သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-30
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ဒီနေ့တွေ့ဆုံရာမှာ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို အပြီး သတ်ဆွေးနွေးနိုင်ခဲ့ပါတယ်။
2015-03-30
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီနေ့ ပြန်လည်စတင်တဲ့ ဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးနိုင်ဖို့ အချက်တွေကို သဘောတူညီမှု ရရှိခဲ့ပါတယ်။
2015-03-30
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ပြင်ငူကျေးရွာအုပ်စုမှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရ တပ်မတော်တို့ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
2015-03-30
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပတဲ့ ၃ ရက်ကြာ ပြည်သူ့ဖိုရမ်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ လယ်ယာမြေပြဿနာအရေး၊ ပညာရေးလွတ်လပ်ခွင့်နဲ့ ကျောင်းသားအခွင့်အရေး စတဲ့အကြောင်းအရာတွေကို ဆွေးနွေးနေကြပါတယ်။
2015-03-30
လက်ပံတန်းမှာ သပိတ်စစ်ကြောင်းကျောင်းသားတွေ ကို အကြမ်းဖက်ဖမ်းဆီးမူနဲ့ပတ်သက်ပြီး မတ်လ ၂၇ ရက်နေ့က မြန်မာပြည်အရပ်ရပ်မှာ ဆန္ဒပြပွဲတွေ ပြု လုပ်ခဲ့ကြပြီး ဆန္ဒပြသူတွေကိုလည်း အာဏာပိုင်တွေ က ဖမ်းဆီးခဲ့ပါတယ်။
2015-03-28
တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားများပါတီ NBF အဖွဲ့ဝင်တွေ က ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင် ညှိနှိုင်းဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့မှာ မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ ဆွေးနွေးခဲ့ကြ ပါတယ်။
2015-03-26
မြန်မာပို့စ်ဂျာနယ်မှာ "ပညာရေးစနစ် နိမ့်ပါး မှုကြောင့် တပ်မတော်သားတွေ လွှတ်တော်မှာ ပါဝင်နေကြ" ဆိုတဲ့ သတင်းကို ပုံနှိပ်ဖော်ပြခဲ့တဲ့ အတွက် အယ်ဒီတာချုပ်နဲ့ ဒုတိယ သတင်းထောက်ချုပ်တို့ကို ပုဒ်မ ၅ဝဝ အသရေ ဖျက်မှုနဲ့ မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။
2015-03-26
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက မြို့နယ်တချို့မှာ မိုးသီးကြွေတာများခဲ့ပါတယ်။
2015-03-26
အဖမ်းခံထားရတဲ့ သပိတ်မှောက်ကျောင်းသားတွေ အတွက် ဥပဒေကြောင်းအရ ကူညီပေးမယ့် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါပြီ။
2015-03-24
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ဘဏ်တွေကို KIA ကချင်အဖွဲ့က တွေ့ဆုံဆွေးနွေးချင်တဲ့ အတွက် မေလ ၃ဝ ရက်နေ့မတိုင်ခင် ဆက်သွယ် ကြဖို့ အကြောင်းကြားစာတွေပေးပို့ခဲ့တယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။
2015-03-24
ဒီလအတွင်းဖြစ်ပွားခဲ့တဲ့ အလုပ်သမားနဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ လက်ပံတန်းမြို့က ကျောင်းသားသပိတ်ဖြို ခွဲမှုတွေမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေကို လက်ပတ်နီပတ် အရပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2015-03-23
လက်ရှိဖမ်းဆီးခံထောင်ကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ လက်ပံတန်း အကြမ်းဖက် ဖြိုခွဲမှုမှာ ထပ်မံဖမ်းဆီးခံလိုက်ရသူတွေ လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ FPPS တို့ ပူးပေါင်းပြီး ဓါတ်ပုံကမ်ပိန်းတွေ၊ လက်ဝါးကမ်ပိန်းတွေ ပြုလုပ်ကြ မှာဖြစ်ပါတယ်။
2015-03-23
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီ ၂၂ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။
2015-03-22
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရဲ့ ၆ ရက်မြောက်နေ့ ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ထဲက ဆွေးနွေး ဖို့ကျန်နေတဲ့ အချက်တချို့ကို ဒီလ ၃ဝ ရက်နေ့ မှာ ပြန်လည်ဆွေးနွေးဖို့ နှစ်ဘက်ခေါင်းဆောင်တွေ အကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။
2015-03-22
မြန်မာနိုင်ငံကို နယ်စပ်လမ်းကြောင်းတွေကတဆင့် အစ္စလာမ်မစ် နိုင်ငံတော်ထူထောင်ရေးအဖွဲ့ (IS)က ဖောက်ခွဲရေးသမားတွေ ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေရရှိထားတာကြောင့် ဒီလ ၁၁ ရက်နေ့ကနေ ဧပြီ ၇ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးမှာ အရေးကြီးကာလအဖြစ် ကြေညာထားပါတယ်။