သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-31
အိန္ဒိယက ပဲတင်သွင်းခွင့် မူဝါဒပြောင်းလဲ ကန့်သတ် လိုက်တဲ့အတွက် ကျဆင်းနေတဲ့ ပဲဈေးနှုန်းတွေကို ထိန်းနိုင်ဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်တွေ ပူးပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံတစ်ရာနဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ပဲတွေကို ဝယ်ယူပေးသွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနင့် နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ နေရပ်စွန့် ခွာပြီး စစ်တွေမြို့ကို ရောက်ရှိလာသူ ၇ ရာ လောက် ရှိနေပါတယ်။ ရခိုင်ပြည်နယ်အစိုးရက ဒေသခံတွေ ရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2017-08-31
ပွင့်လင်းမြန်မာ့ရှေ့ ဆောင် အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေးစာစောင်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဆိုင်ရာဥပဒေကို တတိအကြိမ်ပြင်ဆင်တဲ့ ဥပဒေ နဲ့ပတ်သက်ပြီး ဖော်ပြခဲ့တာကို ပွင့်လင်းမြန်မာ့ရှေ့ ဆောင် အဖွဲ့က မှားယွင်းဖော်ပြမိကြောင်း တောင်းပန်ပေးဖို့ နဲ့ မတောင်းပန်ရင် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
2017-08-31
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်မှာ.... ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးကို အေးအေးချမ်းချမ်း ဖြေရှင်းဖို့ကြိုးစားပေမယ့် မလွှဲမရှောင်သာတဲ့အတွက် အနည်းဆုံးအင်အားသုံးပြီး ဖြေရှင်းခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရုံးချုပ်မှာ သြဂုတ်လ ၃ဝ ရက်နေ့ မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်။
2017-08-31
မကွေးတိုင်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ မဇ္ဈိမသတင်းဌာနက သတင်းထောက်နဲ့ DVB သတင်းဌာနက သတင်းထောက်တို့ကို အောင်လံမြို့နယ် ရဲစခန်းက ဒီနေ့ ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေးလိုက်တယ်လို့ မဇ္ဈိမသတင်းထောက် ကိုဒေါင်းလူက ပြောပါတယ်။
2017-08-31
အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ လုပ်နေတဲ့ ARSA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ပြီးဖြစ်တဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းရဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေကို အပြင်းအထန်ရှုတ်ချကြောင်း အရေးကြီးအဆိုကို တင်သွင်းခွင့် မပြုတာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေ ဧရာဝတီတိုင်းဒေသကြီးအတွင်း မဝင်ရောက်နိုင်ဖို့အတွက် ပင်လယ်နဲ့ ထိစပ်နေတဲ့ နေရာတွေမှာ လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်နေတယ်လို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရ အဖွဲ့က ပြောပါတယ်။
2017-08-31
ရန်ကုန်တိုင်းဒေသကြီးမှာ ရေကြီးရေလျှံမှုတွေ ကာကွယ်ဖို့အတွက် ကမ္ဘာ့ဘဏ်ကနေ ချေးယူထားတဲ့ အမေရိကန်ဒေါ်လာ ၁၂၄ သန်းကို သုံးစွဲဖို့ စီမံထားတဲ့ စီမံချက်တွေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဒီကနေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တေ်ာ အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။
2017-08-31
ပဲဈေးနှုန်းတွေ အဆမတန် ကျဆင်းမသွားစေဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်တွေပူးပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံ ၁၀၀ (တစ်ရာ) ရှိတဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး ပဲတွေကို ဝယ်ယူပေးသွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့ အဆိုကို အမျိုးသား လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-08-31
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို ရှုတ်ချကြောင်းနဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-08-31
ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က ဖောက်ခွဲဖျက်ဆီး ခံခဲ့ရတဲ့ "ကျောင်းသားသမဂ္ဂ အဆောက်အဦး" ရှိခဲ့တဲ့နေရာမှာ ဘာမှ မဆောက်ဘဲ ဒီအတိုင်းဆက်ထားဖို့ ကျောင်းသားသမဂ္ဂ မျိုးဆက်တွေက ပြောလိုက်ပါတယ်။
2017-08-31
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့မှာတော့… သံဃာ့လှုပ်ရှားမှုအတွင်း မေတ္တာပို့-လမ်းလျှောက်ရင်း အဖမ်းခံလိုက်ရတဲ့ အနုပညာရှင်- မဇ္ဈိမလှိုင်း ကိုရဲလွင်ရဲ့ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့်ပေးမှာပါ။