သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-24
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်က မြို့နယ် လေးခုမှာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး တစ်ယူနစ်ကို ကျပ်၂၁ဝ နဲ့ လျှပ်စစ်မီး စတင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ တိုင်းဒေသကြီး လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောပါတယ်။
2017-06-24
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန် က Honeys Garment 1 ဂျပန် အထည်ချုပ် စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၄ဝဝ ကျော်က အလုပ်ပြန်လည်ခန့်အပ်ရေးနဲ့ လုပ်သားအခွင့်အရေးတွေ ရရှိဖို့ဆိုပြီး ဒီကနေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-06-24
ဆက်သွယ်ရေး ဥပဒေကို ပြန်လည်သုံး သပ်ပေးဖို့ နဲ့ ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေး ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ သတင်း မီဒီယာအဖွဲ့အစည်း ၂၂ ဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-06-24
ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို နေရပ်ပြန်ပို့ဖို့အတွက် ဖမ်းဆီးမှုတွေ စတင်နေ ပြီလို့ သိရပါတယ်။
2017-06-24
ပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ မောက် မာတဲ့ အပြုအမူ အပြောအဆိုတွေကို အထူး ဂရုပြု ရှောင်ရှား ကြဖို့ လိုအပ်ကြောင်း ဒီနေ့ ကျင်းပတဲ့ NLD ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ သဘာ ပတိ အဖြစ်တာဝန်ယူတဲ့ ဗဟိုကော်မတီဝင် ဦးအောင်ကြည် ညွန့်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD တာဝန်ရှိသူတွေ ကို တိုက်တွန်းလိုက်ပါတယ်။
2017-06-24
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ထိုင်းနိုင်ငံကုမ္ပဏီတွေလုပ်ကိုင်နေတဲ့ ဘန်းချောင်း ကျောက်မီးသွေး သတ္တုတွင်းကြောင့် လေထုညစ်ညမ်းတာတွေ ၊ ဒေသခံတွေရဲ့ စားဝတ်နေရေးထိခိုက်တာတွေ၊ စိုက်ပျိုးမြေတွေ အသိမ်းခံနေရတာတွေကို ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို ဒေသခံ ၁၃ဝ ကျော်က တိုင်ကြားလိုက်ပါတယ်။
2017-06-24
NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံမှုမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ တရား ခံပြေးအောင်ဝင်းခိုင်ကို ဖမ်းမိတဲ့အထိ မစောင့်တော့ဘဲ အမှုကို ဆက်လက်စစ်ဆေးဖို့ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
2017-06-24
မြန်မာ့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ထင်ရှားတဲ့ "သခင်ဗဟိန်း" ရာပြည့်အထိမ်းအမှတ် ကျောက်စာတိုင်ကို မန္တလေးမြို့က အာဇာနည် ၁၇ ဦးဗိမာန်မှာ စိုက်ထူနိုင်ဖို့နဲ့၊ သခင်ဗဟိန်း နှစ်တရာပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်နိုင်ဖို့အတွက် မန္တလေးမြို့ခံ နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး ပြင်ဆင်နေပါတယ်။
2017-06-24
တရုတ်ဘဏ်တွေမှာ ပိတ်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို အမြန်ဆုံးပြန်ဖွင့် ပေးဖို့ အတွက် မြန်မာနိုင်ငံသားကုန်သည်တွေ၊ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေ အပါအဝင် လူဦးရေ ၂ ရာ လောက် တရုတ်နယ်စပ်က မူဆယ်မြို့မှာ ဇွန်လ ၂၃ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2017-06-24
ရန်ကုန်မြို့က လမ်းဘေးစားသောက်ဆိုင်တွေဟာ လူတန်းစားမရွေး ဝယ်ယူစားသောက်နိုင်တဲ့ ဈေးနှုန်းသက်သာတဲ့ ဆိုင်တွေအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
2017-06-24
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ ဖျက်သိမ်းပေးရေးအတွက် လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုကို မြန်မာ သတင်းသမားများ ကာကွယ်ရေးကော်မတီက ဦးဆောင်ပြီး ဒီကနေ့ ဗဟန်းမြို့နယ် တရားရုံးရှေ့မှာ စတင်လိုက်ပါတယ်။
2017-06-24
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-06-23
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆို ခံထားရတဲ့ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို ဗဟန်းတရားရုံးက ဒီကနေ့ လေးကြိမ်မြောက် ထပ်မံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေးဖို့ လျှောက်ထားချက်ကို လည်း ပယ်ချလိုက်ပါတယ်။
2017-06-23
မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်း ပါးပြီး လယ်ယာလုပ်ငန်း နိမ့်ပါးလာတဲ့အတွက် ပြည် ပထွက်ငွေရှာကုန်ကြတာကြောင့် ကျေးလက်တော ရွာတွေမှာ အရေးအကြောင်းကြုံလို့မှ ရွာကို ကာကွယ်ဖို့၊ ဦးဆောင်ဖို့ လူငယ်လူရွယ်တွေ မရှိတော့တဲ့ဘဝမျိုးရောက်နေပါပြီ။
2017-06-23
NLD ပါတီက ဥပေဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိက ပါဝင်ပတ်သက်သူ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းဆီးရနိုင်ခြင်း မရှိကြောင်း မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။