သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-22
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာ NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပါဝင်လာဖို့ အတွက် အလွတ်သဘောတွေ့ဆုံမှုတွေ မကြာခဏ လုပ်ဆောင်သွားဖို့ အစိုးရက မူချမှတ်ထားပါတယ်။
2018-07-21
ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ အစိုးရတို့ နားလည်မှုစာချွန်လွှာ MoU အရ အကောင်အထည်ဖော်ရေးအတွက် ဒီကနေ့ ကနဦးမြေပြင်ကွင်းဆင်း ဆောင်ရွက်မှုလုပ်ငန်းကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ စတင်လုပ်ဆောင်နေပါတယ်။
2018-07-21
ဘင်္ဂလားပင်လယ်အော်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မှာ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ပြီး အိန္ဒိယနိုင်ငံ ကမ်းခြေထဲကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။
2018-07-20
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေးအတွက် ကယန်းလူငယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေတာ ဒီနေ့အထိ လေးကြိမ်ရှိခဲ့ပြီ ဖြစ်ပေမယ့် ဆွေးနွေးမှု အဆင်မပြေသေးဘဲ ဖြစ်နေပါတယ်။
2018-07-20
နောင်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးမှုတွေ ဒီထက် ပိုအားကောင်းလာပြီး ရလဒ်ကောင်းတွေ ထွက်လာနိုင်ဖို့အတွက် ညီလာခံ အခင်းအကျင်းပုံစံ၊ နိုင်ငံရေးဆွေးနွေးပုံ အဆင့်ဆင့်နဲ့၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို ပြန်လည်သုံးသပ်ဖို့ အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့တွေ ကြိုးစားနေကြပါတယ်။
2018-07-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကောမှူးမြို့နယ်အတွင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ဟိုတယ်အတတ်သင် ပညာရေးကျောင်းတွေကို ဒီနေ့ သွားရောက်ခဲ့ပါတယ်။
2018-07-20
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါရွာအနီးက မဟာ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ထဲမှာ ဇူလိုင်လ ၁၅ ရက်က တောင်ကမ်းပါးယံ ပြိုကျခဲ့လို့ သေဆုံးသူ ဒီနေ့အထိ စုစုပေါင်း အယောက် ၂ဝ ရှိနေပြီး ပျောက်ဆုံးသူ ရာနဲ့ချီ ရှိနေဆဲပဲလု့ိ သိရပါတယ်။
2018-07-18
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR, UNDP တို့ ရေးထိုးထားတဲ့ MoU နားလည်မှု စာချွန်လွှာပါ စီမံချက်တွေကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့က စပြီး အကောင်အထည်ဖော် ဆောင် ရွက်မယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နဲ့ ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောလိုက်ပါတယ်
2018-07-18
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဟောင်းက လက်ရှိတိုင်းအစိုးရကို လွှဲပြောင်းပေးဖို့ ကျန်နေတဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် ၅.၂ ဘီလီယံကို ပြန်ပေးမယ်ဆိုပြီး “ဧရာဝတီ ကျန်းမာပညာ ဘက်စုံဖွံ့ဖြိုးရေးဖောင်ဒေးရှင်း” က အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
2018-07-18
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမု ကျေးရွာအုပ်စုအနီးမှာ ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး မြောက်ပိုင်းမဟာမိတ် အဖွဲ့တချို့နဲ့ RCSS/SSA တပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ ဒေသခံတွေအတွက် အဝတ်အစား၊ စောင်နဲ့ ခြင်ထောင်တွေ လိုအပ်နေပါတယ်။
2018-07-18
၁၉၈၈ နောက်ပိုင်း တောင်သူလယ်သမားတွေရဲ့ ပိုင်မြေ ဧက သန်းနဲ့ ချီပြီး သိမ်းဆည်းခံရမှုတွေမှာ အဓိကသိမ်းဆည်းတဲ့ အဖွဲ့အစည်းက မြန်မာ့ တပ်မတော်ဖြစ်ပါတယ်။
2018-07-17
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ စွဲချက်တင် ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အမှုမှာ ရဲတပ်ရင်းနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို သူတို့နှစ်ဦး ဘယ်လိုရယူ စုဆောင်းခဲ့တယ်ဆိုတာ တရားလိုဘက်က တင်ပြနိုင်ခြင်း မရှိဘူးလို့ သတင်းထောက် ၂ ဦးအမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
2018-07-17
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် အွယ်လောရွာအနီးမှာ TNLA တအာင်းပလောင် တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော်ရဲ့ အမျိုးသမီးစစ်သည် ၆ ဦးကို တပ်မတော်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
2018-07-16
၂ဝ၁၈ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ခြောက်ရက်ကြာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု မရှိပေမယ့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံ ညှိနှိုင်းခဲ့တာတွေဟာ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေ ဖြစ်လာနိုင်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
2018-07-16
ရှမ်းပြည်နယ် မိုင်းပန်မြို့နယ်၊ ကုန်းကတ်ကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် လူငယ် ၄ ယောက် အပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံလူငယ် ၅ဝ လောက်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က တပ်သားသစ်အဖြစ် ဇူလိုင်လ ၁၅ ရက်နေ့က ခေါ်ဆောင်သွားတယ်လို့ နမ့်စန်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးနေဇော်နိုင် က ပြောပါတယ်