သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-06-30
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်တာတွေ တိုးလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲတွေက ဘယ်လောက်အတိုင်းအတာအထိ ရှိလာမလဲ၊ မြို့ပြတွေအထိ ရှိလာနိုင်မလား ဆိုတာတွေနဲ့ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2023-06-23
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပေါ်က ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူတွေရှိသလို လမ်းပေါ်မှာ ပန်းကိုင်ပြီး သွားလာမိလို့၊ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အာဏာရှင်ကို ဝေဖန်ရေးသားလို့၊ ပန်းပန်ထားတဲ့ ဓာတ်ပုံတွေ တင်မိလို့၊ မွေးနေ့ဆုတောင်းစာရေးမိလို့ ပြည်သူတချို့ ဖမ်းဆီးခံနေရပါတယ်။
2023-06-16
လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းတွေအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ သွားရောက်တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့တဲ့ကိစ္စကို အဓိကထား ဆွေးနွေးတင်ပြထားပါတယ်။
2023-06-09
စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကြိုးပမ်းနေတဲ့အဖွဲ့ ၁၇၀ ကျော်နဲ့ လေ့လာသူ ၃၀ ကျော်က တိုင်းထဲက နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေဆိုတဲ့ ကဏ္ဍကြီးလေးရပ်ကို ဆွေးနွေးတဲ့ စစ်ကိုင်းဖိုရမ်ပထမအကြိမ်အကြောင်း ဆွေးနွေးထားပါတယ်။
2023-06-02
စစ်ဘေးစစ်ဒဏ်နဲ့ သဘာဝဘေးဒဏ်တွေကို နှစ်နဲ့ချီပြီး ဆက်တိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်နေထိုင်နေကြရပါတယ်။ ဒီစိတ်ဒဏ်ရာတွေအကြောင်း သဘောပေါက်နားလည်ထားဖို့ ဘယ်လောက်အရေးကြီးသလဲ၊ ဘယ်လို ကူညီကုစားနိုင်သလဲဆိုတာတွေကို ဒီတစ်ပတ် ဆွေးနွေးထားပါတယ်။