဲ့ရဲ့အမြင့်ဆုံး Global Vision ဂုဏ်ထူးဆောင်ဆုကို ဗုဒ္ဓဟူးနေ့ညက ပေးအပ်ချီးမြှင့်လိုက်ပါတယ်။
2012-01-11
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချယ်လ်ဟာ ဒီကနေ့ ပုဂံမြို့က အသေးစား ငွေချေးလုပ်ငန်းနဲ့ ဖွံဖြိုးရေး အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ပါတယ်။
2012-01-11
လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် အရွေးခံမယ့် ကော့မှူးမြို့နယ်က ကျေးရွာတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ် အောင်နိုင်ရေး အဖွဲ့ဝင်တွေ ဒီကနေ့ သွားရောက် စည်းရုံးခဲ့ပါတယ်။