ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ သုံးဦးအမှု စတင်စစ်ဆေး


2020.08.24
three-karean-leaders-622.jpg ကရင်လူငယ် စသိန်းဇော်မင်း၊ စောစာကွာလာ နဲ့ ဒေါ်စိန်ထွေးတို့ကို ၂၀၂၀ သြဂုတ် ၂၄ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှာ တွေ့ရစဉ်
Photo: Nay Myo Htun / RFA

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့လယ်မှာ မကြာသေးခင်ရက်ပိုင်းက ဦးဆောင် ကျင်းပခဲ့အပြီး အမှုဖွင့်ခံထားရတဲ့ ကရင်လူငယ် စသိန်းဇော်မင်းနဲ့ စောစာကွာလာတို့ကို ဒီကနေ့ ကျောက်တံတား မြို့နယ်တရားရုံးမှာ ပထမကြိမ် ရုံးချိန်းခေါ်ယူခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးသက်က တရားလိုပြုလုပ်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့က ဒေါ်စိန်ထွေးလည်း သူတို့နဲ့အတူ စွဲဆိုခံရကြောင်း စသိန်းဇော်မင်းက ပြောပါတယ်။

ဒေါ်စိန်ထွေးက အမှုနှစ်ခု တပြိုင်နက် ရင်ဆိုင်နေရတာပါ။ ဒုတိယအမှုကတော့ ပြီးခဲ့တဲ့နှစ် ကရင်အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့တာနဲ့ ဆက်စပ်နေပါတယ်။

ဒေါ်စိန်ထွေးကလည်း အာမခံမယူဘဲ ထောင်ထဲကနေပဲ အမှုရင်ဆိုင်နေပါတယ်။   စသိန်းဇော်မင်းနဲ့ စောစာကွာလာတို့လည်း အာမခံမယူဘဲ အမှုရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

တရားရုံးက သူတို့သုံးဦးကို ကြာသပတေးနေ့မှာ ထပ်မံစစ်ဆေးမှာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။