သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-30
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုပ်ပိုင်ခွင့်တွေ ချပေးထားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စီမံကိန်းတွေကို လက်ရှိအစိုးရသစ်က ပြန်လည် စိစစ်ရာမှာ လမ်းသစ်စီမံကိန်း၊ စက်သုံးဆီ သိုလှောင်ကန် စီမံကိန်း နဲ့ တောင်သမန်သစ္စာ စီမံကိန်းတွေကို ယာယီဆိုင်းငံ့ထားဖို့ ညွှန်ကြား ထားပါတယ်။
2016-10-30
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကစပြီး မိုင်းလားအထူးဒေသ (၄)ဧရိယာအတွင်း အစိုးရ တပ်မတော်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တို့ကြား စစ်ရေးတင်းမာနေတာကြောင့် မိုင်းလားမြို့ကို နိုင်ငံခြားသား ခရီးသည်တွေ ဝင်ရောက်လည်ပတ်မှု မရှိသလောက် နည်းပါးသွားတယ်လို့ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်အသင်း ရွှေတြိဂံဇုန်ဥက္ကဌ ဦးစိုးရွှေ က ပြောပါတယ်။
2016-10-30
ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ စီစဉ်နေပါတယ်။ အခြေခံပညာ မူလတန်းအဆင့်ရှိပြီး အသက် ၃၅ နှစ်အောက် အရွယ်ရှိတဲ့ ဒေသခံတွေအနေနဲ့ ဒေသန္တရ ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထား နိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
2016-10-30
စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးဇွဲနေဝင်းနဲ့ ဦးကျော်နေဝင်းတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ရှမ်းပြည်နယ် ဝန်ကြီးချုပ်အပါ အဝင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်အစိုးရရုံးမှာ လာရောက်တွေ့ဆုံပြီး မူဆယ်မြို့နယ်အတွင်း လေ ယာဉ်ကွင်း တည်ဆောက်လိုကြောင်း တင်ပြခဲ့ ပါတယ်။
2016-10-29
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တရားဥပဒေစိုး မိုးရေး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ၊ ပို့ဆောင်ဆက် သွယ်ရေးကော်မတီတွေ အပါအဝင် တိုင်းလွှတ်တော်ရေးရာကော်မတီတွေက အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှုကို စစ်ဆေးတွေ့ရှိချက်တွေနဲ့ ရေယာဉ်တွေ စနစ် တကျပြေးဆွဲနိုင်ရေးအတွက် အကြံပြုတိုက်တွန်း ချက် ၁၀ ချက်ကို "ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ"မှာ ထည့်သွင်းပေးဖို့ တိုင်းဒေသကြီး အစိုးရထံ မနေ့က တင်ပြလိုက် ပါတယ်။
2016-10-28
မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားအပြီး တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်နေရာမှာ ဒေသခံတချို့ကို ဖမ်းဆီးညှင်းပန်း နှိပ်စက်နေတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့ အစည်းတွေက ဝေဖန်နေကြပါတယ်။
2016-10-26
ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဖြစ်တဲ့ ဧရာဝတီတိုင်း ဒေသကြီး မအူပင်မြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း က မအူပင်မြို့နယ်၊ မဲဆန္ဒနယ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ကိုလေး အပါအဝင် ၄ ဦးကို လိမ်လည်မှု၊ အသရေဖျက်မှုတွေ နဲ့ မအူပင်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
2016-10-26
မိုင်းလားဒေသအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ UWSA "ဝ" လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဆုတ်ခွာပေးဖို့ အစိုးရတပ်မတော်က ညွှန်ကြားထားတဲ့အတွက် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ် နေပါတယ်။
2016-10-25
ထိုင်းနိုင်ငံမှာ အခြေခံလုပ်အားခ တစ်ရက်ကို ဘတ် ၃၀၀ သတ်မှတ်ထားရာကနေ ဘတ် ၃၆၀ အထိ တိုးမြှင့်ပေးဖို့ ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN နဲ့ ထိုင်းလုပ်သားသမဂ္ဂတို့ ပူးပေါင်းတောင်းဆိုကြမှာဖြစ်ပါတယ်။
2016-10-25
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ၊ မော်လမြိုင်ကျွန်း နဲ့ ဟိုင်းကြီးကျွန်းမြို့တွေက ဒေသခံ တစ်သောင်းကျော်ကို မုန်တိုင်းအန္တရာယ် လွတ်ကင်းအောင် ပြောင်းရွှေ့နေရာချထားပေးနေ တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး က ပြောပါတယ်။
2016-10-23
စပါးဈေးနှုန်းကျဆင်းနေတဲ့အတွက် အစိုးရက မူဝါဒတွေချမှတ်ပြီး တောင်သူလယ်သမားတွေ အဆင်ပြေအောင် ဆောင်ရွက်ပေးစေလိုတယ်လို့ လွတ်လပ်သော တောင်သူလယ်သမားအသင်းချုပ် ဥက္ကဌ ဦးသိန်းအောင်က ပြောပါတယ်။
2016-10-23
တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ခရိုင်မှူးအဆင့်ရှိသူ ဗိုလ်မှူး တာကြာထွန်းကို အစိုးရတပ်မတော် တပ်ရင်း ခလရ (၄၅)က ဖမ်းဆီး ထားပါတယ်။
2016-10-23
လက်ရှိ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းဟာ နောက် ၁၂ နာရီအတွင်း ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်နဲ့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
2016-10-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအတွက် ကင်းစခန်းတွေကို ထပ်တိုးချထားပေးနေတယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။
2016-10-20
ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ က ဒုတိယအကြိမ်ပြင်ဆင်ပြဋ္ဌာန်းခဲ့ တဲ့ မြန်မာ့ ကျောက်မျက် ရတနာဥပဒေကို ပြန် လည်ပြင်ဆင်ပေးဖို့ ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက် က ကျောက်တိုင်ကွင်းမှာ တနိုင်တပိုင် ရေ မဆေးကျောက် ရှာဖွေသူတွေနဲ့ ကျောက်စိမ်းလုပ် ကိုင်သူတွေက ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။