သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-18
ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ကြေညာလိုက်တဲ့ ဝန်ကြီးဌာန ၂၁ ခုထဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဆိုပြီး ဝန်ကြီးဌာန အသစ်ပါရှိပါတယ်။
2016-03-17
ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတသစ် က ပေးပို့လိုက်တဲ့ ဝန်ကြီးဌာနစာရင်း (၂၁) ခုထဲက ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန (၃) ခုရဲ့ ဝန်ကြီး အမည်စာရင်းကို ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ ထံ ပေးပို့ရမှာ ဖြစ်ပါတယ်။
2016-03-17
မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းတွေ အလျှင်အမြန် ပြန်လည်စတင်နိုင်ရေးအတွက် အစိုးရသစ်ကို တွန်းအားပေးမယ်လို့ တရုတ်အစိုးရရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး လာမယ့်အစိုးရအဖွဲ့သစ်မှာ သယံဇာတနဲ့ သဘာဝပတ်ကျင်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဖြစ်လာမယ်လို့ ထင်ကြေးပေးခံနေရတဲ့ စိမ်းလန်းအမိမြေ (Eco Dev) အဖွဲ့က အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2016-03-16
ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် the Root Investigative Agency (RIA) သတင်းအေဂျင်စီ က သတင်းထောက် ကိုမင်းမင်းရဲ့ နေအိမ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက် ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်းဖေါ်ထုတ် အရေး ယူပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက် ပါတယ်။
2016-03-16
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနအရေအတွက်၊ အမည်တွေနဲ့ ဝန်ကြီး ဦးရေ သတ်မှတ်တာကို တင်ပြရတော့မှာဖြစ်ပါတယ်။
2016-03-16
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၃၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Ms.Yan Hee Lee က မနေ့က တင်သွင်းခဲ့ပါတယ်။
2016-03-16
ပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေက သာယာဝတီမြို့နယ် တရားရုံးရဲ့ အမှုစစ်ဆေးမှုတွေကို သပိတ်မှောက်လိုက်ပြီး ရှေ့နေကိုယ်စားလှယ်လွှဲစာတွေကို ရုပ်သိမ်းလိုက်ပါတယ်။
2016-03-15
BROUK ခေါ် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်ဟာ မတ်လ ၁၅ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ယန်ဟီးလီကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်က ပြဿနာတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။
2016-03-14
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါ တယ်။
2016-03-14
မကွေးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မိုးညိုနဲ့ ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခက်အောင်တို့ဟာ အမေရိကန်ပြည်ထောင်စု အခြေစိုက် ကမ္ဘာကျော် GE ခေါ် General Electric ကုမ္ပဏီရဲ့ဖိတ်ကြား ချက်အရ ဝါရှင်တန်ဒီစီမြို့တော်မှာ ဆွေးနွေးပွဲ တစ်ခုတက်ရောက်ဖို့ ရောက်ရှိနေကြပါတယ်။
2016-03-13
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်နဲ့ TNLA တပ်တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လွယ်ကန်ကျေးရွာနဲ့ လွယ်စရွန်းကျေးရွာတွေမှာ ပိတ်မိနေတဲ့ ကျေးရွာသားတွေကို မနေ့က ကွတ်ခိုင်မြို့နယ်က ဘုန်းတော်ကြီးတွေက သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။
2016-03-13
ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်မှာ လုံခြုံရေးတပ်တွေက ပစ်ခတ်တာကြောင့် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးတာ ၂၈ နှစ်မြောက်ပြီဖြစ်ပါတယ်။ သူတို့အတွက် ဒီကနေ့ ရန်ကုန်မြို့မှာ အာအိုင်တီ ကျောင်းသားဟောင်းတွေက ဆွမ်းကပ် အမျှပေးဝေခဲ့ကြပါတယ်။
2016-03-12
ဖားကန့်မှာ အနယ်နယ်အရပ်ရပ်ကလာရောက် ပြီး ရေမဆေးကျောက်ရှာဖွေနေတဲ့ အလုပ် သမားတွေ တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားရှိပြီး၊ မူးယစ်ဆေးစွဲသူတွေလည်း ထက်ဝက်မက ရှိနေပြီလို့ သိရပါတယ်။
2016-03-12
နိုင်ငံအကြီးအကဲ တာဝန်လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အစိုးရရဲ့ တာဝန်လွှဲပြောင်းမှု ထောက်ကူပြုကော်မတီနဲ့ NLD ပါတီဘက် တာဝန်ရှိသူတွေ မနေ့က လေးကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါတယ်။
2016-03-12
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD ပါတီအစိုးရ ဖွဲ့စည်းပြီးချိန်မှာ အစိုးအဖွဲ့ထဲမှာမပါပဲ ပါတီဥက္ကဌအဖြစ်သာ ဆက်လက်ဦးဆောင် တာဝန်ယူသွားနိုင်တယ်လို့ NLD ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။