သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-02-13
ရခိုင်ပြည် အမျိုးသားကောင်စီက မနက်ဖြန်ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-02-13
မြို့ပြနဲ့ အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနရဲ့ အောက်ခြေ ဝန်ထမ်းတွေက ရန်ကုန်တိုင်းရဲ့ မြို့နယ် ၄ ခု လောက်မှာ တရားမဝင် မြေချ ပါမစ်တွေ ထုတ်ပေးထားတယ်လို့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင် က ပြောပါတယ်။
2018-02-12
ဆန္ဒပြသူ ၇ ဦး သေဆုံးခဲ့တဲ့ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အခြေခံဥပဒေနဲ့ မညီတဲ့အတွက် ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ ပြည်နယ်အစိုးရက သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားထားပါတယ်။
2018-02-12
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံခဲ့ရမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်အရာရှိ ၄ ဦး နဲ့ တပ်မတော်သား ၃ ဦး ကို စစ်ဘက်ဆိုင်ရာ တရားရုံးက အရေးယူသွားဖို့နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံ ၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြား ဆောင်ရွက်ထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2018-02-10
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ထိုးဖို့ကျန်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်တွေဟာ လက်ရှိမှာ ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကြေညာထားပြီးဖြစ်တဲ့အတွက် အဲဒီအဖွဲ့တွေကို ဆက်လက်မစောင့်ဆိုင်းတော့ဘဲ လက်မှတ်ရေးထိုးဖို့ မွန်ပြည်သစ်ပါတီက ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။
2018-02-10
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စကို ရိုက်တာ သတင်းဌာနက “မြန်မာနိုင်ငံမှ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု" ဆိုတဲ့ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်လိုက်ပါတယ်။
2018-02-10
ဒီလအစောပိုင်းက အစိုးရ တပ်မတော်နဲ့ ကေအိုင်အေတို့ကြား အလွတ်သဘော ဆွေးနွေးရာမှာ စစ်ရှိန်လျှော့ချရေးနဲ့ တပ်နေရာချထားရေးကိစ္စတွေကို အကြမ်းဖျဉ်း ဆွေးနွေးထားပြီး ဆက်လက်ဆွေးနွေးဖို့ နှစ်ဖက် သဘောတူညီချက် ရရှိထားပါတယ်။
2018-02-09
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းကြောင်းကို အမြန်ဆုံးသွားလာနိုင်ရေးအတွက် ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တို့ကို ဖေဖော်ဝါရီ ၆ ရက်က လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးရုံး မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2018-02-09
ရန်ကုန် မြို့တွင်း ၁၁ မြို့နယ်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်မပြုဖို့ တိုင်းအစိုးရအဖွဲ့က ၂၀၁၇ နိုဝင်ဘာလအတွင်းက အမိန့်ထုတ်ပြန်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ဒဂုံမြို့နယ် မိုင်ဒါကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဆန့်ကျင်ရှုတ်ချပွဲကိုတော့ ခွင့်ပြုပေးခဲ့တာနဲ့ပတ်သက်ပြီး လာမယ့် သတ္တမအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ မေးခွန်းမေးမြန်းသွားမယ်လို့ ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။
2018-02-07
နိုင်ငံတကာမှာ ရခိုင်ပြည်နယ် သတင်းနဲ့ ပတ်သက်လို့ အချက်အလက် အမှန်သိရှိရေးနဲ့ ရခိုင်ပြည်နယ်ထဲ ကို သတင်းသမားတွေ သွားရောက်သတင်းရယူနိုင်ဖို့အတွက် အစိုးရက စီစဉ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦအောင်လှထွန်း ကပြောပါတယ်၊
2018-02-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ရုပ်အလောင်းတွေကို အစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့ နေရာ ၅ ခု လောက်ရှိတယ်လို့ AP သတင်းဌာနရဲ့ ဖော်ပြချက်ဟာ မှားယွင်းတဲ့အတွက် ပြည်နယ်အစိုးရက AP သတင်းဌာနကို တရားစွဲမယ်လို့ ပြောပါတယ်။
2018-02-06
ကွတ်ခိုင်မြို့နယ်အတွင်း မနေ့က ဖြစ်ပွားတဲ့ TNLA တအန်းပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော် တို့ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေး လာတဲ့ ဒေသခံ ရွာသူရွာသားတွေဟာ နီးစပ်ရာ ရွာတွေက ဆွေးမျိုးများအိမ်မှာ ခိုလှုံလျက်ရှိပါတယ်။
2018-02-06
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က လမ်းတံတားအချို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကေအိုင်အေ က ဖျက်ဆီးခဲ့တာကြောင့် သွားလာရေးခက်ခဲပြီး ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အခြေအနေတွေကို မနက်ဖြန် ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အရေးကြီးအဆိုအဖြစ် တင်သွင်းဆွေးနွေးမှာဖြစ်ပါတယ်။
2018-02-06
မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရတာဟာ ရက္ခိုင့်တပ်မတော် AA က ကြိုတင်ကြံစည်တာဖြစ်ပြီး၊ အဲဒီလို ဆောင်ရွက်ပေးတဲ့သူဟာ မူးယစ်ဆေးရောင်းလို့ရတဲ့ ငွေနဲ့ AA အဖွဲ့ကို လက်နက်ထောက်ပံ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်မှာ မနေ့က ဖေါ်ပြခဲ့ပါတယ်။
2018-02-06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှာ ရခိုင်တပ်မတော် AA ဘက်က ကြိုတင်ကြံစည်လုပ်ဆောင်မှုတွေရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။