၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ တနင်္သာရီတိုင်း ဟောပြောပွဲ လူထုထောင်ချီ တက်ရောက်
2012.11.23

ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုကိုကြီး၊ ကိုဌေးကွယ်၊ ကိုပြုံးချို ကိုမင်းဇေယျအစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ သူတို့ရဲ့ ဒုတိယနေ့ ခရီးစဉ်အတွင်း လူထုဆွေးနွေးပွဲကို တနင်္သာရီတိုင်း မြိတ်မြို့က ဦးစောဂျက်ခန်းမမှာ ဒီကနေ့ နေ့လည် (၁)နာရီက ကျင်းပခဲ့တာပါ။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာကလည်း ပြည်သူတွေစိုးမိုးတဲ့ နိုင်ငံရေးစနစ်ဆီကို ရောက်အောင်သွားရမယ်လို့ ပြောခဲ့ပါတယ်။
ဦးမင်းကိုနိုင်က ပွင့်လင်းလူ့အဖွဲ့အစည်းအကြောင်း ပြောကြားပြီး၊ ဦးဌေးကြွယ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဒေါ်မီးမီးက အမျိုးသမီးအခွင့်အရေးကို အဓိကထား ဟောပြောခဲ့ကြပါတယ်။
ဒေသခံတွေဖက်ကလည်း သဘာ၀ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုဖြစ်စေနိုင်တဲ့ ကျောက်မီးသွေးစက်ရုံကိစ္စ၊ ငါးမှုန့်စက်ရုံ ကိစ္စတွေအပြင် နိုင်ငံသား အခွင့်အရေးဆိုင်ရာတွေကို ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။