သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-29
NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ အခု ဒီဇင်ဘာ လထဲ တွေ့ဆုံနိုင်ချေရှိတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က RFA ကိုပြောပါတယ်။
2015-11-29
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် စာချုပ်ပါအချက် အလက်တွေကို ဆက်လက်အကောင်အထည်ဖို့ အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဗဟိုအလုပ်မှုဆောင် ကော်မတီ ဝင်တွေ၊ ဒေသခံတွေ ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဟာ ရှမ်းပြည်နယ်၊ တောင်ကြီး မြို့Royal Star ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2015-11-28
လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို ကန့်ကွက်လွှာတင်လာသူ မရှိသေးဘဲ ကန့်ကွက်လွှာတင်လာတဲ့အခါ ခုံရုံးအဖွဲ့ဖွဲ့ စည်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်ကော် မရှင်ရုံးတွေမှာ လိုက်လံစစ်ဆေးသွားမယ်လို့ သိရပါ တယ်။
2015-11-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်တွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့က ခေါင်းဆောင်တွေဟာ မနေ့က ရန်ကုန်မြို့NLD ရုံးမှာ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
2015-11-27
ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါနဲ့ ဝမ့်ဝဒုက္ခ သည်စခန်းတို့မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေဟာ ဝမ်းရောဂါတွေ ခံစားနေရတဲ့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဆရာဝန်တွေ၊ သူနာပြုတွေကို ခေါ်ဆောင်သွား ပြီး ဆေးကုသပေးနေပါတယ်။
2015-11-26
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နုမော်ရဲ့ နေအိမ်မှာ ကလေးငယ်ကို လက်ပြန်ကြိုးတုပ်ပြီး နှိပ်စက်နေ တာကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ခဲ့တဲ့ ကိုစည်သူကို ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းက ခေါ်ယူမေးမြန်းခဲ့ပါတယ်။
2015-11-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲရေးအဖွဲ့တို့ဟာ အဆင့်မြင့်ပညာရေးဥပဒေ ရေးဆွဲနိုင်ရေးအတွက် နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော် လွှတ်တော်ဝင်းမှာရှိတဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-11-26
ရန်ကုန်မြို့ ဗဟန်းမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက သူ့ကို မမှန်မကန်စွပ်စွဲရေးသားပြီး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗဟန်းမြို့နယ်မှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးထွန်းမြင့်နဲ့ တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်တို့ကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။
2015-11-26
ကချင်ပြည်နယ် ဖားကန့်မြို့ ဆွတ်အောင်ကျေးရွာအနီးက ကျောက်စိမ်းတူးဖော်တဲ့နေရာက မြေစာပုံ ပြိုကျခဲ့လို့ ရှာဖွေနေရာမှာ ဒီကနေ့ထူးခြားမှုမရှိတော့တဲ့အတွက် ရှာဖွေမှုတွေ ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။
2015-11-25
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက လုံးခင်းကျောက်စိမ်းတူးဖော်တဲ့နေရာမှာ ဒီကနေ့အထိ မြေစာပုံပြိုကျ လို့ သေဆုံးသူ ၁၁၄ ဦးရှိပြီလို့ သိရပါတယ်။
2015-11-25
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီမိုကရေစီနည်းကျ လူထုက မဲပေးခဲ့တာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲရလဒ် ကို ကျေကျေနပ်နပ် လက်ခံကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးကို အဓိကထားပြီးလုပ်ဆောင်မယ် လို့ မျှော်လင့်ကြောင်း RFA ကို ပြောကြားလိုက်ပါတယ်။
2015-11-25
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့ နင်းထားတဲ့ပုံကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ဆက်သွယ်ရေးပုဒ်မနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးပက်ထရစ် ခွန်ဂျာလီဟာ ကျန်းမာရေးဆိုးဝါးနေတာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ မမေစပယ်ဖြူကို မသင်းသီရိက ဆက်သွယ်မေးမြန်း ထားပါတယ်။
2015-11-24
လက်ငင်းသုံးနိုင်တဲ့ သယံဇာတ၊ နေ့စဉ်မသုံးပေမဲ့ တန်ဖိုးထားတဲ့ သယံဇာတ၊ ပြန်လည်အစားထိုးလို့ မရတဲ့ သဘာဝသယံဇာတစတွေကို ဘယ်လိုထုတ်ယူသင့်ပြီး မလေလွင့်ရအောင် ဘယ်လိုမူဝါဒတွေ ချမှတ်သင့်သလဲဆိုတာ စီးပွားရေးသုတေသီ ဦးစိန်ဌေးကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2015-11-24
ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက်မှာ မနေ့ညက ယမ်းပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် ဒေသခံ ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
2015-11-24
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့မှာ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၆ ဦး ပါဝင်ခွင့်ရထားပါတယ်။