သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-26
မြန်မာနိုင်ငံမှာ ၂၀၁၀ ကနေ ၂၀၁၈ ခုနှစ်အတွင်း တောဆင်ရိုင်းတွေ သတ်ဖြတ်ခံခဲ့ရတဲ့ အရေအတွက် များပြားလွန်းခဲ့လို့ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း ဒေသဆိုင်ရာ သစ်တောဌာနက သတိပေးလိုက်ပါတယ်။
2018-07-25
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး John Sullivan ဂျွန် စူလီဗန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လုံခြုံစိတ်ချ စွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် စီစဉ်ပေးရန် မြန်မာအစိုးရကို အမေရိကန်အစိုးရက ဆက်လက်ဖိအားပေးမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
2018-07-25
မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် တိုင်းရင်းသားတွေ ဒုက္ခရောက်နေရပုံနဲ့၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေ အကြောင်းကို Victims' Rights in Burma ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရုံးမှာ ဒီနေ့ ကြားနာပွဲတရပ် ကျင်းပနေပါတယ်။
2018-07-25
မွန်ပြည်နယ်မှာ ဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး “ပန်းကောင်းအညွန့်ကျိုး” - A Girl’s Life was Destroyed အမည်ရှိ အစီရင်ခံစာကို မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ဌာနခွဲတခုဖြစ်တဲ့ “အမျိုးသမီးနဲ့ ကလေးအခွင့်အရေး အစီအစဉ်” က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-07-25
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းခွဲနီးပါး တောင်းခံထားတဲ့အပေါ် သက်ဆိုင်ရာဝန်ကြီးဌာန ၁၈ ခုက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။
2018-07-25
သဘာဝ ပတ်ဝန်းကျင်ကို အခြေခံပြီး ပြည်တွင်းပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အင်းလေးဒေသမှာ ပတ်ဝန်းကျင် ရေဝေရေလဲတောတွေ၊ သဘာဝ ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် ရေရှည်မှာ ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်မလား ဆိုပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2018-07-25
၂ဝ၁၈ နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ၇ လအတွင်း မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၄၅ ယောက် သေဆုံးခဲ့ပြီး ရောဂါဖြစ်ပွားသူ ၈၂ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။
2018-07-25
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေထဲက ဦးဆောင်သူတွေကို ရဲအင်အား ၂ဝဝ ကျော်နဲ့ ဒီနေ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့အတွက် ဒေသခံတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2018-07-25
မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်နေကြတဲ့ ချင်းတိုင်းရင်းသား ငါးသောင်းကျော် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီ ၆ ခုက ကန့်ကွက်လိုက်ပါတယ်။
2018-07-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေဧကပေါင်း ၁၃ဝဝ ကျော်ထဲက အသုံးမပြုတဲ့မြေတွေကို ပြန်ပေးဖို့နဲ့၊ အသုံးပြုထားပြီးသား မြေတွေအတွက်လည်း နစ်နာကြေးရဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။
2018-07-25
ကာကွယ်ရေးဝန်ကြီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆင်ရေး အသုံးစရိတ် ၅ ဘီလီယံ ကျော် အပါအဝင် အသုံးစရိတ် ကျပ်ဘီလီယံ ၃၂ဝဝ ကျော်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။
2018-07-25
မလေးရှားနဲ့ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်တွေအဖြစ် နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသား ၅ သောင်း ကျော်ကို လာမယ့်နှစ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် ချင်းနိုင်ငံရေးပါတီ ၆ ခုက ကန့်ကွက်လိုက်ပါတယ်။
2018-07-25
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေသူတွေထဲက ဒေသခံဦးဆောင်သူတစ်ယောက်ကို ရဲအင်အား ၂၀၀ ကျော်နဲ့ ဒီနေ့ ဝင်ရောက်ဖမ်းဆီးတာကြောင့် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။
2018-07-25
တစ်နိုင်ငံလုံးမှာ ၇ လအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၅ ယောက်ရှိပြီး ရောဂါဖြစ်ပွားသူဦးရေ ၈၂၀၀ ကျော်အထိ ရှိနေပါတယ်။
2018-07-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံရွာအနီးက ဧရာရတနာ ကျောက်မျက် လုပ်ကွက်အဟောင်းမှာ မနေ့က တောင်ကမ်းပါးယံပြိုကျတာကြောင့် ပျောက်ဆုံးနေသူ ၂၇ ဦးအထိ ရှိနေပါတယ်။