သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-07
အစိုးရတပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခဲတဲ့ စီစစ်အတည်ပြုရေးအဖွဲ့ရဲ့ ခရီးစဉ် မနေ့က ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
2016-11-07
ဆောက်လုပ်ခွင့်ရပ်ဆိုင်းထားတဲ့ အထပ်မြင့်အဆောက်အဦး ၁၃၀ ကျော်ထဲက အကုန်လုံးနီးပါးကို ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ တည်ဆောက်မှုစီစစ်ရေးကော်မတီအနေနဲ့ စစ်ဆေးပြီးဖြစ်တာကြောင့် ပြန်လည်ဆောက်လုပ်ခွင့်ပြုတော့မှာဖြစ်ပါတယ်။
2016-11-05
အရင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်း မြို့နယ်မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ ငွေကျပ် သန်း ၆ ထောင်ကျော် ကုန်ကျမယ့် နမ့်မာ လုံ ရေအားလျှပ်စစ် စီမံကိန်းကို လက်ရှိတိုင်းဒေသ ကြီးအစိုးရအဖွဲ့က ဖျက်သိမ်းလိုက် ပါတယ်။
2016-11-04
တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲ ကျင်းပမယ့် အဝေရာကုန်းသာမီးပုံပျံကွင်းမှာ Cherry Queen Hotel က ကန်ထရိုက်စနစ်နဲ့ ပွဲကြည့် စင်တွေဆောက်လုပ်ပြီး ဌားရမ်းဖို့ စီစဉ်ခဲ့တာ ကို ဒေသခံတွေက ကန့်ကွက်ခဲ့တာကြောင့် ဆောက် ထားတဲ့ ပွဲကြည့်စင် ၁၅ဝ ကျော်ထဲက ၇ဝ ကျော် ကို ပြန်လည် ဖျက်သိမ်းလိုက်ပါတယ်။
2016-11-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းကို ဒီနေ့ နေ့လည်က ရန်ကုန်တိုင်းစစ်ဌာနချုပ်က တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2016-11-04
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကို သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ နိုင်ငံတကာသံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဆောင်တဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ပြည်နယ်လွှတ်တော်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2016-11-04
ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီးက ရတနာရောင်ခြည် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဟာ မနေ့ညပိုင်းက မိုင်းထောင် မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ယာဉ်စက်ယန္တရားနဲ့ ဆက်စပ်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ သန်းကျော် (ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2016-11-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒနယ်မြေ ၈နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတချို့ကို ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ပါတယ်။
2016-11-02
ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေ တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့က Rihga Royal ဟိုတယ်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2016-11-01
လာမယ့်နိုဝင်ဘာလအတွင်း မွန်တမျိုးသားလုံးကိုယ်စားပြု မွန်ပါတီပေါ်ထွန်းရေး လမ်းစဉ်ကို အတိအကျရေး ဆွဲဆောင်ရွက်ပေးနိုင်တဲ့ ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူပေးဖို့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက မြို့နယ်အလုပ်အမှုဆောင်အဖွဲ့နဲ့ ပါတီဝင်တွေက မနေ့က ပါတီဗဟိုထံ တောင်းဆိုလိုက် ပါတယ်။
2016-11-01
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ အစိုးရတပ်မတော်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ မနေ့ကစပြီး တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြားနေရတယ်လို့ နမ့်ဆန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးမိုင်းရဲကျော်သူ က ပြောပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်တွေ ချပေးထားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေကို လက်ရှိအစိုးရသစ်က ပြန်လည် စိစစ်ရာမှာ လမ်းသစ်စီမံကိန်း၊ စက်သုံးဆီ သိုလှောင်ကန် စီမံကိန်း နဲ့ တောင်သမန်သစ္စာ စီမံကိန်းတွေကို ယာယီဆိုင်းငံ့ထားဖို့ ညွှန်ကြား ထားပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မိုင်းလားအထူးဒေသ (၄)ဧရိယာအတွင်း အစိုးရ တပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလားမြို့ကို နိုင်ငံခြားသား ခရီးသည်တွေ ဝင်ရောက်လည်ပတ်မှု မရှိသလောက် နည်းပါးသွားတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွှေတြိဂံဇုန်ဥက္ကဌ ဦးစိုးရွှေ က ပြောပါတယ်။
2016-10-30
ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ စီစဉ်နေပါတယ်။ အခြေခံပညာ မူလတန်းအဆင့်ရှိပြီး အသက် ၃၅ နှစ်အောက် အရွယ်ရှိတဲ့ ဒေသခံတွေအနေနဲ့ ဒေသန္တရ ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထား နိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
2016-10-30
စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါ အဝင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရရုံးမှာ လာရောက်တွေ့ဆုံပြီး မူဆယ်မြို့နယ်အတွင်း လေ ယာဉ်ကွင်း တည်ဆောက်လိုကြောင်း တင်ပြခဲ့ ပါတယ်။