သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-09
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ထဲက နှစ်ယောက်ကို ဂူအပြင် ကယ်ထုတ်လာနိုင်ပြီလို့ နိုင်ငံတကာသတင်းဌာနတွေက ကြေညာလိုက်ပါတယ်။
2018-07-07
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် ထားရှိမယ့်ကိစ္စကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းပေးဖို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေက ဒီနေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံရာမှာ တောင်းဆို လိုက်ပါတယ်။
2018-07-06
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ သရက်ကန်ကျေးရွာက တောင်သူတရာကျော်ဟာ မန္တလေးမြို့မှာရှိတဲ့ “ဂရိတ်ဝေါ တူမောရိုး” စိုက်ပျိုးရေးကုမ္ပဏီက မျိုးစေ့မမှန်တဲ့ စပါးမျိုးတွေ ရောင်းချခဲ့တဲ့အပေါ် ဇူလိုင်လ ၆ ရက်နေ့က မုံရွာမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ တောင်သူဦးသန်းဝေကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။
2018-07-06
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဆာယန်ကျေးရွာမှာ ပြန်လည်နေထိုင်ကြတဲ့ စစ်ဘေးရှောင်ရွာသား ၆ဝ လောက်ဟာ စစ်တပ်က နေထိုင်ခွင့်မပြုတဲ့တွက် ပြန်ပြီး ထွက်ခွာသွားကြရတယ်လို့ သိရပါတယ်။
2018-07-06
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု တည်ဆောက်မယ့် အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြတဲ့အတွက် တရားစွဲခံရတဲ့ လူငယ်တွေဟာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလက NLD ပါတီ အောင်နိုင်ရေးအတွက် ဝန်းရံခဲ့သူတွေ ဖြစ်တယ်လို့သိရပါတယ်။
2018-07-05
မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေနဲ့ “မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂ” ပူးပေါင်းပြီး ပြီးခဲ့တဲ့တနင်္ဂနွေက ဆန္ဒပြချိန်တုန်းက ပန်းဆိုးတန်း ဆိပ်ကမ်းတံတားကို သုံးမိနစ်လောက် ဖြတ်သန်းခဲ့မှုနဲ့ လယ်သမားအရေးဆောင်ရွက်သူ သုံးယောက်ကို ဆိပ်ကမ်းမြို့နယ်ရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ (၁၉) နဲ့ အမှုဖွင့်လိုက်ပါတယ်။
2018-07-05
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် အတော်များများမှာ ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
2018-07-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တာလောကြီးနဲ့ ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ တရုတ်တစ်ရှူးငှက်ပျော တင်ဆောင်တဲ့ ကားကြီးတွေ နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေတဲ့အတွက် လမ်းတွေပိတ်ဆို့ပြီး ခရီးသွားလာရေး အခက်အခဲ ဖြစ်နေပါတယ်။
2018-07-04
ထိုင်းနိုင်ငံမှာ သုံးရက်အတွင်း ဖမ်းမိတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၇ဝဝ ကျော်ကို ထိုင်းအစိုးရက နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာဘက် ကို ပြန်ပို့ပေးခဲ့တယ်လို့ မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင် က ပြောပါတယ်။
2018-07-04
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ဖို့ အစိုးရက မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တစ်ဖွဲ့ချင်း ဖိတ်ကြားထားတဲ့အတွက် အားလုံးတက်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောပါတယ်။
2018-07-04
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ကျောင်းသားဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတစ်ဦးကို အပြင်ထုတ်နိုင်ဖို့အတွက် ကလေးတွေ ကျန်းမာရေးကောင်းပြီး ရေငုပ်နိုင်ဖို့ သင်တန်းပေးနေပါတယ်။
2018-07-03
ရှစ်လေးလုံးပြည်သူ့ပါတီရဲ့ အမည်၊ အလံ နဲ့ အမှတ်တံဆိပ်တွေကို ပြန်လည်ပြင်ဆင်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး လာမဲ့ ဇူလိုင်လ ၈ ရက်နေ့မှာ ပါတီစုံညီအစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
2018-07-03
ပရိုမိုးရှင်းအစီအစဉ်တစ်ခု တားမြစ်ခံရတဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီက တခြား ပရိုမိုးရှင်းအစီအစဉ်တွေ ဆက်လုပ်သွားမယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။
2018-07-03
Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ ပရိုမိုးရှင်း ကံစမ်းမဲအစီအစဉ်တစ်ခု ဖြစ်တဲ့ “shake Shake” ဆိုတဲ့အစီအစဉ်ဟာ ယှဉ်ပြိုင်မှုဥပဒေအရ တခြား ဆက်သွယ်ရေးကုမ္ပဏီတွေ အတွက် မျှတမှုမရှိဘူးဆိုပြီး မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက တားမြစ်လိုက်ပါတယ်။
2018-07-03
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု တည်ဆောက်မယ့် အစီအစဉ်ကို ဒေသခံ ၇ ရာနီးပါးလောက် ဒီနေ့ လမ်းလျှောက်ချီတက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြရာမှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးတဲ့အတွက် နှစ်ဖက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။