သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-17
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးအမှုကိစ္စနဲ့ ပတ်သက်ပြီး တရားလိုဘက်က တင်သွင်းထားတဲ့ သက်သေ ၂၅ ဦးထဲမှာ ထွက်ဆိုဖို့ကျန်နေသေးတဲ့ ၅ ဦးဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေဟာ အမှုအတွက် အရေးကြီးနိုင်တယ်လို့ တရားစွဲခံရသူ သတင်းထောက်နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။
2018-05-17
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့မေလဆန်းပိုင်းကစပြီး ကမ္ဘာ့ရေနံဈေးနှုန်းနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းတွေ မြင့်တက်မူနဲ့အတူ တစ်ရိပ်ရိပ်မြင့်တက်လာနေပါတယ်။
2018-05-17
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ NYDC- New Yangon Development Company Ltd. ဟာ ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှာ ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်ပါမယ်။ ဒီမြို့သစ်စီမံကိန်းရဲ့ ကောင်းကျိုး-ဆိုးကျိုး၊ NYDC ဘဏ္ဍာရေးကိစ္စ၊ ပွင့်လင်းမြင်သာမှု စတာတွေနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ စာပေရေးသားနေတဲ့ စာရေးဆရာမ သွေး(စစ်ကိုင်း)ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-05-17
ရခိုင်ပြည်နယ်ကထွက်ပြေးလာတဲ့ မွတ်စလင်တွေကို နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ ဆောင်ရွက်နေတဲ့ အခြေအနေ၊ ရခိုင်အရေး လာရောက်လေ့လာသွားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ မြန်မာအပေါ် သဘောထားနဲ့ မြန်မာကို နိုင်ငံတကာခုံရုံး ICC တင်ဖို့ ကြိုးပမ်းနေမှု စတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2018-05-16
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မရမ်း နဲ့ နမ္မတီး ဘူတာအကြား တစ်နေရာ၊ ထိုပူးနဲ့ မိုးကောင်း ဘူတာ အကြားက နေရာ ၃ ခု မှာ မနေ့ည သန်းခေါင်ချိန်နဲ့ ဒီကနေ့ နေ့လည်ပိုင်းမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
2018-05-16
တိုက်ပွဲတွေအတွင်းက ပြည်သူတွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင်တောင်းဆိုခဲ့တဲ့ ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပါတယ်။
2018-05-16
မြန်မာ့တပ်မတော်က ကချင်ပြည်နယ်မှာ စစ်ရာဇ ဝတ်မှု ကျူးလွန်နေတာတွေရပ်ဖို့၊ တပ်မတော်နဲ့ ဆက်ဆံနေတဲ့ နိုင်ငံတကာအနေနဲ့လည်း စစ်တပ်ကိုဖိအားပေးပြီး၊ ငြိမ်းချမ်းရေး ရန်ပုံငွေပေးနေ တာကို ဆိုင်းငံ့ထားဖို့၊ အစိုးရအနေနဲ့ ဒုက္ခသည်ပြည် သူတွေကို ထိရောက်တဲ့ အကူအညီပေးနိုင်အောင် လမ်းဖွင့်ပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် KWAT ကချင်အမျိုးသမီးများ အစည်းအရုံးက တောင်းဆို လိုက်ပါတယ်။
2018-05-16
KNU တပ်မဟာ (၅) ဒေသဖြစ်တဲ့ ခေးပူးနဲ့ လယ်မူပလောဒေသမှာ အစိုးရတပ်မတော်က ပြီးခဲ့တဲ့ မတ်လဆန်းပိုင်း စတင်ပြီး လမ်းဖောက် လုပ်မှု၊ တပ်အင်အားတိုးချဲ့ ချထားမှုတွေ ရှိနေကြောင်းနဲ့ အဲဒီလိုဆောင်ရွက်နေတာ ဟာ နှစ်ဖက်သဘောတူညီချက်နဲ့ ဆောင်ရွက်နေတာ မဟုတ်ကြောင်း KNU နဲ့ KNLA ဘက်က ကြေညာ ချက် ထုတ်ပြန်မှုတွေ ရှိလာပါတယ်။
2018-05-16
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ မေလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား ၃ ယောက် ပါဝင်ခဲ့ပါတယ်။
2018-05-16
ကချင်ပြည်နယ် တနိုင်းဒေသအတွင်း အစိုးရတပ်နဲ့ KIA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးရသူတွေကို စစ်ပွဲများအပြီး ရွာပြန်ဖို့ကိစ္စကို အစိုးရတပ်တွေဘက်က ခွင့်မပြုဘူးလို့ သိရပါတယ်။
2018-05-15
ရန်ကုန်တိုင်းအစိုးရက တင်ပြထားတဲ့ မြို့ပြ ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းတွေကို အသေးစိတ်ဖော်ပြ တာမရှိဘဲ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခိုင်း ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန် ဆောင်ရွက်နေတယ်လို့မြင်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း က ဝေဖန်လိုက်ပါတယ်။
2018-05-15
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က တောက်ပကြယ်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေအကြား မေလ ၁၃ ရက် မနေ့က အလုပ်စောဆင်းခိုင်းရာကနေ လစာကိစ္စ အချေအတင်ဖြစ်ပြီး မကျေနပ်တဲ့ ဝန်ထမ်းတချို့က အဆောက်အဦနဲ့ ယန္တရားတချို့ကို ည ၇ နာရီလောက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
2018-05-14
ရေမဆေးသမားတွေနဲ့ တပိုင်တနိုင်ကျောက်မျက်တူးဖော်လိုသူတွေ လုပ်ကိုင်နိုင်အောင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးရတနာနယ်မြေအတွင်းမှာရှိတဲ့ နန်စလင်းချောင်းဖျားမှော်က လုပ်ကွက်ပေါင်း ၃၇ဝ ကျော်ကို တိုင်းဒေသကြီးအစိုးရက ရောင်းချပေးတော့မှာဖြစ်ပါတယ်။
2018-05-13
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါကျေးရွာအနီးက လယ်မြေဧက ၁ဝဝ ပေါ်မှာ ဦးပိုင်ကုမ္ပဏီ နဲ့ မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ကျောက်တန်းမြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ လယ်သမား ၃ ဦးကို ဒီနေ့ အာမခံနဲ့ လွှတ်လိုက်ပါတယ်။
2018-05-12
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ပြည်သူ့စစ်အဖွဲ့နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တွေအကြား ပစ်ခတ် မှုတွေကြောင့် ဒဏ်ရာရသူတွေ သေဆုံးသူတွေကို မူဆယ်ကရုဏာလူမှုကူညီရေးအသင်းက မူဆယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။