သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-31
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုအဆင့်မှာ NLD မဟုတ်တဲ့ တခြားပါတီကြီးတွေ ပေါ်လာမှာဖြစ်ပြီး ဖမ်းဆီးခံ ဦးကျော်မြင့်ဦးဆောင်ခဲ့တဲ့ နှင်းဆီပါတီက လူဦးရေသုံးသိန်းကျော်နဲ့ ပြန်လည်မှတ်ပုံတင်လာဖို့ရှိသလို တိုင်းရင်းသားပါတီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
2023-01-30
နိုင်ငံတကာတရားရုံးတွေမှာ စစ်ခေါင်းဆောင်တွေကို တရားစွဲတာတွေ များလာလေလေ၊ စစ်ခေါင်းဆောင်တွေအတွက် ပြေးစရာမြေနေရာ မရှိဖြစ်လာလေလေပဲလို့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
2023-01-27
အာဏာရှင်ဆန့်ကျင်တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့နေရာမှာ လက်နက်နဲ့ ဘဏ္ဍာငွေ မလုံလောက်မှုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် Intelligent Operation လို့ခေါ်တဲ့ စစ်သတင်းထောက်လှမ်းရေးဗျူဟာကို ဦးစားပေးကျင့်သုံးနိုင်မယ်ဆိုရင် စစ်ကောင်စီတပ်တွေအပေါ် အောင်မြင်မှုရနိုင်တယ်လို့ မြန်မာ့အရေးနဲ့ စစ်ရေးကျွမ်းကျင်သူ ဒေါက်တာ မီမီဝင်းဘတ်က သုံးသပ်ပါတယ်။
2023-01-26
စစ်တပ်ဘက်ကလည်း တော်တော်များများ အရမ်းကို စစ်ပန်းနေပြီ။ NUG ၊ PDF ၊ EAO တိုင်းရင်းသားအဖွဲ့တွေဘက်ကကျတော့ အားနည်းနေတာက မြေပြင်က အဆင့် operational level နဲ့ မဟာဗျူဟာ အဆင့် strategic level တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အရမ်းလိုအပ်နေတာပေါ့။
2023-01-25
အာဏာရှင်စနစ်တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ပါဝင်လှုပ်ရှားနေကြပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားလိုက်ပါတယ်။
2023-01-24
ပြင်ပအကူအညီမပါဘဲ စစ်ကောင်စီကို နိုင်ဖို့မလွယ်ဘူး၊ ပြင်ပအကူအညီတွေ အများကြီးရမှဖြစ်မယ်၊ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီကလည်း လက်ရှိ အုံကြွနေတဲ့ လူထုကို နိုင်မယ်လို့တော့ ကျွန်တော် မထင်ဘူး။
2023-01-23
DKBA အနေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ကြားနေအဖြစ်သာရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီတာမရှိဘူးလို့ (DKBA) ရဲ့ စစ်ရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းက ပြောပါတယ်။
2023-01-21
NUG အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၁ ရက် ည ၁ဝ နာရီမှာ စတင်ရောင်းချတဲ့ ရန်ကုန်မြို့က ရဲရင့်နွေဦးကွန်ဒို တိုက်ခန်းတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို မြန်မာပြည်သူတွေဆီက ကြိုတင်ဝယ်ယူမယ့် အမှာစာတွေ ရခဲ့ပြီးပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် က RFA ကို ပြောကြားပါတယ်။
2023-01-20
အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှုတွေကို ဆက်လက်အရှိန်အဟုန်မြှင့်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်ဒရယ်ရေးရာဝန်ကြီးလည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောပါတယ်။
2023-01-18
ဒုက္ခသည်တွေရဲ့ပြောဆိုချက်အရ ဖမ်းဆီးခံရသူတွေဟာ ARSA အဖွဲ့ဝင်တွေမဟုတ်ဘဲ စခန်းအတွင်း နေထိုင်တဲ့ ဒုက္ခသည်တွေသာဖြစ်လို့ စိစစ်ပြီး ပြန်လွှတ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုတယ်လို့ သူကပြောပါတယ်။
2023-01-17
ကရင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အရေအတွက်က လေးသိန်းဝန်းကျင်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနိုင်ခြေရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။
2023-01-12
NUG အစိုးရအပါအဝင် မြန်မာနိုင်ငံဘက်က တော်လှန်ရေးအင်အားစုတွေအနေနဲ့ အာဆီယံ၊ ဥရောပနဲ့ အမေရိကန်စတဲ့ နိုင်ငံတကာအဖွဲ့တွေနဲ့ ပြောဆိုရာမှာ တစ်သံတည်းထွက်ဖို့ ပိုအရေးကြီးလာတဲ့ အချိန်ကိုရောက်လာပြီလို့ သူကပြောပါတယ်။
2023-01-12
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်ကူညီပေးနေတဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားဖို့ရှိနေတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောခွင့်ရှိသူ ကိုနဂါးကြီးက RFA ကိုပြောပါတယ်။
2023-01-11
အာဏာသိမ်းပြီးနောက် မီးလောင်ဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းအတွင်း မြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လိုက်ကောက်တာတွေ ရှိနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ နယ်မြေအေးချမ်းမှုမရှိတဲ့ စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲဖြစ်နိုင်ခြေရှိပါသလား။