သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-31
ကိုဗစ်ကပ်ဘေးကာလ ထိုင်းနိုငံတောင်ပိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်အကိုင် ရှားပါးတာတွေနဲ့ လုပ်အားခနည်းတာတွေ၊ နေရရပ်ပြန်ချင်ပေမယ့် နယ်စပ်ဂိတ်တွေ ပိတ်ထားလို့ ပြန်လို့မရတဲ့ အခက်အခဲတွေ ရှိနေတဲ့အကြောင်းကို ထိုင်းနိုင်ငံ အခြေစိုက် သတင်းထောက် လုဆိုင်းက တင်ပြထားပါတယ်။
2020-10-31
ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကယားပြည်နယ်ထဲက ပါတီဝင်တွေဟာ ဘောလခဲမြို့နယ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ရွေးကောက်ပွဲအတွက် ဝန်းရံပေး သွားမယ်လို့ သိရပါတယ်။
2020-10-31
ဒီတစ်ပတ်မှာ " ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ ကိုယ်စားလှယ် ရွေးသင့်တဲ့မူဝါဒ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-10-31
ကယားပြည်နယ် မော်ချီးခဲသတ္ထုတူးဖော်ရေး လုပ်ကွက်တွေအနီးမှာရှိတဲ့ နေအိမ်တချို့ကို မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက နေရာပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။
2020-10-30
ကပ်ဘေးကာလမှာ မွန်ပြည်နယ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိမ်သုံးဆားကို သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဝယ်ယူသူမရှိတော့လို့ ကုန်ချောထုတ် စက်ရုံတွေ ပိတ်ထားရပြီး အိမ်သုံးဆား ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
2020-10-30
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်မဲပေးခွင့် သတ်မှတ်ရက်တွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကြိုတင်မဲပေးခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
2020-10-30
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေအတွင်းမှာ သေဆုံးဒဏ်ရာရတဲ့ အရပ်သားတွေ တိုးလာနေပါတယ်။ ကျည်ဆံတွေကြား အသက်သေဆုံးရသူတွေရဲ့ မိသားစုတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်သလို၊ အသက်မသေပေမဲ့လို့ တသက်တာဒဏ်ရာတွေကို ကုစားဖို့ ကြိုးစားနေကြသူတွေလည်း ရှိပါတယ်။
2020-10-30
ကမ္ဘာမှာ အမျိုးသမီး နှစ်သန်းကျော်ဟာ ရင်သားကင်ဆာဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ရင်သားကင်ဆာအတွက် ကာကွယ်ဆေးမရှိပေမဲ့ ရောဂါနုစမှာ ဂရုတစိုက် ကုသရင် ရာနှုန်းပြည့်နီးပါး ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
2020-10-30
ပြီးခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့သစ်တောပြုန်းတီးမှုဟာ နှစ်စဉ် ဧက တစ်သိန်းခွဲလောက် ရှိခဲ့လို့ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှု တတိယများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ပဲခူးရိုးမတောအတွင်း သစ်ထုတ်လုပ်မှုကို ၁ဝ နှစ်တာ ရပ်နားခဲ့ပါတယ်။
2020-10-30
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ရောဂါကူးစက်ခံလူနာတွေ ထားရှိတဲ့ ဆေးရုံတွေနဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်တဲ့ နေရာတွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ MCC က ဦးဆောင်ပြီး လူငယ်စေတနာ့ဝန်ထမ်း ငါးရာကျော်က အကူအညီပေးနေပါတယ်။
2020-10-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ရိက္ခာတင် အငှားစက်လှေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အသက်မသေဘဲ လွတ်မြောက်လာတဲ့ စက်လှေအလုပ်သမား ကိုကံအေးချမ်းကို စစ်တွေမြို့မရဲစခန်းက ဒီနေ့ခေါ်ယူစစ်ဆေးနေပါတယ်။
2020-10-30
ရခိုင်ပြည်နယ် မင်းပြားနဲ့ ပေါက်တောမြို့နယ်ထဲက ရွာတချို့မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကလေး သုံးယောက်အပါအဝင် အရပ်သား ကိုးယောက် ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-10-30
အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့နယ်မြေတွေကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်မယ်လို့ တပ်မတော်က ကြေညာလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလကတည်းကစပြီး တစ်ဘက်သတ် အပစ်အခတ် ရပ်စဲရေးကို တပ်မတော်ဘက်က လစဉ်ပုံမှန် သက်တမ်းတိုးနေတာပါ။
2020-10-30
ရခိုင်တိုင်းရင်းသားတွေရဲ့ အနာဂတ်ဘဝလုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ရခိုင်အမျိုးသား ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောပါတယ်။
2020-10-30
ဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေ နဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူတချို့တို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊မြို့မဈေးဓမ္မာရုံမှာ ဒီနေ့မနက်ပိုင်းက ကြိုတင် မဲပေးခဲ့ကြပါတယ်။