သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-27
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲက ရှေ့နေမငှားနိုင်သူတွေကို လိုက်ပါဆောင်ရွက်ပေးဖို့၊ ဥပဒေပိုင်းဆိုင်ရာတွေကို အကြံပြုတာတွေ၊ ဥပဒေနဲ့အညီ ဥပဒေရေးရာ သက်သာခွင့်တွေရဖို့အတွက် လိုအပ်တဲ့ အထောက်အကူတွေပေးဖို့အတွက် ရခိုင်အမျိုးသားပါတီက ဥပဒေ အထောက်အကူပြုကော်မတီကို မနေ့က ဖွဲ့စည်းလိုက်ပါတယ်။
2018-01-26
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နှစ်နှစ်ကျော် ကာလအတွင်း နှစ်ဖက် တာဝန်ရှိသူတွေ ထိပ်တိုက်တွေ့ဆုံဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့ TNLA နဲ့ RCSS တို့ကြား နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုကို အခုလ ၂၂ ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
2018-01-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က ပြန်လက်ခံတဲ့အစီအစဉ် ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်နေပြီဖြစ်ပေမယ့် ဒီနေ့အထိ ပြန်လာသူတစ်ဦး တစ်ယောက်မှ မရှိသေးကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
2018-01-25
ပညာရေးဘတ်ဂျက် တိုးမြင့်ပေးရေးအတွက် မန္တလေးမြို့၊ ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒ ထုတ်ဖော်နေတဲ့ ကျောင်းသားတွေကို ယနေ့မနက်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းပြီး မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည်ပို့ဆောင် လိုက်ပါတယ်။
2018-01-25
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကနေ အမေရိကန် ဝန်ကြီးဟောင်း ဘီလ် ရစ်ချတ်ဆင် နုတ်ထွက်သွားတာဟာ လုပ်ပိုင်ခွင့် တာဝန်ထက်ပိုပြီး ဆောင်ရွက်လိုစိတ်နဲ့ အကြံပေးရမယ့်လုပ်ငန်းထက်ပိုပြီး လုပ်ဖို့ကြိုးစားလာတာကြောင့် အဆင်မပြေဖြစ်ပြီး နုတ်ထွက်သွားတာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2018-01-24
လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးက အဓိကရုဏ်းကို ပညာရှင်တွေပါဝင်တဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်မှသာ အဖြစ်မှန်ကိုဖော်ထုတ်နိုင်မှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP တာဝန်ရှိသူက ပြောပါတယ်။
2018-01-24
အစိုးရဘတ်ဂျက်မှာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍနှစ်ရပ်အတွက် သုံးခွင့်ရထားတဲ့ဘတ်ဂျက်က ကာကွယ်ရေးဘတ်ဂျက်ထက် နည်းနေတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပညာရေးဘတ်ဂျက် ကို ၁၅ ရာခိုင်နှုန်းထိသတ်မှတ်ပေးဖို့ တောင်းဆိုတာလို့ မန္တလေး ရတနာပုံတက္ကသိုလ်ထဲမှာ ဆန္ဒပြတောင်းဆိုနေတဲ့ ဗကသများအဖွဲ့ချုပ် ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။
2018-01-23
မြောက်ဦး အရေးအခင်းမှာ ဒဏ်ရာရလို့ စစ်တွေမှာ ဆေးကုနေရတဲ့ လူငယ် ၈ ယောက်ကို ဆေးရုံ အချုပ်ဆောင်ထဲ ပို့လိုက်တာဟာ သူတို့ကို အရေးယူမှာဖြစ် သလို၊ မြောက်ဦးဆေးရုံမှာ တက်နေတဲ့ ၄ ယောက် ထွက်ပြေးသွားတဲ့အတွက် ရဲအရာရှိတချို့ အရေးယူခံလိုက်ရလို့လည်း ဖြစ်တယ်လို့ သိရပါတယ်။
2018-01-23
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအတွင်း သေနတ်ကျည်ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဒီနေ့ မနက်မှာ ဖမ်းဆီးလိုက်ပြီး ဆေးရုံအချုပ်လူနာဆောင်ကို ပို့ဆောင်လိုက်ပါတယ်။
2018-01-23
ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီတူး၊ ကရင်နီပြည်တောင်သူများသမဂ္ဂ ဥက္ကဌ ခူးတူရယ်နဲ့ ကယန်းမျိုးဆက်သစ်လူငယ် ဗဟိုကော်မတီဝင် ခွန်းအသန်းတို့ ၃ ဦးအမှုကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးက ပလပ်လိုက်ပါတယ်။
2018-01-22
ရခိုင်ပြည်နယ် မြောက်ဦးအဓိကရုဏ်းမှာ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းလို့ လူ ၇ ဦးထိသေဆုံးပြီး ၁၂ ဦးဒဏ်ရာရတဲ့ ဖြစ်ရပ်မှာ ရဲတပ်ဖွဲ့က ဥပဒေလုပ်ထုံလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့တယ်လို့ အစိုးရပြောပါတယ်။
2018-01-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် မြန်မာနိုင်ငံဘက်ကို တရားဝင် အကြောင်းကြားမှု မရှိတာကြောင့် မြန်မာအစိုးရဘက်ကတော့ မူလသဘောတူညီချက်အတိုင်း ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2018-01-21
မြန်မာနိုင်ငံဘက် ပြန်လာမယ့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို စိစစ်လက်ခံဖို့ ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူတွေ ပြန်လည်လက်ခံရေး စခန်းနှစ်ခုမှာ ရောက်ရှိနေပြီ ဖြစ်တာကြောင့် လက်ခံဖို့အဆင်သင့်ဖြစ်နေပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင် က ပြောပါတယ်။
2018-01-21
ကယားပြည်နယ်မှာ သစ်ထုတ်ခွင့်ကို အကြောင်းပြုပြီး ခုတ်ခွင့်ရတဲ့ ပမာဏထက်ပိုပြီး သစ်ထုတ်တာတွေ ရှိနေတာကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ်မှာ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီး ဦးတီရယ် က ပြောပါတယ်။
2018-01-20
လက်ရှိအကျဉ်းကျနေသူတွေထဲက လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ရေးသားပြုစုပြီး နိုင်ငံတော်သမ္မတထံ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က ပေးပို့လိုက်ပါတယ်။