သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာယက သူရဦးတင်ဦး တို့ဟာ ဒီကနေ့ညနေက ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ မြို့ဦးစေတီကွင်းမှာ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ဟောပြောခဲ့ပါတယ်။
2015-11-01
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြန့်ဝေတဲ့ မဲလက်မှတ်အောက်ခံအရောင်ဟာ အဝါရောင်ဖြစ် တာကြောင့် နိုင်ငံရေးပါတီတွေရဲ့ တံဆိပ်တွေမှာအဖြူရောင် သုံးထားတဲ့ အမှတ်အသားအားလုံးဟာ အဝါရောင်တွေ အဖြစ် ထွက်လာတဲ့အပေါ်မွန်ပြည်နယ် အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတချို့က ဝေဖန်မှုတွေရှိနေပါတယ်။
2015-11-01
လွန်ခဲ့တဲ့ အနှစ် ၄ဝ လောက်က အမျိုးသားစာပေ ဆုရှင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး-အင်းဝ ဂုဏ်ရည်ကို ဒီနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်လိုက်ပါတယ်။
2015-11-01
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီ ၅ ခု ရှိပြီး သူတို့ပါတီတွေ အနိုင်ရရင် ရခိုင်တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်း သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောကြပါတယ်။
2015-11-01
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများဒီမိုကရက်တစ်တပ်ဦး မြန် မာပြည် မြောက်ပိုင်းမှာ အဖွဲ့အစည်း ထူထောင်ခြင်း ၂၇ နှစ်မြောက်အခမ်းအနားကို လိုင်ဇာမြို့ အနီးရှိ ဂျန်ထုန်လခွမ်းဘွမ်ဌာနချုပ်မှာ မနေ့က ကျင်းပကြ ပါတယ်။
2015-11-01
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေပြီးဖြစ်တဲ့ မဲလက်မှတ်တွေမှာ မွန်အမျိုးသားပါတီရဲ့တံဆိပ် ကြယ်ဖြူနဲ့ဟင်္သာပုံဟာ အရောင် ကွဲလွဲနေတာကြောင့် မွန်အမျိုးသားပါတီက ကန့်ကွက်လိုက် ပါတယ်။
2015-11-01
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဂဇတ်ကျေးရွာအနီးက လောင်းဂရိတ်ဝဲမှာ မုံရွာကနေ ဟုမ္မလင်းကိုပြေးဆွဲနေတဲ့ ရာဇာထွန်း အမြန်ရေယာဉ် ဒီနေ့မနက် ၅ နာရီခွဲလောက်က တိမ်းမှောက်ခဲ့ရာမှာ အခုထိသေဆုံးသူ ၄ ဦးရှိပြီး၊ ၂ဝ နီးပါး ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
2015-11-01
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရ တပ်မတော်ကြား ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို တပ်မတော်ဘက်က ဥက္ကဌအဖြစ် တာဝန်ယူဖွဲ့စည်းဖို့ အပစ် ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စား လှယ်တွေ သဘောတူညီခဲ့ကြပါတယ်။
2015-11-01
ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးရာမှာလွယ်ကူစေဖို့အတွက် မဲဆန္ဒရှင်သက်သေခံ လက်မှတ်တွေကို ဒီနေ့ နိုဝင်ဘာ ၁ ရက်ကနေစပြီး နိုင်ငံ တဝှမ်းမှာ စတင်ထုတ်ပေးနေပြီဖြစ်ပါတယ်။
2015-11-01
လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်ဖို့အတွက် ပြည်သူတစ်ဦး ချင်းစီက တာဝန်ယူပေးကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-11-01
ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA ဌာန ချုပ်အခြေစိုက် ဝမ်ဟိုင်းအနီးမှာ မနေ့ညပိုင်းအထိ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။
2015-11-01
လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာထားတဲ့ ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ်လောင်းတွေဟာ ဒေသခံတွေဆီက လက်မှတ်ကောက်ခံပြီး လွိုင်လင်ခရိုင် ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြထားပါတယ်။
2015-11-01
စိမ်းလမ်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းက လက်ရှိအစိုးရနဲ့ လာမယ့်ရွေးကောက်ပွဲပေါ်မှာ အများပြည်သူတွေရဲ့ အမြင်တွေကို စစ်တမ်းကောက်ယူထားပါတယ်။
2015-11-01
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းဟာ ပဲခူး တိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ဒေသခံတွေ နဲ့ တွေ့ဆုံပြီး မဲဆွယ်စည်းရုံးခဲ့သလို စည်းရုံးရေး ခရီးစဉ်ကို လိုက်ပါလာတဲ့ သတင်းထောက်တွေ ရဲ့ မေးမြန်းမှုတွေကိုလည်း ပြန်လည်ဖြေကြားခဲ့ ပါတယ်။
2015-11-01
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မဲဆွယ်စည်းရုံးပွဲကို ငပလီကမ်းခြေအနီးက ဝါတောင်ကွင်းကျေးရွာမှာ ကျင်းပခဲ့ပါတယ်။