သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-04-12
ကေအိုင်အိုဌာနချုပ် လိုင်ဇာဒေသမှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းလောက်ရှိတဲ့အထဲက ဂျေယန် (Je Yang) ဒုက္ခသည်စခန်းမှာ ရှစ်ထောင်လောက် ခိုလှုံနေပါတယ်။
2022-04-11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လောက်ကစလို့ စစ်ကောင်စီက ရိက္ခာမထောက်ပံ့တော့တာကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
2022-04-06
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့က ဒုက္ခသည်စခန်းတစ်ခုမှာ ပြီးခဲ့တဲ့လက လာရောက်ခိုလှုံနေတဲ့ အသက် ၁၈ နှစ်အောက် ညီအစ်မနှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုဟာ လောလောဆယ် ယာယီခိုလှုံစရာနေရာလေးတစ်ခု ရှိနေပေမယ့် နေ့စဥ် စားဝတ်နေရေးကတော့ ခက်ခဲလှပါတယ်။
2022-04-01
ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ် တိုးချဲ့ (၁) ရပ်ကွက် ထားဝယ်ချောင် အမှိုက်ပုံဘေးလမ်းမှာ နေထိုင်တဲ့ ဦးအုန်းကျော်တို့ မိသားစုဟာ သူတို့နေအိမ် ဘယ်အချိန် အင်အားသုံး ဖယ်ရှားခံရမလဲဆိုတာတွေးရင်း နေ့စဉ် စိုးရိမ်သောကရောက်နေပါတယ်။
2022-03-30
ဒီနှစ်မှာတော့ ရွာတွေ မီးရှို့ခံခဲ့ရတဲ့အတွက် နေအိမ်နဲ့အတူ ကြက်သွန်သိုလှောင်တဲ့ ခြံတွေပါ မီးလောင်ပြာကျခဲ့ရတာပါ။
2022-03-30
ကွတ်ခိုင်မြို့က ဟေဗြုန် မူးယစ်ဆေးဖြတ်စခန်းရဲ့ အုတ်တိုက်တစ်ခုထဲမှာ မူးယစ်ဆေးစွဲ လူနာတစ်ယောက် လဲလျောင်းနေပါတယ်။ မူးယစ်ဆေးဝေဒနာကို အန်တုရင်း အပြင်က လူငယ်တွေ သီဆိုနေတဲ့ ဘာသာရေးသီချင်းကို နားစွင့်နေပုံရပါတယ်။
2022-03-29
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လူငယ်တွေကတော့ လမ်းမပေါ်ထွက် ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေကို ရတဲ့နည်းနဲ့ ဆက်လုပ်နေကြဆဲ ဖြစ်ပါတယ်။
2022-03-29
အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ ကိုစိုးလင်းနိုင်ဟာ တောထဲသစ်ခုတ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက် ဆုံးရှုံးခဲ့ရတာပါ။
2022-03-24
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသတွင်းက CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဆရာမတွေ ပူးပေါင်းစီစဉ်ပြီး ရွာပေါင်း ၂၀ ကျော်မှာ စာသင်ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်ခဲ့ပါတယ်။
2022-03-23
ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ အသက် ၈၃ နှစ်အရွယ် ပတ္တလားပညာရှင် ဦးကျော်မြင့်ဟာ သူ တစ်သက်လုံး တန်ဖိုးထားလာတဲ့ ပတ္တလားတူရိယာတွေရဲ့ အခန်းကဏ္ဍ မှေးမှိန်လာနေတာကို စိတ်မကောင်း ဖြစ်နေပါတယ်။
2022-03-20
ခင်ဦးမြို့နယ်အတွင်း ဒါန်းကုန်းရွာမှာ အိမ် ၄၃ လုံး၊ မှန်တော ၃၈ လုံး၊ ကျွန်းလည်မှာ ၂ လုံး၊ သက်ပေမှာ ၁၃ လုံး၊ တမုတ်ရွာမှာ ၉၃ အိမ်၊ ကုလားလူးမှာ ၇၅ အိမ်နဲ့ ရှားလွင်ရွာမှာ ၆၃ အိမ် မီးရှို့ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
2022-03-20
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် မြန်မာနိုင်ငံကို ဦးတည်နေပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းက လပွတ္တာ၊ ငပုတော၊ ပုသိမ်၊ ပြင်စလူ၊ ဟင်္သာတ၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေးမြို့တွေကို မုန်တိုင်းသက်ရောက်မှုများနိုင်လို့ သတိထားရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထားပါတယ်။
2022-03-18
နေရပ်မပြန်နိုင်တဲ့သူတွေထဲ ချင်းပြည်နယ် ပလက်ဝမြို့နယ် တမန်းသားရွာကနေ စစ်တွေမြို့ကို ထွက်ပြေးခိုလှုံခဲ့တဲ့ ဒေါ်မဝိုင်းတို့ ဇနီးမောင်နှံလည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးဟာ ဝိဘဇ္ဇ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
2022-03-16
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ဦးနှောက်ကျေးရွာအုပ်စုက သပြေအေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ခဲ့ပါတယ်။ ရွာလုံးကျွတ်နီးပါး မီးလောင်သွားတဲ့အပြင် စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေပါ ဖျက်ဆီးခံခဲ့ရပါတယ်။ အခုအချိန်ထိ ရွာကိုမပြန်ရဲသေးဘဲ အနီးအနား ယာတောတွေထဲမှာ ပုန်းအောင်းနေကြရတဲ့ သပြေအေးရွာသားတွေ ကြုံတွေ့ခံစားနေရတာကို မခင်မိုးညိုက တင်ပြထားပါတယ်။
2022-03-16
အခုလို သဲပုံ စေတီတည်အားဖြင့် ဒေသမှာ သဘာဝဘေးအန္တရာယ်တွေကင်းမယ်၊ ရာသီဥတုကောင်းမယ်၊ စပါးဆန်ပေါများမယ်လို့လည်း ဒေသခံတွေက ယုံကြည်ကြတာဖြစ်ပါတယ်။