သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-18
ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်နေတဲ့ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေလည်း ပိုးကူးစက် ခံနေရပါတယ်။ စီးပွားရေးနဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အကျပ်တည်းတွေကို မသန်စွမ်းသူ တွေလည်း ရင်ဆိုင်နေရပြီး အစိုးရ ထောက်ပံ့ကြေးကို မရတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။
2020-10-16
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်ပြန် ရိုဟင်ဂျာတွေဆီကနေ ပျံ့နှံ့တယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်ငံရေးအဖြစ်မလုပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Dr. Stephan Paul Jost က RFA နဲ့ အောက်တိုဘာ ၁၄ ရက်နေ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
2020-10-15
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို RFA သတင်းထောက် မသက်စုအောင် က အွန်လိုင်းကနေ မေးမြန်းထားပါတယ်။
2020-10-15
လူ့ဘောင်သစ်ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ခြောက်နေရာသာ ရွေကောက်ပွဲဝင်မှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ငါးနေရာ နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ တစ်နေရာ ရွေးကောက်ပွဲ ဝင်မှာပါ။
2020-10-14
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ NLD ကိုယ်စားလှယ်လောင်းသုံးဦးကို ရခိုင့်တပ်တော် AAတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတာလို့ အခင်းဖြစ်နေရာကနေ လွတ်မြောက်လာတဲ့ NLD အောင်နိုင်ရေးဝန်းရံလှုပ်ရှားသူ ကိုသန့်ဇင်ဖြိုးက ပြောပါတယ်။
2020-10-14
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း သုံးယောက်ကို ရွေးကောက်ပွဲကျင်းပဖို့ ၂၅ ရက်အလိုမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းသွားတာဟာ NLD ကို တိုက်ခိုက်တာဖြစ်တယ်လို့ တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင်က ပြောပါတယ်။
2020-10-14
ရန်ကုန်မှာ ရခိုင်တိုင်းရင်းသားမဲဆန္ဒရှင် တစ်သိန်းတစ်သောင်းကျော်ရှိပြီး မဲဆန္ဒရှင်တွေထဲမှာ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအများအပြား ပါဝင်ပါတယ်။
2020-10-13
ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေနဲ့ အလုပ်သမားအရေးကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံကို ပိုမိုနားထောင်ပေးဖို့လိုတယ်လို့ ပုသိမ်မြို့ အလုပ်သမားအချင်းချင်းရိုင်းပင်းကူညီရေးအဖွဲ့ မှ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးတာဝန်ခံ ဒေါ်ခခ က RFA ကိုပြောပါတယ်။
2020-10-13
ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ဟာ ၂၀၂၀ မှာ ကချင်ပြည်နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၈ ဦး၊ ရှမ်းပြည်နယ်အတွင်း ကိုယ်စားလှယ်လောင်း နှစ်ဦး၊ စုစုပေါင်း ၂၀ ဦးနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မှာပါ။
2020-10-10
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အထက်အမိန့်အရ ရိုဟင်ဂျာတွေကို ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ မြန်မာတပ်သားနှစ်ယောက် ပေါ်ထွက်လာတာကြောင့်၊ လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း မြန်မာဘက်က ICJ နိုင်ငံတကာ တရားရုံးမှာ လျှောက်လဲခဲ့တာဟာ မမှန်ကန်ကြောင်း ပြရာရောက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Fortify Rights က ပြောပါတယ်။
2020-10-10
နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်တဲ့ စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း၂၄ ခုမှာ ရိုဟင်ဂျာ တစ်သိန်းသုံးသောင်းကျော်ဟာ အကျယ်ချုပ် ကျခံရသလို ဖြစ်နေတာ ရှစ်နှစ်ကြာပြီလို့ ဖော်ပြထားပါတယ်။
2020-10-09
ရှမ်းပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရင် လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်လမ်းတွေတိုးပွားလာမယ်လို့ တောင်ကြီးမြို့ အမှတ်(၁) မဲဆန္ဒနယ်ကနေ ပြည်နယ်လွှတ်တော်အတွက် ဝင်ပြိုင်မယ့် SNLD ကိုယ်စားလှယ်လောင်း မနန်းယမင်းက ပြောပါတယ်။
2020-10-08
ရွှေလီမြို့မှာ မဲပေးခွင့်ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက လူ ၄ဝဝ ကျော်ကို NLD ထောက်ခံဆန္ဒပြပွဲလှည့်လို့ တရုတ်အာဏာပိုင်တွေက ဖမ်းလိုက်ပါတယ်။ သူတို့ပြန်လွတ်ဖို့ ရှမ်းပြည်နယ်အစိုးရက ယူနန်ပြည်နယ်အာဏာပိုင်တွေနဲ့ ဆက်သွယ်ကြိုးစားနေပါတယ်။
2020-10-08
ရှစ်လေးလုံးအရေးတော်ပုံမှာ ဗကသ ကျောင်းသူအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေစတင် လုပ်ဆောင်ခဲ့ပြီး ထောင်အကြိမ်ကြိမ်ကျခံခဲ့ရတဲ့ ဒေါ်နှင်းနှင်းမွှေးဟာ လာမယ့်ရွေးကောက်ပွဲမှာ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
2020-10-08
“နိုင်ငံ့ရေးရာ မေးစရာ” အစီအစဥ်မှာတော့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ အငြိမ်းစားညွှန်ချုပ် ဗိုလ်မှူးဟောင်း ဒေါက်တာအောင်မျိုးနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းကို ရှုစားကြရမှာပါ။