သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-22
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ALP အဖွဲ့က ဗဟိုကော် မတီဝင်တဦးဖြစ်သူ ဦးခိုင်မျိုးထွန်းဟာ စစ်ပွဲဖြစ် ပွားတဲ့ဒသတွေမှာ တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေနဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့စာထုတ်ပြန်ခဲ့ တာကြောင့်၊ ထောင်တစ်နှစ်နဲ့ ၇ လကျခံခဲ့ရပါတယ်။
2018-02-22
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းကို ဒီကနေ့ ရုံးချိန်းမှာ အင်းစိန်မြောက်ပိုင်းခရိုင်တရားရုံးက အာမခံ ပေးလိုက်ပါတယ်။
2018-02-22
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို အခုလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို UPDJC အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှာမှ အတည်ပြုမှာဖြစ်ကြောင်းနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ကိစ္စ ဆွေးနွေးရနိုင်တယ်လို့ အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က ပြောပါတယ်။
2018-02-22
မြေပြိုမှုဖြစ်ခဲ့တဲ့ ပုပ္ပါးတောင်ကို မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းက လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံသွားရောက်ပြီး လေ့လာဆန်းစစ်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
2018-02-21
စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့အနီးက အငြိမ်းစားစစ်တပ်အရာရှိတဦးပိုင် ကျောက်မီးသွေးတွင်းဟာ အခုနှစ်အစပိုင်းမှာ သတ္တုတွင်းဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင်ခြင်းမရှိတာကြောင့် အပိတ်ခံရပါတယ်။
2018-02-21
ဝိနည်းနဲ့မညီတဲ့ ရဟန်းသံဃာတော်တွေကို ဓမ္မစက်ကနေ အာဏာစက်နဲ့ အရေးယူနိုင်ရေး ထပ်မံညွှန်ကြားသင့်ပါကြောင်း သာသနာရေးဝန်ကြီးှဌာန ဝန်ကြီးသူရဦးအောင်ကိုက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးမှာ လျှောက်ထားလိုက်ပါတယ်။
2018-02-21
ပြီးခဲ့တဲ့နှစ် သြဂုတ်လက ARSA အကြမ်းဖက် သမားတွေရဲ့ ရန်ကိုကြောက်ပြီး စစ်တွေကို ထွက်ပြေးသွားခဲ့တဲ့၊ မောင်တောမြို့နယ် လေးမိုင်ရွာက ဟိန္ဒူလူမျိုးတွေဟာ မောင်တောမြို့မှာ လောလောဆယ် ခိုလှုံနေကြပါတယ်။ သူတို့အတွက် အစားအသောက် အခက်အခဲရှိသလို၊ ဒေသခံရွာအုပ်ချုပ်ရေးမှူးတစ်ယောက်က သူတို့ကိုပြန်မောင်းထုတ်နေတယ်လို့လည်း ပြောပါတယ်။
2018-02-21
NCA စာချုပ်မှာ လက်မှတ်ရေးထိုးတားတဲ့ မွန်ပြည်သစ်ပါတီက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပခင် အကြိုလူထုတွေ့ဆုံပွဲတွေကို မွန်ပြည်နယ်ထဲမှာ ကျင်းပသွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-02-21
ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် လူဦးရေ ၈ ထောင်ကျော်စာရင်းမှာ အကြမ်းဖက်အဖွဲ့ဝင်တွေ ပါဝင်မှု ရှိ၊ မရှိကို ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးနေပြီး အကြမ်းဖက်အဖွဲ့ဝင်တွေ မပါကြောင်း စစ်ဆေးအတည်ပြုပြီးမှသာ မြန်မာနိုင်ငံအတွင်း အမှန်တကယ်နေထိုင်ခဲ့ဖူးသူတွေ ဟုတ်၊ မဟုတ် ဆိုတာကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
2018-02-19
ထိုင်းနိုင်ငံ PTTE ကုမ္ပဏီက သူတို့အလုပ်ထုတ်ထား တဲ့ မြန်မာအလုပ်သမားအယောက် ၂၀ လောက်ကို နစ်နာကြေးတောင်းနေသလို၊ မြန်မာ အလုပ် သမားတွေကလည်း ပြန်ပြီး လျော်ကြေးတောင်းနေ ပါတယ်။
2018-02-19
မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေ ပိုများလာနေပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို သေဒဏ်ပေးဖို့ ပြည်သူတချို့က တောင်းဆိုနေကြပါတယ်၊ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲဥပဒေတွေအရ သေဒဏ်ပေးခွင့်ရှိပါသလား၊
2018-02-19
ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ့် ဒုက္ခသည် ၈ ထောင်ကျော်စာရင်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက စိစစ်နေပြီး အဲဒီစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လည်ပေးပို့သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
2018-02-19
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖံ့ွဖြိုးတိုးတက်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်မွှေးမွှေးခင်က တိုင်းရင်းသားရေးရာဝန်ကြီးတွေ လုပ်ပိုင်ခွင့်တွေ အကန့်အသတ်ရှိနေတဲ့အတွက် အခက်အခဲရှိနေတယ်လို့ ပြောပါတယ်။
2018-02-19
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးပြီး နွေဦးရာသီ အခုကာလကစလို့ သောက်သုံးရေတွေ ရှားပါးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
2018-02-18
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်း က မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်နေရာချ ထားရေးနဲ့ ပတ်သက်ပြီး ရခိုင်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာ ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။