သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-27
မန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၁၁ နာရီအထိ ကျဆုံးသူ နှစ်ယောက် ရှိသွားပါပြီ။
2021-03-27
မန္တလေးမှာ ဒီနေ့နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ယောကျ်ားလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့ပါတယ်။
2021-03-27
မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဒီနေ့မနက်က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဦးခေါင်းကျည်ထိမှန်သူ တစ်ဦး ပွဲချင်းသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ခြောက်ဦး ကျည်ထိမှန်ခဲ့ပြီး သုံးဦးထက်မနည်း အဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-26
ပဲခူးမြို့မှာ မတ်လ ၂၆ ရက်နေ့ညက မြင်ကွင်းတွေဖြစ်ပါတယ်။ ညအချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဆန္ဒပြပြည်သူတွေကြား အခြေအနေတင်းမာနေတာပါ။
2021-03-26
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ထဲမှာ ရပ်ကွက်လုံခြုံရေးအတွက် ဒေသခံတွေ တပ်ဆင်ထားတဲ့ လမ်းတံခါးတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံ ဖျက်ဆီးနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
2021-03-26
မတ်လ ၂၅ ရက် စစ်ကိုင်းတိုင်း ခင်ဦးမြို့က ဆန္ဒပြပွဲမှာ ကျည်ထိမှန်သေဆုံးသူ ကိုတိုးဇော်အောင်နဲ့ ကိုဇော်ဝင်းမောင်တို့ နှစ်ဦးကို ဒီကနေ့ မတ်လ ၂၆ ရက်နေ့ ခင်ဦးမြို့ ကံသစ်ရွာမှာ မွန်းလွဲ ၁ နာရီက ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။
2021-03-25
၂၀၁၂ ခုနှစ်က တရုတ်ကြေးနီစီမံကိန်းကြောင့် လယ်မြေအများဆုံး အသိမ်းခံရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက ကျေးရွာ သုံးရွာ စုပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ကျေးရွာအတွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
2021-03-25
မန္တလေးမြို့ စက်မှုဇုန်သပိတ်နဲ့ ပညာရေးသပိတ် စုပေါင်းပြီး စက်မှုဇုန်ရပ်ကွက်မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြတာပါ။ အမြို့မြို့အနယ်နယ်မှာ ဖြိုခွင်းမှုတွေများနေပေမယ့် နေစဉ်မပြတ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
2021-03-25
ဒီနေ့နေ့လယ်က တောင်ကြီးမြို့ မြို့မရပ်ကွက်မှာ စစ်ကောင်စီတပ်က လမ်းမပေါ်မှာ ဖမ်းဆီးထားသူတွေကို ရိုက်နှက်နေတာဖြစ်ပါတယ်။ လူသုံးဦးကို ဖမ်းဆီးသွားတာ တွေ့ရပါတယ်။
2021-03-25
တောင်ကြီးမြို့ မြို့မရပ်ကွက်က တူးမြောင်းလမ်းကို ဒီနေ့မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး နေအိမ်ပြတင်းပေါက်တွေကို လေးခွနဲ့ပစ်ကာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတာဖြစ်ပါတယ်။
2021-03-23
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသစ္စာလူမှုကူညီရေးအသင်းက ကိုဇော်လင်းထိုက် (၃၂ နှစ်)ဟာ စစ်တပ်နဲ့ရဲရဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေအတွင်း ဒဏ်ရာရတဲ့သူတွေကို လိုက်လံကူညီနေရင်း မနေ့ကပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။
2021-03-23
ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေမှာ ဒီကနေ့ည စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
2021-03-23
စစ်အာဏာရှင်များ တားဆီးပိတ်ပင်ထားတဲ့ကြားက မန္တလေး စက်မှုဇုန်မှာ ဒေသခံများ စုပေါင်းပြီး နေ့စဉ်မပြတ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
2021-03-23
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းတွေမှာ ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေရှိနေတာကြောင့် လူငယ်တွေဟာ လမ်းကြားတွေမှာ အာဏာသိမ်းစစ်ကောင်စီကို အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပြပါတယ်။
2021-03-22
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဒီကနေ့ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ နေအိမ်တွေတော်တော်များများ မီးလောင်ဆုံးရှုံးခဲ့ပြီး ကျန်းမာရေးကုသပေးတဲ့ ဌာနတွေလည်း မီးထဲပါသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုအဖွဲ့က ပြောပါတယ်။